Friday, January 13, 2012

ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ

ခက်ခဲသောအခြေအနေတစ်ရပ်ကို နည်းလမ်းနှစ်မျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်၏ ။

ထိုအခြေအနေကိုပြောင်းလဲအောင် ကျန်ုပ်တို့ တစ်စုံတစ်ခုပြု့လုပ်နိုင်၏ ။

သို့မဟုတ် ထိုအခြေအနေကိုရင်ဆိုင်နိုင်၏။ 

ကျန်ုပ်တစ်စုံတစ်ရာပြုလုပ်နိုင်မည်ဆိုလျှင် ဘာကြောင့်စိုးရိမ်ပူးပန်ပြီး စိတ်မကောင်းဖြစ်နေရသလဲ--

ထိုအခြေအနေကို ပြောင်လဲလိုက်ပါ။ 

ကျန်ုပ်တို့ဘာမျှမပြုလုပ်နိုင်ဘူးဆိုလျှင်လည်း ဘာကြောင့်စိုးရိမ်ပူးပန်ပြီး စိတ်မကောင်းဖြစ်နေရသလဲ။

ဒေါသနှင့်သောကကြောင့် အခြေအနေများသည် ပိုမိုကောင်းမွန်လာရိုးမရှိနိုင်ပါ။ 

လူသား၏ဆင်းရဲအားလုံးသည် ဘ၀ရေစီးကြောင်းများကိုဖြတ်သန်းရာတွင် မည်မျှကျွမ်းကျင်စွာ ကြိုးစားလုပ်ဆောင်နေသည်ဆိုသည့်အပေါ်တွင်သာလျှင်တည်မှီနေ၏။ 

ရွက်လှေငယ်တစ်စင်းဖြင့် လေကိုဆန့်ကျင်လျှက် ပင်လယ်ကိုကျော်ဖြတ်ရန် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းနိုင်ပါ။ 

သို့သော် သူကျော်ဖြတ်လိုလျှင် လှေ၇ွက်များကို လေကြောင်းနှင့်ဆီလျှော်အောင်ညှိပေးရမည်သာဖြစ်သည်။ 

ဘ၀ရေစီးကြောင်းတို့သည် အရပ်မျက်နှာတစ်ခုသို့သာလျှင် အမြဲစီးနေကြ၏ 

၎င်းတို့စီးသွားသောလမ်းကြောင်းကို မည်သည့်အခါမှ မပြောင်းလဲပါ။

နေမင်းးကြီးက ၄င်း၏လမ်းကြောင်းကို မပြောင်းလဲသကဲ့သို့တည်း။ 

လူသည်ဘ၀ရေစီးကြောင်းနှင့်လိုက်လျောညီထွေဖြစ်အောင် သူ့ကိုယ်ကို ပြု့ပြင်ပြောင်းလဲပေးရမည်။ 

သို့မှသာလျှင် သူ၏ကိုယ်တွင်းသာမက သူ၏ပတ်ဝန်းကျင်နှင့်ပါ လုံးဝဆီလျော်ညီညွတ်ခြင်းကို သူတွေ့ကြုံခံစားရမည်သညဖြစ်သည်။

လူသည်ငြိမ်းချမ်းမှုရရန်ဆုတောင်နေကြ၏။ 

သို့သော် လူသားကိုယ်တိုင်၏ အတွင်းသန္တာန်တွင်ရှိသော ပဋိပက္ခများကို မငြိမ်းသတ်နိုင်သမျှကာလပတ်လုံး ယ္ခုကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုကို မရနိုင်ပါ။

အတွင်းငြိမ်းချမ်းမှုကိုရရှိရေးအတွက် အရေးပေါ်လိုအပ်ချက်မှာ စိတ်ကိုလိမ္မာယဉ်ကျေးအောင် လေ့ကျင့်ပေးခြင်းသာဖြစ်သည်။။ 

တစ်ကိုယ်ကောင်းဆန်သူသည် ချမ်းသာကြွယ်ဝသည်ဖြစ်စေ ဆင်ရဲနွမ်းပါးသည်ဖြစ်စေ လောဘလွမ်းမိုးခံနေရသူသာဖြစ်သည်။

သူသည် ဘယ်အခါမှ ရောင်ရဲံမည်မဟုတ်ပါ ရသမျှနှင့်ဘယ်အခါမှမကျေနပ်ပါ။။။။။။။။။

(မဟတ္တမဂန္ဓီ)။

No comments: