Monday, February 13, 2012

စိတ်ဓါတ်ခွန်အား



တစ်နေ့မှာ ချမ်းသာတဲ့ ဖခင်တစ်ယောက်က သားဖြစ်သူကို ခရီးတစ်ခုကိုခေါ်သွားတယ် ။ သူ့သားကို တချို့သောလူတွေ ဘယ်လောက်ဆင်းရဲနေတယ်ဆိုတာ ပြသဖို့ပေါ့ ။ သူတို့ဟာ ဆင်းရဲတဲ့မိသားစုတစ်ခုရဲ့ ယာခင်းထဲမှာ အချိန်အတော်ကြာအောင်နေခဲ့ကြတယ် ။

အိမ်ပြန်တဲ့လမ်းမှာ ဖခင်ကပြောတယ် ။ “ သူတို့ ဘယ်လောက်ဆင်းရဲတယ်ဆိုတာသားသိပြီမဟုတ်လား သားဘာတွေ သင်ယူခဲ့သလဲ ”

သားဖြစ်သူကပြန်ပြောတယ် ။ “ ကျွန်တော်တို့မှာ ခွေးတစ်ကောင်ရှိတယ် သူတို့မှာ လေးကောင်ရှိတယ် ကျွန်တော်တို့မှာ ရေကူးကန်ရှိတယ် သူတို့မှာ မြစ်ပြင်ကြီးရှိတယ် ကျွန်တော်တို့မှာ အိပ်ခါနီးရင်ညအိပ်မီးတွေရှိတယ် ။ သူတို့မှာ ကောင်းကင်က ကြယ်တွေအများကြီးရှိတယ် ကျွန်တော်တို့ က အစားအသောက်တွေကို ၀ယ်စားရတယ် သူတို့က သူတို့ဘာသာ စိုက်ပျိုးပြီးစားတယ် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆောက်အဦးနံရံတွေလုပ်ထားရတယ် သူတို့မှာ သူတို့ကိုကာကွယ်ဖို့ သူငယ်ချင်းတွေရှိတယ် တရားစာအုပ်တွေရှိတယ် ဗဟုသုတအသိမြင်တွေရှိတယ် ”

ပြီးတော့ သားဖြစ်သူက ဖခင်ကိုကြည့်ပြီး “ ကျေးဇူးတင်ပါတယ် ဖေဖေ ကျွန်တော်တို့ဘယ်လောက်ဆင်းရဲသလဲဆိုတာ လိုက်ပြတဲ့အတွက်ပါ ” လို့ပြန်ပြောလိုက်တယ် ။

##############################################

ကျွန်တော်တို့ကို တကယ်ချမ်းသာအောင်လုပ်ပေးနေတာ ငွေကြေးတွေမဟုတ်ပါဘူး တကယ်တော့ ဘုရားသခင်ဖန်ဆင်းထားတဲ့ ရိုးရှင်းတဲ့ လူနေမှုဘ၀တွေကသာ ကျွန်တော်တို့ တကယ်ချမ်းသာပိုင်ဆိုင်တဲ့အရာတွေပါ ။ ကိုယ်ဟာ ဆင်းရဲနေပေမယ့်စိတ်ဓါတ်ကျဖို့မလိုပါဘူး ကိုယ့်မှာ အိပ်စက်စရာ ကမ္ဘာမြေကြီးရှိတယ် လုံခြုံတဲ့ကောင်းကင်ကြီးရှိတယ် ညဖက်ဆိုရင် ညအိပ်မီးကြယ်ကလေးတွေရှိတယ် အဲကွန်းထက်ကောင်းတဲ့ လေနုအေးလေးတွေရှိတယ် ။ ချမ်းသာအောင်လူနေမှုအဆင့်အတန်းမြင့်မားအောင်ကြိုးစားကြရမယ်ဆိုတာ မှန်ပေမယ့်လည်း လူ့ဘ၀ရဲ့ တကယ့်အနှစ်သာရကိုတော့ကျွန်တော်တို့သိဖို့လိုတယ် ။

သက်တန့်ချို
Feb 13-2012
စိတ်နှလုံးသားအာဟာရဖြည့်စာစုအပိုင်းအစများ

No comments: