Sunday, February 19, 2012

အချိန်သက်တမ်းနဲ့ အောင်မြင်မှု့ 

မူရင်းလင့်က  http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1074437&xgs=1&xg_source=msg_share_post 

အချိန်ဆိုတဲ့ ရင့်ကျက်မှုအောက်မှာ ကျွန်တော်လုံးဝ တည်ငြိမ်နေတတ်ပါပြီ။ ကျွန်တော့်ကို အရမ်းခင်တဲ့ သူငယ် ချင်းတစ်ယောက်က မှတ်ချက်ပေးဖူးတယ်။ ကျွန်တော်ပုံသဏ္ဍာန်က စိတ်ညစ်တာ၊ စိတ်ပျက်တာကို ၀န်မခံချင်ဘဲ လောကကြီးကို အရွဲ့တိုက်ပြီး ရီမောနေချင်သူ၊ စိတ်မာသလိုလိုထင်ရပေမဲ့ ကြက်ဥခွံလို စိတ်ကို ပိုင်ဆိုင်ထားသူတဲ့။ သူခန့်မှန်းတာမမှားခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်က အဲဒီလိုဖြစ်နေတာကိုး။ လောကက ပေးတဲ့ ဒဏ်ဆိုတာ အချိန်တန်ရင် ရင့်ကျက်မှုဆိုတာကို ဦးတည်နေတာပဲလေ။ အမှန်တကယ် များသော အားဖြင့် ဆယ်ကျော်သက်လူငယအရွယ်ဆိုတာ မိဘရင်ခွင် ခေါင်းတိုးဝှေ့ တီတီတာတာချွဲနွဲ့ပြီး သေသေ သပ်သပ် စာရွက်ဖြူဖြူလေးတွေပေါ်မှာ ဘောပင်ကလေးထောက်ပြီး ပညာရှာလို့ကောင်းတုန်းအရွယ်ပါ။ တကယ်တန်းကျတော့ ရင့်ကျက်တည်ငြိမ်မှုဆိုတာ အသက်အရွယ်အပိုင်းအခြားနဲ့လည်း မဆိုင်ပြန်ဘူး။ ကိုယ်ရဲ့နေထိုင်မှု Life Style ပေါ်မှာပဲ မူတည်နေတာပဲလေ။ ကိုယ်ဖြတ်သန်းရတဲ့ ဘ၀နောက်ကြောင်းနဲ့လည်း မှီတည်နေပြန်တယ်။
ကိုယ်ရခဲ့တဲ့ဘ၀ ကြမ်းတမ်းတယ်ဆိုပြီး ပြန်လည်တွေးတော့နေရင်း ကိုယ့်ဘ၀ကိုယ် အရှုံးပေးနေမှာလား။ ကျွန်တော် ကိုယ့်ဘ၀ကိုယ်ပြန်တွေးပါတယ်။ သို့ပေမယ့် ကိုယ့်မှာ ဘ၀ဆိုတာရှိနေသေး သရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေသေးတယ်ဆိုတာပဲ ကျွန်တော်ပြန်တွေးလိုက်တယ်။ ကိုယ့်ဘ၀ဆိုတာကို အောင်မြင်ဖို့အတွက် မျှော်လင့်ချက်ထားလား။ အဲဒါဆိုတော့ ဒီစကားလေး သတိရပါ။ အမှန်တကယ် အောင်မြင်ရမှာပေါ့။ အောင်မြင်ချင်တယ်ဆိပြီး လောကကြီးကို အရာရာတိုင်းကို အဆိုးမြင်ဝါဒီတွေနဲ့ ရှုမြင်နေရင် သူဟာ အောင်မြင်ဖို့လမ်းစ အောင်မြင်ဖို့လမ်းကြောင်းတွေရှိပါဦးမလား။ နောက် ကိုယ်ဖန်လာတဲ့ လောကဓံနဲ့ တွေ့ကြုံဆုံဖြစ်တဲ့အခါ မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ။ လောကမှာ ကျွန်တော်အရမ်း သဘောကျတဲ့ အရာတစ်ခုရှိတယ်။ အဲဒီဟာက There is Times အချိန်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်…အချိန်…အချိန်…အချိန်ဟာ သူ့ဘာသာသူ ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေပေမယ့် အရာရာအားလုံးကို ပြုပြင်ဝေဖန်ပိုင်းခြားနိုင်တယ်။ အချိန်ရဲ့ အကန့်အသတ်နဲ့ အရာရာဟာပြောင်းလဲသွားကြတယ်။ ကလေး တစ်ယောက် အချိန်အကန့်အသတ်အတွင်းမှာ အသက်ကြီးသွားတယ်။ ဆင်းရဲတဲ့သူတစ်ယောက် အချိန် အကန့်အသတ်အတွင်းမှာ ချမ်းသာလာတယ်။ (ကြိုးစားမှသာ) လူချမ်းသာတစ်ယောက် အချိန်အကန့် အသတ်အတွင်းမှာ ဆင်းရဲသွားတယ်။ လူတစ်ယောက် အချိန်အကန့်အသတ်အတွင်းမှာပဲ သေဆုံးသွားကြ တယ်။ အချိန်ဆိုတာကို နားလည်ခွဲခြားသိမြင်နိုင်ရင် သုံးလို့ကောင်းတဲ့အရာတစ်ခုပါ။ အရွယ်သုံးပါးရှိသတဲ့။ သို့သော် အချိန်သုံးပါးအဖြစ်ပြောင်းလဲသုံးကြည့်မည်။ ပထမအချိန် ပညာရှာ၊ ဒုတိယအချိန် ဥစ္စာရှာ၊ တတိယအချိန် တရားရှာတဲ့။ ပထမအချိန် ပညာရှာတဲ့ အချိန်ကကန့်သတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ပညာရအောင်ရှာခိုင်းပါတယ်။ အဲဒီအချိန်အကန့်အသတ်ကုန်သွားရင်တော့ ပညာရှာချင်လည်း အချိန်က ပညာရှာခွင့်မပေးတော့ပါဘူး။ အချိန်အကန့်အသတ်ကျော်လွန်သွားခဲ့ပြီလေ။ ဒုတိယအချိန် ဥစ္စာရှာတဲ့ အချိန်က ကန့်သတ်ပေးလိုက်ပြန်ပါတယ်။ အဲဒီအချိန်မှာ ဥစ္စာရအောင်ရှာခိုင်းပါတယ်။ အဲဒီအချိန်အကန့် အသတ်ကုန်သွားရင်တော့ ဥစ္စာရှာချင်တိုင်းလည်း အချိန်ကရှာခွင့်မပေးတော့ပါဘူး။ အချိန်အကန့်အသတ် ကျော်လွန်သွားခဲ့ပြန်ပြီလေ။  တတိယအချိန် တရားရှာတဲ့ အချိန်ကနောက်ဆုံးသတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ တရားရအောင်ရှာခိုင်းပါတယ်။ အဲဒီအချိန်အကန့်အသတ် ကျော်လွန်သွားရင်တော့ တရားရှာချင် လည်း အချိန်ကရှာခွင့်မပေးတော့ပါဘူး။ အချိန်အကန့်အသတ်ကျော်လွန်သွားခဲ့ပြီလေ။ အချိန်ဆိုတာ အရမ်းသဘောကောင်းတဲ့ အရာပါ။ အချိန်ကို သုံးပုံပုံမှ သူက တစ်ပုံပဲ ယူသွားတာပါ။ ကိုယ့်အတွက် ဥပမာ- အောင်မြင်ချင်သူအတွက် အချိန်အပိုင်းအခြားနဲ့ စနစ်တကျ ကန့်သတ်ပေးထားတာပါ။ ပထမအချိန်နဲ့ ဒုတိယအချိန်ကို အောင်မြင်ခြင်းအတွက် အသုံးပြုခွင့်ပေးထားတယ်လေ။ အဲဒီအချိန်အတွင်းမှာ အောင်မြင်မှုကို ရှာခိုင်းတယ်။ ဒီအချိန်တွေ ကျော်သွားရင်တော့ မျက်နှာသာ အခွင့်အရေးမပေးတော့ပါ။ သင် အောင်မြင်ဖို့အတွက် အချိန်ကပေးသော…ပထမအချိန်နဲ့ ဒုတိယအချိန်တွင် အချိန်မည်မျှ အသုံးပြုထားပြီလဲ။ အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲ။


သင်၏ အသက်
သင်သုံးခဲ့ပြီးသောအချိန်
သင့်ဘ၀လက်ကျန်အချိန်
20 နှစ်
7300 ရက်
20075 ရက်
25 နှစ်
9125 ရက်
18250 ရက်
30 နှစ်
10950 ရက်
16425 ရက်
35 နှစ်
12775 ရက်
14600 ရက်
40 နှစ်
14600 ရက်
12775 ရက်
45 နှစ်
16425 ရက်
10950 ရက်
50 နှစ်
18250 ရက်
9125 ရက်
55 နှစ်
20075 ရက်
7300 ရက်
60 နှစ်
21900 ရက်
5475ရက်
65 နှစ်
23725 ရက်
3650 ရက်
70 နှစ်
25550 ရက်
1825ရက်
75 နှစ်
27375 ရက်
00000 ရက်

No comments: