Sunday, January 29, 2012

ယနေ့ ဈေးကွက်ထဲက စာတစ်အုပ်





၁၉၈၆ ခုနှစ်က နိုဘဲလ်ငြိမ်း ချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရသော စာရေးဆရာ ပါမောက္ခ အယ်လီဝီ ဆယ်လ်၏ ကိုယ့်တွေ့ဖြစ်ရပ်ဆိုးကို ပထမဂျူးဘာသာဖြင့် 'ကမ္ဘာကြီးက ငြိမ်သက်နေဆဲ' ဟု ရေးသားခဲ့ပြီး နောင်နှစ်နှစ်အကြာ အင်္ဂလိပ်ဘာသာ ဖြင့် 'ည Night 'ဟု ဘာသာပြန် ထားသည်ကို မြန်မာဘာသာ ပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ မူလစာရေးသူသည် ဟန်ဂေရီ ပြည်ဖွားဂျူးဖြစ်ပြီး ယခင်ဟန်ဂေရီ၊ ယခု ရူးမေးနီးယားပိုင် ဆစ်ဂက်မြို့ ကလေးတွင် မွေးချင်းလေးဦးအနက် တစ်ဦးတည်းသော သားယောက်ျား လေးဖြစ်သည်။ ၁၉၄၄ခု အသက် ၁၅နှစ်တွင် ဆစ်ဂက်တစ်မြို့လုံးမှ ဂျူးများမှာ ဂျာမန်များ ပြုသမျှ နုရ သည့်ဘဝရောက်သွားခဲ့သည်။ ထိုသို့ မဖြစ်ခင် ၁၉၄၂ခုတွင် သူတို့မြို့ဝတ် ကျောင်းတစ်ခုနေ ဂျူးဖိုးသူတော် မို ရှေမှာ နိုင်ငံခြားသားဂျူးများ ဆစ် ဂတ်မှထွက်ရမည်ဆိုသော အမိန့်ဖြင့် မြို့ကခေါ်သွားခံရသည်။ တစ်နေ့ မို ရှေ့ပြန်ရောက်လာပြီး သူနှင့်အတူ ခေါ်သွားခံရသူများကို ပိုလန်သစ်တော ထဲမှာ တွင်းတူးခိုင်းပြီး ဂျာမန်ဂတ် စတာပိုများက သွေးအေးအေး ပစ် သတ်ပုံ၊ သူကံကောင်းစွာ လွတ်လာ ပုံတို့ကိုပြောပြပြီး ကျန်ရစ်သူတို့ကို သတိပေးလို၍ သူကြိုးစားပြီး ပြန် လာခြင်းဖြစ်ကြောင်း ပြောသော်ငြား ဘယ်သူကမှ မယုံကြည်ခဲ့ကြချေ။ ၁၉၄၄၌ ဟန်ဂေရီအစိုးရ၏ သဘောတူညီချက်ဖြင့် ဂျာမန်များဝင် ရောက်လာပြီး ပထမ ဂျာမန်များက သဘောကောင်းဟန်ရှိပေမယ့် မကြာမီ ဂျူးခေါင်းဆောင်များကို ဖမ်းလိုက် ကာ ဂျူးများအပြင်မထွက်ရ၊ ဂျူးများ ကျောက်မျက်ရတနာပိုင်ဆိုင်ခွင့်မရှိ၊ ဂျူးများ လက်ပတ်အဝါပတ်ရမည်၊ စားသောက်ဆိုင်များ မဝင်ရ၊ ရထား စီးခွင့်မရှိ၊ စုရုံးဝတ်မပြုရ စသည်ဖြင့် ဥပဒေတွေထပ်တိုးလာသည်။ ထိုမှ တစ်ဆင့် ဂျူးရပ်ကွက်များကို သံဆူး ကြိုးခတ်လိုက်သည်။ ထိုနောက် သူတို့ ရုတ်တရက် နေရာပြောင်းရမည်ဟု အမိန့်ထွက်လာ သည်။ ဘယ်ကိုမှန်းမသိသော နေရာ သို့ ကျောပိုးအိတ်ထဲ အဝတ်နည်း နည်း၊ စားစရာနည်းနည်းသာ ယူပြီး သွားကြရသည်။ ကော်ဇောအသစ် များ၊ ငွေဖယောင်းတိုင်များ ကျမ်းစာ အုပ်များ၊ ဘုရားစင်ပေါ်မှ ရှေးဟောင်း ပစ္စည်းများအားလုံး ဖုန်တသောသော ကြားမှာကျန်ရစ်သည်။ လူတွေကို အိမ်ပေါ်မှ သက်ကြီးရွယ်အိုနှင့် ဒုက္ခိတပါမကျန် တုတ်တွေ သေနတ် ဒင်တွေဖြင့် ရိုက်ချသည်။ အထုပ် အပိုးကိုယ်စီဖြင့် နေပူထဲမှာ လူတွေကို ရဲတွေက အထပ်ထပ်စစ်သည်။ ချွေး တစ်လုံးလုံးဖြင့် ကလေးတွေရဲ့ရေ ဆာ၍တောင်းသံတွေကြားမှာ အိမ် ထဲဝင်ပြီး ရေဘယ်သူမှ ခပ်မပေး ရဲကြ။ နောက်တော့ ထွက်ခွာမိန့်ရတော့ လူတန်းကြီးကို ဟန်ဂေရီရဲများက အမြန်လျှောက်ခိုင်းပြီး နောက်တော့ ရိုက်ပြီးပြေးခိုင်းကာ မြို့ပြင်ဂျူးစခန်း ရောက်မှ အထုတ်ပစ်ချပြီး နားကြ ရသည်။ နောက်ရက်မကြာမီ ရထား ဖြင့် ခရီးထွက်ကြရသည်။ တိရစ္ဆာန် တင်သည့်တွဲများမှာ တစ်တွဲကို လူ ၈ဝရအောင်တင်ပြီး ပေါင်မုန့်နှင့် ရေ နှစ်ပုံးသုံးပုံးပေးသည်။ နှစ်ရက်ခန့် အပူဒဏ်နှင့် ရေငတ်ဒဏ်ကိုခံကြပြီး ချက်နယ်စပ်ရောက်တော့ ဂျာမန်စစ် သားတို့တက်လာကာ ရွှေငွေ လက် ပတ်နာရီများ ပါလာကအပ်ရမည်၊ နောင်တွေ့ကပစ်သတ်ခံရမည်ဆို၍ ဝှက်ယူလာသူများ အပ်ကြရသည်။ ထို့ပြင် လူရှစ်ဆယ်မှ တစ်ဦးလျော့ က တစ်တွဲလုံးပစ်သတ်ခံရမည်ဟု ဆိုသည်။ တွဲထဲတွင် ဆယ်နှစ်သားလေး ကိုပိုက်ပြီးလိုက်လာသူ အမျိုးသမီး ကြီးမှာ လင်နှင့် သားနှင့် အသုတ်ကွဲ သွားပြီး စိတ်ဖောက်ပြန်ကာ မီးတွေ လောင်နေတယ်ဟုချည်း အော်ဟစ်နေ သည်။ သူ့ကိုထိန်းမရသည့်အဆုံး ပါး စပ်ကိုအဝတ်နှင့်ဆို့ပြီး ကြိုးတုတ် ထားသည်။ နောင် ကြိုးဖြည်ပြီး သူ ထပ်အော်တော့ လူငယ်တွေက သည်းမခံနိုင်ဘဲ ထိုးကြိတ်ကြသည်။ နောက်ဆုံးတော့ သူတို့မကြားဖူးသော အော့ခ်ျဝစ်ဇ်ဆိုသည့် နေရာကို ရောက် သည်။ ရထားရပ်ပြီး မကြာမီ အရူးမ က မီးတွေဟုထပ်အော်ပြီး ဒီတစ်ခါ ခေါင်းတိုင်အမြင့်ကြီးနှင့် မီးလျှံများကို မြင်ကြရသည်။ အနံ့ဆိုးကြီးကလေထဲ လွင့်နေသည်။ လူတွေအရှင်လတ်လတ် သဂြုင်္ိဟ် နေသည့်စက်။ ထို့နောက် ကြောင်ကြောင်ကျား ကျားဝတ်ထားသူများ တွဲပေါ်ခုန် တက်လာပြီး လူတွေကို အသား လွတ်ရိုက်ကြသည်။ ပြီးတော့ ဘာ ပစ္စည်းမှယူခွင့်မပေးဘဲ ဆင်းကြရရာ ခဲခဲယဉ်းယဉ်း သယ်လာသမျှ တွဲပေါ် မှာထားရစ်ရသည်။ ထိုနောက် ကျား မခွဲတန်းစီစေရာ အမေ၊ အစ်မများနှင့် ညီမလေးတို့ကို လှမ်းမြင်လိုက်ရသည်။ ပြန်တွေ့မည်လား၊ အပြီးခွဲရသည်လား မသိခဲ့ရ။ သူ့အသက် ၁၅နှစ်ကို ၁၈နှစ် ပြောရန်နှင့် သူ့အဖေအသက် ၅ဝ ကို ၄ဝ ပြောရန် လာသင်ပေးသူတစ်ဦး ကြောင့် သူတို့အသက်ရှင်ခွင့်ရခဲ့ သည်။ လူခွဲရာ၌သူနှင့်အဖေ တစ် ဘက်တည်းကျ၍ ဝမ်းသာခဲ့ရသော် လည်း အရှင်လတ်လတ် မီးသဂြုင်္ိဟ် ခံရဖို့လား၊ အလုပ်လုပ်ပြီး အသက်ရှင် ဖို့လား မသိခဲ့ရ။ မီးသဂြုင်္ိဟ်စက်ဆီ တစ်လှမ်းချင်းလျှောက်ရင်း ခပ်လှမ်း လှမ်းတွင်းကြီးထဲက မီးလျှံတွေထဲသို့ ကားပေါ်ကပစ္စည်းများ ပစ်ချနေရာ ကလေးအရှင်များဖြစ်နေသည်ကို တုန် လှုပ်ဖွယ်မြင်ရသည်။ ယင်းမီးတွင်းဆီ လျှောက်လှမ်းရရင်း တွင်းဝနှင့်နှစ်လှမ်း အလိုတွင်မှ ဘယ်ကွေ့မိန့်ရပြီး တန်း လျားထဲရောက်သည်။ သူတို့ထဲမှ အားကောင်းမောင်းသန်များရွေးပြီး ကိုယ့်မိသားစုအပါအဝင် လူတွေကို မီးသဂြုင်္ိဟ် စက်ထဲပစ်ထည့်ရသော အလုပ်ခိုင်းသည်။ ထိုညက ကလေး ငယ်တို့နှင့်အတူ ဘာသာရေးယုံ ကြည်ချက်ပါ ပြာဖြစ်သွားပြီဟု သူခံ စားရသည်။ အကျဉ်းသားဟောင်းတို့အကြောင်း မဲ့ရိုက်သည်ကိုခံရပြီးနောက် အဝတ် များချွတ်ရပြီး အဝတ်ဗလာဖြင့် မေး ခိုက်ခိုက်တုန်ကြသည်။ ထိုနောက် ကပ်ကြေးတုံးဓားတုံးများဖြင့် အမွှေး မှန်သမျှကို ရိတ်လိုက်သည်။ ပိုးသတ် ဆေးနှင့် ရေပူကို အပြေးအလွှားစိမ် ရသော ရေချိုးခြင်းအပြီး ဂိုဒေါင် လိုအထဲက ကြုံရာအဝတ်ကို ယူဝတ် ကြရသည်။ ထို့နောက် အခန်းတစ်ခု ထဲဝင်ခိုင်းရာ ခြေထောက်များက ဗွက်ထဲနစ်သွားသည်။ ထိုသို့ရပ်နေ ရင်း မတ်တပ်အိပ်ပျော်သွားသည်။ ထို့နောက် ဂျာမန်စစ်ဗိုလ်တစ်ဦးက အလုပ်မလုပ်သူ ခေါင်းတိုင်ဆီသွား ရမည်၊ ကြိုက်ရာရွေးဟု မိန့်ခွန်ြးေ>ွခ သည်။ အဖေက အိမ်သာ ဘယ်မှာလဲ မေးမိသဖြင့် ပါးရိုက်ခံရရာသူ တုံ့ပြန် ရကောင်းမှန်းမသိဘဲ ငေးငိုင်နေသည်။ မနက်ကော်ဖီကြမ်း၊ နေ့လယ်စွပ် ပြုတ်၊ ညပေါင်မုန့်နှင့် အော့စ်ဝစ်ဇ်တွင် သုံးပတ်ကြာပြီးနောက် ကျွမ်းကျင်သူ တို့ကို ခွဲထုတ်သွားခဲ့ပြီး ကျန်လူ တစ်ရာက စခန်းတစ်ခုကို ပြောင်း ရသည်။ လေးနာရီခန့်လျှောက်ပြီး ရောက်သွားသည့်ဘူနာစခန်းတွင် စခန်းတာဝန်ခံက ကလေးတွေကို မုန့် ကျွေးသဖြင့် ကလေးချစ်တတ်ပုံပေါ် သော်လည်း နောင်တွင်မှ ကလေးတွေ ကို လိင်ဖျော်ဖြေဖို့သုံးကြောင်း သိရ သည်။ အလကားနေရင်း ဒေါသထွက် တတ်သော အလုပ်ရုံမှူးလက်ချက်ဖြင့် သားအဖ နှစ်ဦးစလုံး အရိုက်ခံကြရ သည်။ ထို့ပြင် သူ့တွင်ရှိသော ရွှေသွား တစ်ချောင်းကို ဖိုမင်ကလိုချင်သဖြင့် သွားဆရာဝန်က ကြေးဇွန်းအဟောင်း ဖြင့် ကလော်နှုတ်ပေးလိုက်သည်။ တစ်နေ့ စခန်းတာဝန်ခံက သူ့တို့ကို အလုပ်နားခွင့်ပေးပြီး သူကတော့ မိန်း ကလေးတစ်ဦးနှင့် ချစ်တင်းနှောနေ သည်ကို မြင်သွား၍ ကြိမ်ဒဏ်၂၅ချက် ရက်စက်စွာ အရိုက်ခံရပြီး သတိလစ် သွားခဲ့သည်။ နောက်ပိုင်း ကြုံရသည်များက ပိုဆိုးလာသည်။ တစ်နေ့စခန်းကို ဗုံးကြဲခံရစဉ် မီးဖိုပေါ်မှ စွပ်ပြုတ်အိုးဆီ ငတ်နေသောအကျဉ်းသား တစ်ဦး တွားသွား၊ စွပ်ပြုတ်အိုးထဲ မျက်နှာ အပ်ချရင်း အပစ်အခတ်ခံသေဆုံး သွားပုံ၊ ဗုံးကြဲခံရစဉ် လက်နက်ခိုး ယူမှုဖြင့် အကျဉ်းသားတစ်ဦးကို ကြိုးပေးပြီး အားလုံးဝိုင်းကြည့်ကြရပုံ၊ အလားတူပြစ်ဒဏ်အတွက် ကြိုးပေး ရာ၌ ၁၃နှစ် သားလေးတစ်ဦးပါ နေသည့်အတွက် ဂျာမန်တွေပင် လက်တွန့်နေသလို ဂျူးတွေလည်း မျက်ရည် မဆည်နိုင်ဖြစ်ရပုံ၊ အဖြစ် တွေဆိုးလွန်းသည့်အတွက် ဘုရား သခင်ကိုမယုံတော့ဘဲ ဥပုသ်လည်း မစောင့်ဖြစ်တော့ပုံ၊ ထို့နောက် အလုပ် မလုပ်နိုင်သူကို မီးသဂြုင်္ိဟ်စက်ထဲ ထည့်ဖို့ လူရွေးပွဲလုပ်ပုံ၊ ကိုယ်မပါဖို့ ကျန်းမာဟန်ဆောင်ရပုံ၊ အဖေက မပါဘူးဆိုပြီးမှ တကယ်ကပါနေ သည့်အတွက် တစ်နေ့လုံးတစ်ကိုယ် တည်း ဖြေမဆည်ဖြစ်ပုံ၊ နောက်ဆုံး ပြန်ရွေးရာမှာ အဖေကပ်လွတ်သွားပုံ တို့မှာ စာဖတ်သူအဖို့ စာနာမွန်းကြပ် ရပါသည်။ ဆောင်းတွင်းရောက်တော့ နှင်း ဝဲစားပြီး သူဆေးရုံတက်ရစဉ် လူနာ များကို သဂြုင်္ိဟ် စက်ထဲထည့်သည် ကို သိပြီးတုန်လှုပ်ရပုံ၊ ခြေထောက် ခွဲစိတ်ရပြီး ပြန်ကောင်းမည်ဟု မယုံ နိုင်ဘဲနောက်ဆုံး ရုရှားများရောက်လာ မည်ဟု သိလျက် ဂျာမန်များမဆုတ် ခွာမီသတ်ခဲ့မည်ကို ပူပန်သဖြင့် ဆေးရုံကဇွတ်ဆင်းပြီး ဂျာမန်များ ဆုတ်ခွာရာ လိုက်ပါသွားခဲ့ပုံ၊ လမ်း တွင်သားတွေက အဖေတွေကို မညှာဘဲ ကိုယ်လွတ်ရုန်းကြပုံ၊ သူက တော့ အဖေနှင့် သေကွဲကွဲသည့် အထိ အဖေကို ဖက်တွယ်စောင့်ရှောက်ခဲ့ပုံ များမှာ ၊ မသေသေးသော အဖေကို ခေါ်သွားကြသည်ကိုတော့ မကာ ကွယ်နိုင်ခဲ့ပုံတို့မှာ ကြေကွဲဖွယ် ဖြစ် ပါသည်။ နှင်းလွှမ်းသောမြေပေါ်တွင် အိပ်ပျော်ပြီး သေသည်အထိ မထလို သောအဖြစ်များက ပုံပြင်ဆန်လှသည်။ အဖေရယ်သားရယ်လို့ မသိတော့ဘဲ ပေါင်မုန့်တစ်ချပ်အတွက် အသေအကြေ တိုက်ခိုက်လုယက်ကြ ပုံများကလည်း အဆုံးစွန် လူ့အတ္တ သဘာဝကို မြင်ရခြင်း ဖြစ်သည်။ နောက်ဆုံး ဂျာမန်တွေလက် ချက်ဖြင့် ဘဝဆုံးမည့်ဆဲဆဲ လျှို့ဝှက် တော်လှန်ရေးသမားတို့ကြောင့် ဂျာမန် များထွက်ပြေးပြီး လွတ်မြောက်ခွင့်ရပုံ ကိုတော့ စာရေးသူက ခပ်တိုတိုပဲ ဖော်ပြထားသည်။ တကယ်တော့ 'ည'က ဆိုးဝါးနက်မှောင်လွန်းလှ သဖြင့် အရုဏ်တက်ချိန်ကလည်း စိတ်ဝင်စားဖွယ် မဖြစ်လှတော့ပါ။ ကိုယ်တွေ့ဖြစ်ရပ်ဖြစ်ပြီး မယုံနိုင် စရာ လူ့သမိုင်းတစ်ကွေ့မှ အမည်း စက်များမှာ ဆရာတင်မောင်မြင့်၏ ပီပြင်ပြောင်မြောက်သော မြန်မာပြန် ဆိုချက်ကြောင့် မြန်မာစာဖတ်သူတို့ ရင်ထဲ ပိုထိရှနိုင်လိမ့်မည် ဖြစ်သည်။ ဆရာ့ဘာသာပြန်ချက်ထဲမှ 'ရက်စက် မှုအပေါင်း သရဖူဆောင်းဆို..'၊ 'တီး တိုး တီတိုး သဖန်းပိုး လုပ်နေကြ..'၊ 'ဓားတုံးတုံးတွေနှင့် သမကြ..' စသည့်ပြန်ဆိုချက်များက ဇာတ် ကောင်ကို စာဖတ်သူနှင့် ပိုနီးသွား စေသည်။ ဆရာဘာသာပြန်ချက်ကို ဖတ်ရင်း စာရေးဆရာတစ်ယောက် မှတ်ချက်ပေးသည့် နာမည်ကြီးစာရေး ဆရာမ'...' ၏ ပင်ကိုရေးလက်ရာ များကို ဘာသာပြန်စာလို ခံစားရပြီး ဆရာတင်မောင်မြင့် ဘာသာပြန်ကို ဖတ်ရသည့်အခါ သူ့ပင်ကိုရေးလို ထင်မိကြောင်း ပြောခဲ့သည်ကို သတိ ရမိသည်။ မီးသဂြုင်္ိဟ်စက်ထဲ ဝင်ရမလိုဖြစ် နေချိန် သားက ကမ္ဘာကြီးက ဘာလို့ လက်ပိုက်ကြည့်နေတာလဲအဖေဟု မေးသည်ကို အဖေက ကမ္ဘာကြီးက တို့ကိုစိတ်မဝင်စားပါဘူးကွာဟု ပြန် ဖြေခဲ့သည်။ ဒီနေ့ကမ္ဘာကြီးကကော ယနေ့ 'ည' အမှောင်ထဲက လူတွေကို စိတ်ဝင်တစားရှိလို့လား။ ကိုယ့်ဘာ သာပြန်မေးရင်း ကျွန်တော်လည်း အယ်လီဆာလိုပင် တွေငေးနေမိပါ သည်။


ဟင်းလေးအိုး မှ ကူးယူဖော်ပြပါသည်။

No comments: