Wednesday, December 28, 2011

☆¸.•°*”စာမဖတ်သူအကန်းနဲ့တူ˜˜”*°•. ☆

စာမဖတ်သူအကန်းနဲ့တူ
ဒီနေ့ကမျက်မမြင်ကောင်လေးတစ်ယောက် ကျောင်းစတက်တဲ့နေ့ပါ။ စာသင်ခန်းထဲမှာသူ့ကိုတခြားကျောင်းသားတွေက မြင်တော့
တအံ့တသြနဲ့ဆရာမကို “ သူမှမျက်စိမမြင်ရတာ စာဘယ်လိုသင်ယူမှာလဲ “ လို့မေးကြတယ်။” စာမဖတ်တဲ့သူသာ အကန်း ဖြစ်တယ်၊ ငါတို့ကျောင်းသားသစ်လေးက သူ့လက်နဲ့စာဖတ်လို့ရတယ်၊ သူ့မှာလက်နဲ့စမ်းပြီးဖတ်လို့ရအောင် စာလုံးတွေနဲ့အထူးပြုလုပ်ထားတဲ့ စာအုပ်တွေရှိတယ် “ လို့ဆရာမက ရှင်းပြတယ်။
အစပိုင်းမှာတော့ အတန်းဖော်တွေက သူ့ကိုစကြနောက်ကြပြောင်ကြတယ်။ ဒါပေမဲ့သူက ဘာမှပြန်မတုံ့ပြန်ဘူး။ သူကဆရာမ သင်ပြတာကို တစ်ခါကြားရုံနဲ့ အလုံးစုံကိုမှတ်မိတယ်။ မကြာခင်မှာ အတန်းဖော်တွေက သူတို့အိမ်စာတွေကို ကူညီဖြေရှင်းပေးဖို့ အစပြုပြီးမေးလာကြတယ်။ မျက်မမြင်ကောင်လေးဟာ သူ့ရဲ့အားလက်ချိန်တွေကို စာဖတ်ခြင်းနဲ့အချိန်ကုန်လွန်စေတယ်။ ဆရာမ ကလဲ မျက်မမြင်ဖတ်တဲ့စာတွေ များနိုင်သလောက်များများ ရေးပေးတယ်။ တခါတရံအသံထွက်ပြီးဖတ်ပြပေးတယ်။ ပြီးတော့အတူ တကွစာအကြောင်းဆွေးနွေးကြတယ်။
တစ်နေ့ အတန်းထဲမှာ ဆရာမစာသင်နေရင်းနဲ့ နှလုံးထဲကနာကြင်တဲ့ဝေဒနာ ခံစားရပြီး သူ့ရဲ့ထိုင်ခုံပေါ်ကို ထိုင်ရက်သားဖြေးဖြေး လေးလဲကျသွားတယ်။ နာကြင်မှုကပျောက်မသွားဘူး၊ ဒါပေမဲ့ ဆရာမက ကြိတ်မှိတ်ခံစားရင်း အတန်းချိန်ပြီးဆုံးတဲ့အထိ နေသွား တယ်။ ဒါကိုဘယ်သူမှ ဂရုမပြုမိကြဘူး။ ရုတ်တရက် မျက်မမြင်ကောင်လေးက ထပြီးငိုတယ်။ “ ငါတို့ရဲ့ဆရာမကောင်းကောင်း နေမကောင်းဘူး၊ ငါတို့ဆရာဝန်ချက်ခြင်းခေါ်မှဖြစ်မယ် “ လို့ပြောလိုက်တယ်။
ကျောင်းသားတွေဟာ သူတို့ရဲ့ထိုင်ခုံတွေပေါ်မှာတက်ပြီး မတ်တပ်ရပ်နေကြတယ်။ ဆရာဝန်ရောက်လာပြီး ဆရာမကိုလူနာတင်စင် ပေါ်တင်ပြီး ဆေးရုံကိုခေါ်သွားတယ်။ “ မင်းကဆရာမနေမကောင်းဘူးလို့ ဘယ်လိုလုပ်သိတာလဲ “ လို့ကလေးတွေက မျက်စိမမြင် တဲ့ကောင်လေးကို တအံ့တသြ မေးကြတယ်။ “ ဆရာမအသံတွေတုံနေတယ်၊ စာသင်နေရင်းနဲ့ စာပိုဒ်အလယ်မှာရပ်သွားပြီး ဆက်မတက်တော့ ငါသိလိုက်တာပေါ့ “ ဒါနဲ့တစ်ယောက်က “ ဒါဆို မင်းမြင်ရတာပေါ့ “ လို့မေးလိုက်တယ်။ “ ငါမမြင်ရပါဘူးကွာ၊ ဒါပေမဲ့ တွေးတောခံစားလို့ရတယ်၊ “ “ မင်းမမြင်ရပဲဘယ်လိုလုပ် ခံစားရတာလဲ “ “ စာအုပ်တွေက ခံစားနိုင်အောင် သင်ပေးခဲ့တာ ပေါ့ “ လို့မျက်မမြင်ကောင်လေးက ရှင်းပြတယ်။ “ မင်းတို့ဆရာမပြောပြတာ မှတ်မိလား၊ စာများများဖတ်တဲ့သူဟာ စဉ်းစားတွေး ခေါ်မြှော်မြင်ဥာဏ်ကြီးမားတယ် သူတစ်ပါးကိုခံစားနားလည်ပေးနိုင်တယ၊် ပညာရှိဖြစ်တယ်၊ ပညာရှိတွေးကြည့် ပြေးကြည့်တာ ထက်မှန်တယ် တဲ့၊ ဒါကြောင့်စာများများဖတ်ကြဖို့တိုက်တွန်းခဲ့တာ၊ စာမဖတ်ရင်သာအကန်းနဲ့တူတာ “ လို့ပြောလိုက်တယ်။
What do books teach us by A.Lopatina & M. skrebtsova ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။
  Kyaw Aye Myint ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
(¯`v´¯)♥
                  .......•.¸.•´
                  ....¸.•´
                    ... (
                     ☻/
                     /▌♥♥
                     / \ ♥♥
                   မိုးငယ်အောင်

No comments: