Tuesday, December 27, 2011

အပုန်းကောင်းသော Virus တွေကို လွယ်ကူစွာ ရှာနည်း ၊ ရှင်းနည်း

   MP 3 , MP 4 , Memory Stick စသည့် Pendrive တွေကို အသုံးပြုသူတွေဟာ မိမိတို့ရဲ့ Pendrive အတွင်းမှာ Virus ရှိ မရှိ ဆိုတာ တစ်ခါ တစ်လေမှာ ဒီအတိုင်းမမြင်နိုင်ပါဘူး ။ Virus Program တွေဟာ Hidden file တွေဖြစ်တဲ့အတွက် အသုံးပြုသူမမြင်နိုင်အောင်
တမင်တကာဖျောက်ပြီး ရေးသားထားတာဖြစ်ပါတယ် ။ တစ်ချို. Pendrive တွေမှာဆိုရင် File တွေကို Copy ကူးလို့မရ ၊ Paste လုပ်လို့မရတဲ့
အပြင် Drive ကို format လုပ်မယ်ဆိုရင်လည်း လုပ်လို့မရတဲ့အခါတွေ ရှိတတ်ပါတယ် ။ ဒါဆိုရင် မိမိရဲ့ Drive ထဲမှာ Virus တွေရှိနေလားဆိုတာကို သေချာစစ်ဆေးရမှာ ဖြစ်ပါတယ် ။ Virus ရှိ မရှိကြည့်ဖို.အတွက် မိမိရဲ့ ကွန်ပျူတာမြင်ကွင်းပေါ်မှာရှိတဲ့ My Computer ကို
ဖွင့်လိုက်ပါ ။
        My Computer ကျလာပြီဆိုလျှင် Bar အပေါ်ဆုံးမှာရှိတဲ့ Tool ကိုနှိပ်ပြီး
ပေါ်လာတဲ့စာကြောင်းထဲက  Folder Option ကို ရွေးပါ ။
        အဲဒီအခါ  Folder Operation box ကျလာပါလိမ့်မယ် ။ အဲဒီ box ထဲကမှ
View ကိုပထမဦးစွာ နှိပ်ပါ ။ ပြီးလျှင်  Advanced Settings : များထဲမှ
Show Hidden  files and folders ဘေးမှာ ရှိတဲ့ circle ထဲကို  click ပြီး
အမှတ်အသားပေးခဲ့ပါ ။ နောက်တစ်ဆင့်အနေနဲ့ကတော့ ခုန ShowံHidden အောက် မှာ ရှိတဲ့ Hide protected operating system files
( Recommended ) ၏ ဘေး မှ tick ( အမှန်ခြစ် ) အမှတ်သားလေးအားဖြုတ်ပါ ။
နောက် Apply နှိပ် ၊ OK ပေးလိုက်ပါ ။
          ပြီးမှ မိမိရဲ့ Pendrive ကို ကွန်ပျူတာရဲ့ USB Port မှာထိုးပါ ။
Auto Run Box ပေါ်လာရင် Cancel နှိပ်ပြီး ပိတ်ပစ်လိုက်ပါ ။ မိမိ Pendrive ကို
Auto Run မှ တဆင့် ဖွင့်လိုက်မယ်ဆိုရင် Virus Program ဟာချက်ချင်း Run သွားနိုင်ပါတယ် ။
          ပြီးရင် My Computer ဖွင့်ထားတဲ့ဆီကို ပြန်သွားပါ ။မိမိရဲ့ Pendriveဟာ
My Computer ထဲမှာ ရှိ မရှိ ကြည့်ပါ ။
         My Computer ထဲမှာ Removable Disk ( E : ) ဖြစ်ဖြစ် ၊
Removable Disk ( F : ) ဖြစ်ဖြစ် သုံးသူက Mg Ba မို့လို့ Mg Ba ( G: ) ဆိုပြီး
ပေါ်လာရင်ဖြစ်ဖြစ် တစ်ခုခု Drive ပေါ်လာတာကိုတွေ.ရပါလိမ့်မယ် ။ မပေါ်သေးဘူး
ဆိုရင်တော့ လွတ်တဲ့နေရာမှာ right click ပေး Refresh လုပ်ပါ ။ မပေါ်မခြင်း လုပ်ပါ ။ ပေါ်လာပြီဆိုရင် ဒီအတိုင်းနှစ်ချိပ်နှိပ် မဖွင့်လိုက်ပါနဲ့ ။ ထိုသို့ ဖွင့်လိုက်ပါက
Virus Program ဟာ ချက်ချင်း Run သွားနိုင်ပါတယ် ။ ဘယ်လို ဖွင့်ရမလဲဆိုရင်
My Computer ရဲ့ Address Bar မှာ မိမိရဲ့ Drive Letter ကို ရိုက်ထည့်ပြီးဖွင့်ပါ ။
မိမိ Drive က E ဆိုရင် E : / လို့ရိုက်ထည့်ရမှာဖြစ်ပြီး ၊ F ဆိုရင် F:/ လို့ရိုက်ထည့်ရမှာ ဖြစ်ပါတယ် ။ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ရင် မိမိ
Pendrive ထဲမှာရှိနေတာတွေ အားလုံးကို မြင်တွေ.ရမှာ ဖြစ်ပါတယ် ။
         မိမိ Drive ကို ဖွင့်လိုက်လို့  Hidden ( မှိန်နေတဲ့ ) file / folder တွေကို
သတိထားပါ ။ အထူးသဖြင့် Virus file တွေဖြစ်ဖို့ များပါတယ် ။ မိမိက Address Bar မှတစ်ဆင့် ဖွင့်ထားတာ ဖြစ်တဲ့အတွက် ဒီ Program တွေဟာ အလုပ်မလုပ်သေးပါဘူး ။ မိမိအနေနဲ့ folder ပေါ်မှာ right click နှိပ်ပြီး Deleteနဲ့ ဖြတ်ထုတ်ပစ်နိုင်ပါတယ် ။ ဒါဆိုရင် မိမိရဲ့ Drive ထဲမှာ Virus ရှင်းသွားမှာ ဖြစ်ပါတယ် ။
           တချို. Cyber Cafe တွေ ၊ Net Shop တွေမှာ အသုံးပြုတဲ့ သူငယ်ချင်း
တွေကတော့ မိမိရဲ့ Drive ကို အိမ်သယ်မသွားမီ ခု ကျွန်တော်ပြောပြသလို
ပုံစံမျိုးနဲ့ စစ်ဆေးသင့်တယ်လို့ထင်ပါတယ် ။ အဲလိုမှ မဟုတ်ရင်တော့
မိမိအိမ်က ကွန်ပျူတာမှာ Virus နဲ့ ပတ်သတ်တဲ့ ပြဿနာ ၀င်သွားပြီဆိုရင်
ဖြေရှင်းရခက်ပါလိမ့်မယ် ။
          ခုပြောမှာကတော့သိပြီးသားဖြစ်မဲ့နည်းလေးပါ ။ အမှုမဲ့ အမှတ်မဲ့ဖြစ်နေမှာ
စိုးလို့ ပြန်ပြောလိုက်ပါတယ်ခင်ဗျ ။ မိမိရဲ့ Drive ကို ကွန်ပျူတာရဲ့ USP Port မှ
ဖြုတ်မယ်ဆိုရင် ဒီတိုင်းဆွဲမဖြုတ်ပစ်လိုက်ပါနဲ့ ။ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာရဲ့
ညာဘက်အောက်ခြေ Task Bar မှာရှိတဲ့ Drive ပုံလေးကို တစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ Safely remove USB Mass Storage - Drive (E:/)
စာကြောင်းကို နှိပ်ပြီး Stop လုပ်လိုက်ပါ ။
           ပြီးရင် အဲဒီစာကြောင်းကို ပြန်နှိပ်ကြည့်ပါဦး ။ Drive ပုံစံလေး ပျောက်သွားပြီဆိုမှ မိမိရဲ့  Drive ကိုဖြုတ်လိုက်ပါ ။ ဒါဆိုရင်
Pendrive နဲ့ပတ်သတ်လို့ Virus ပြဿနာ ကင်းသွားမှာ ဖြစ်ပါတယ် ။
ပုန်းချင်သလောက်ပုန်းရှာပြီး ၊ ရှင်းထုတ်နိုင်သွားမှာ ဖြစ်ပါတယ် ။
.................................................
ညီအစ်ကို မောင်နှမများအားလုံး Drive ပြဿနာကင်းရှင်းကြပါစေ ..။

Posted by White Devil

No comments: