Friday, January 13, 2012

“သွေးတိုးရောဂါ တားဆီး ဆင်ခြင်နည်း ”--


သွေးတိုးရောဂါက ကမ္ဘာမှာ အဖြစ်အများဆုံး ရောဂါ ဖြစ်ရုံ မကဘဲ အသက် အန္တရာယ်ပါ စိုးရိမ်ရတဲ့ ရောဂါဖြစ် ပါတယ်။ မြန်မာ တွေကတော့ သွေးတိုး ရောဂါကို သူဌေးရောဂါ လို့ လဲ ဆိုကြပါတယ်။ ငွေကြေး တတ်နိုင်သူတွေ အများစုက အဆီ အအိမ့်တွေ၊ အစားအသောက် ကောင်း စားနိုင်ကြလို့ ၊ အဲလိုလူတွေမှာ ဖြစ်လေ့ ဖြစ်ထရှိလို့ သူဌေးရောဂါလို့ အမည်ပေး ထားကြတာပါ။ သွေးတိုး ရောဂါ ဖြစ်ရတဲ့ အထဲမှာ အငံဓါတ်ကို များများစား တာ လည်း ပါ-ပါတယ်။ သွေးတိုး ရောဂါ လက္ခဏာ ကတော့ ခေါင်းမူးလာ တတ်ပါတယ်။ မအီမသာ ဖြစ်တတ်ပါတယ်။

တချို့ ဆိုရင် မိုက်ခနဲ မိုက်ခနဲ မူးတတ်ပါတယ်။ တချို့ ကြရင်တော့ အော့ချင်သလို အန်ချင်သလို ဖြစ်လာတယ်။ နှလုံးတုန်တာတို့ ရင်ခုန်တာတို့ လဲ ဖြစ်လာတတ်ကြပါတယ်။
ဆရာဝန်တွေက သွေးချိန်ပြီး စစ်ကြတာ များပါတယ်။ တချို့က ခေါင်းမူးလို့ သွေးတိုးရောဂါ ထင်ပြီး သွေးချိန် ပေ မယ့် သွေးတိုးရောဂါ မရှိတတ်ကြပါဘူး။ အသက် ၄၀ ကျော်ပြီဆိုရင်တော့ မှန်မှန် သွေးတိုင်းကြည့်စေ ချင်ပါ တယ်။ တချို့ ကြတော့လဲ ဘာလက္ခဏာမှ မပြဘဲ သွေးတိုးနေတာ ရှိတတ်ပါတယ်။
သွေးကိုချိန်ကြည့်တော့မှဘဲ သွေးတက်နေတယ်ဆိုတာ သိရပါတယ်။ မှန်မှန်သွေးချိန်တာကတော့ အကောင်းဆုံး ပါဘဲ။ ဘာမှ မဖြစ်ဖူး ဆိုတဲ့ သူဆိုရင်တလ တကြိမ် လောက်တော့ သွေးချိန် စစ်ဆေးသင့်ပါတယ်။ သွေးတိုးနည်းနည်း ရှိတယ်ဆိုရင်တော့ တပတ် တကြိမ်လောက် စစ်ဆေး သင့်ပါတယ်။
သွေးကျဆေး စားနေပြီ။ ကိုလက်စထရော ကျတဲ့ ဆေးတွေ စားနေပြီ -ဆရာဝန်ကလည်း သွေးတိုးရှိနေပြီလို့ သတ်မှတ်ပြော လာပြီဆိုရင်တော့ သွေးချိန်တဲ့ စက်ကလေး ၀ယ်ထားပြီး နေ့ တိုင်း ချိန်ကြည့်ရင်လည်း ကောင်းပါတယ်။ သွေးတိုးရောဂါကို မဆင်ခြင်ရင် နှလုံးရောဂါ ပါ ဖြစ်တတ်ပါတယ်။

ကိုယ်တစ်ခြမ်းသေသွားတာတို့ ၊ပါးတစ်ခြမ်း ရွဲ့ သွား တာတို့ ၊ကျောက်ကပ်ကို ထိခိုက်သွား တာတို့ ၊ သွေးတိုး ရောဂါ ကနေ ဖြစ်တတ်တာမို့ ဆင်ခြင်နိုင်တာ အကောင်းဆုံးပါပဲ။ သွေးတိုးဖြစ်ရတာက အငံစား များတာနဲ့ ချည်းပြောလို့ မဖြစ်သေး ပါဘူး၊ အသက် ၄၀ ကျော်ပြီဆိုရင် သွေးတိုးကို စစ်ဆေး ပေးလို့ ရပါပြီ။ တချို့က မျိုးရိုးဗီဇနဲ့ လည်း ဆိုင်တတ်ပါတယ်။ အဖေသွေးတိုး။ အမေသွေးတိုး ရှိခဲ့ရင် သား၊ သမီးတွေမှာ ဆက်ပြီး ဖြစ်တတ်လို့ပါ။ စိတ်ဖိစီးမှု သိပ်များတတ်တဲ့ နိုင်ငံရေးသမားတို့၊ အလုပ်သိပ်လုပ်တဲ့ သူတွေမှာ၊ စိတ်ရှုပ်တတ်တဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အများဆုံး ဖြစ်လေ့ ဖြစ်ထရှိတာကတော့ အစား အသောက်ရယ်။ဆေးလိပ် သောက်တာ ၊အရက်သေစာ သောက်စားတာ ၊အဆီ အအိမ့်၊ တရိစ္ဆာန် အဆီ၊ အထူးသဖြင်-့ ၀က်သားတို့ ၊စားအုန်းဆီ၊ တို့ကို ဆင်ခြင် ရပါမယ်။

စိတ်ဖိစီးမှုကြောင့် ၊ အစားအသောက် မဆင်ခြင်မှုကြောင့် ဖြစ်စေ တခုခုနဲ့ တခု ဆက်စပ်နေကြပါတယ်။
အစားအသောက် ဆင်ခြင်ပြီး တရားထိုင်ခြင်း၊ စိတ်အနားယူခြင်း၊ လမ်းလျှောက်တာ၊ရေကူးတာ ၊ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရင် သွေးတိုးရောဂါ သက်သာ ကျဆင်း စေပါတယ်။ အုန်းနို့စားပြီးရင်အော့အန်တာ ရှိတတ်ပါတယ်။ ရိုးရိုး အော့အန်တာလား သွေးတိုးကြောင့်လားဆိုတာ သွေးချိန် စစ်ဆေး သင့်ပါတယ်။
အစားအသောက် မှားစေနိုင်တဲ့ မီးဖိုချောင်မှ ပေးတဲ့ ရောဂါတွေကို ဆင်ခြင်မှုနဲ့ တားဆီးနိုင် ကြပါတယ်။ အဆီဓါတ် အများပါတဲ့ ၀က်သား၊ဆိတ်သား၊ အမဲသား စတဲ့ သားကြီး ငါးကြီးတွေ လျှော့ပြီး ငါး၊ ဟင်းသီးဟင်း ရွက် များများ စားပေးရင်ဖြင့် သွေးတိုးရောဂါ အပြင် နှလုံးရောဂါ-ပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းနွယ်(အ၈င်္လန်)
ဗွီအိုအေ သတင်းဌာန ကျန်းမာရေး ဟောပြောချက်များမှ
မြန်မာတို့ ကျန်းမာခြင်းသုခ ပိုင်ရရှိကြပါစေ။

မျှဝေ။ ။

No comments: