Wednesday, January 25, 2012

သတိလေးနဲ့ နေပါ။



  • သင့် အတွေးတွေကို သတိပြုပါ၊ သူတို့က စကားလုံးတွေဖြစ်လာတယ်…..။
    သင့် စကားလုံးတွေကို သတိပြုပါ၊ သူတို့က လှုပ်ရှားမှုတွေ ဖြစ်လာတယ်….။
    သင့် လှုပ်ရှားမှုတွေကို သတိပြုပါ၊ သူတို့က အလေ့အထတွေ ဖြစ်လာတယ်….။
    သင့် အလေ့အထတွေကို သတိပြုပါ၊ သူတို့က စရိုက်ဖြစ်လာတယ်….။
    သင့် စရိုက် တွေကို သတိပြုပါ၊ သူတို့က သင့် ကံကြမ္မာ ဖြစ်လာတယ်….။


  • လူအချို့ကား မွေးဖွားလာကတည်းက အောင်မြင်လာကြသည်။
    လူအချို့ကား အောင်မြင်မှုကိုရအောင် လုပ်ယူခဲ့သူများ ဖြစ်သည်။
    လူအချို့မူကား ဘဝတွင် အောင်မြင်ရန် ဇာတာပါလာသူများ ဖြစ်သည်။


  • ကျောက်ပွင့်တစ်ပွင့် သည် ပွတ်တိုက်မှုမရှိပဲ ဖိတ်ဖိတ်တောက်ပြောင်လက် တောက်ပလာလိမ့်မည် မဟုတ်သလို ဒုက္ခတွေ မကြုံတွေ့ရပဲ လူတစ်ယောက်သည် လူတော်လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မည်မဟုတ်။


  • တစ်ခုခုလုပ်ဖို့ ကြိုးစားပြီး မအောင်မြင်သူများသည် ဘာမျှလုပ်ဖို့ မကြိုးစားပဲ အောင်မြင်သူများထက် အဆုံးအစမရှိ ပိုတော်ကြသည်။


  • ကျုပ် ကို ခပ်ကြီးကြီး လီဗာတစ်ခုသာပေး ပါ၊ ကျုပ် ဤကမ္ဘာမြေကြီးကိုရွှေ့ပစ် လိုက်မယ်။


  • ကျွန်ုပ် အလုပ်ကြိုးစား ပမ်းစားလုပ်လေ ကျွန်ုပ် ကံကောင်းသလိုရှိကြောင်း တွေ့ရလေ ဖြစ်လာတယ်။


  • လျှောက်ခဲ့တဲ့ လမ်းက ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဖက်က ချော်လဲရင် ကျန်ခြေတစ်ဖက်ကလဲ လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်၀၀ ရှူပြီး ကိုယ့်ကိုယ်ကို အသိပေးလိုက်တယ်။ “ဒါဟာ ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာ အကြောင်း လုံးဝမရှိဘူး”။


  • ရှုံးနိမ့်မှုတိုင်းမှာ အမြတ်ထုတ်ယူပါ။ လဲကျပြီဆို လျှင်လဲ ရှေ့သို့ လဲကျပါ။


  • အခုသက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။
    လုပ်သင့်တာတွေ ဆက်လုပ်နေပါ။ ဖြစ်သင့်တာတွေက ဖြစ်နေမှာ။


  • အမှောင်ကြောက်သော ကလေးတစ်ယောက်အား ကျွန်ုပ်တို့ လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်ကြ၏။ အချို့လူကြီးတွေ အလင်းကိုကြောက်ခြင်းမှာ ဘ၀၏ အမှန်တကယ် ကြေကွဲစရာဖြစ်သည်။


  • အသိဥာဏ်ရင့်ကျက်လာလေလေ အပြင်မှာ အားကိုးစရာမရှိမှန်း သိလာလေလေပဲ။ ကိုယ့်ရဲ့ ပြုမူ ဆောင်ရွက်မှု မှန်သမျှ တခြားသူ ဖြစ်စေချင်တဲ့အတိုင်း လက်ခံထားတဲ့သူဟာ သူများကျွန်ပဲ။


  • ရယ်မောစရာလေးတစ်ခုပြောပြီး ကျွန်ုပ်ခင်မင်တဲ့သူကို ရယ်အောင်လုပ်တယ်။ ဒါဟာဟာ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ပေးလိုက်သလိုပါပဲ။


  • ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားသူဟာ သူတစ်ပါးကို ဂုဏ်သိက္ခာကျအောင် မပြောဘူး။ မလုပ်ဘူး။


  • မိတ်ဆွေကောင်းတစ်ယောက်တိုးလာခြင်းဟာ ကိုယ့်လောကကြီး ကျယ်လာတာနဲ့ အတူတူပါပဲ။
    မိတ်ဆွေကောင်းမရှိတဲ့ လောကဟာ သိပ်ကျဉ်းမြောင်းတယ်။


  • ကိုယ်ချင်းစာနာစိတ်တစ်ခုကို လက်ကိုင်ထားရင်ပဲ အင်မတန် မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ....။


  • ဘ၀ကို အနှစ်သာရ ပြည့်ပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လျှင်၊
    လောကကြီးကို အထိရောက်ဆုံး အကျိုးပြုချင်လျှင်၊
    အေးချမ်းတည်ကြည်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်လျှင်၊
    ကိုယ့်အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်လျှင်၊
    အချိန်တိုင်း၊ တခဏတိုင်း တခဏတိုင်းကို သတိလေးနဲ့ နေပါ။


No comments: