How to Make Myanmar Blog
မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်
ညီလင်းဆက်
သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း
အဆင့် (၁)
Create Google Account
ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။
https://www.google.com/accounts/ManageAccount
အဆင့် (၂)
First Step to Blog
www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။

Name Your Blog
သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်)

အဆင့် (၄)
Choose Template


အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။

No comments:
Post a Comment