Saturday, January 14, 2012

How to Make Myanmar Blog မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့် အခန်း(၃)



Blogspot Blog တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများ

ပထမအဆင့် ဘလော့ဂ်တည်ဆောက်မှု ပြီးလျှင် သင့်အကောင့်မှ ထွက်လိုက်ပါ။ ပြီးလျှင် အစမှ ပြန်ဝင်ပါ။ မိမိအကောင့်ကို ဝင်လိုက်သည်နှင့် ပထမဆုံး မြင်ရမည့် စာမျက်နှာမှာ Dashboard ပင်ဖြစ်သည်။

Dashboard တွင် အနီရောင်ဖြင့် ပြထားသည့် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ် အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard တွင် မြင်ရသည့် ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူ ယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။

ယခု ရွေးချယ်ပြထားသော အနီရောင် အစိတ်အပိုင်း၏ ဘယ်ဘက် အောက်ခြေထောင့်တွင် တွေ့ရသည့် New Post ဆိုသည်ကို နှိပ်လျှင် စာမူတစ်ခုကို ချက်ချင်း တင်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းကို ပထမအခန်းတွင်း အကျဉ်း ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယင်း၏ ညာဘက်ထောင့်မှ ဘလော့ဂ် စီမံခန့်ခွဲရေး အပိုင်း အကြောင်းကိုသာ အဓိကထား ရှင်းပြသွားပါမည်။
ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ


•Posts
•Setting
•Layouts


စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိန်းချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။

ပုံ(၁) Posting(စာတင်ခြင်း)
ပုံ(၂)Dashboard မှာမြင်နေရတဲ့ Posts ဆိုတာလေးကို နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ စာရိုက်တဲ့ နေရာကို တိုက်ရိုက်
ရောက်သွားမှာ ဖြစ်ပါတယ်။ Posting ခေါင်းစဉ်အောက်မှာ Create,Edit,Post,Moderate Comment စသည့်ဖြင့် ရှိနေတယ်။
-Create က ပိုစ့်အသစ်တွေ ဖန်တီးရေးသွင်းတာ၊
-Edit က အရင်ရေးပြီးသားပိုစ့်တွေကို ပြန်ပြင်တာ၊
-Moderate က ကိုယ့်ကို သူများက ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းသိမ်းထာပါ။

အထက်ပါပုံတွင် ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင် မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။ ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment များပြုလုပ်လိုလျှင်လည်း Text Editor တွင် လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။

အခန်း(၄)တွင်ဆက်လက်ဖတ်ရူကြပါနော် သူငယ်ချင်းတို့

No comments: