Sunday, February 19, 2012

အနှစ် ရှိသော လူဖြစ်ရေးနှင့် ဘ၀တစ်ခုရပ်တည်မှု

>သစ်ပင်တစ်ပင်ကိုကြည့်ပါ  သူအသက်ရှင် သန်မာ ကြီးထွားဖို့ မြေ၊ရေ၊လေ၊ နဲ့ အလင်း လိုအပ်ပါတယ် ဒါတွေ အချိုးကျကျ ဖွဲ့စည်းနိုင်မှ ကြီးထွားနိုင်မယ် နောက် သဘာဝဘေးအန္တရာယ်ကိုလည်း ခံနိုင်ရည်၇ှိမှ အသက်ရှင်သန်နိုင်ပါတယ် .. အဲ့ဒီလိုပဲ လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်လိုပါပဲ သက်ရှိတစ်ခု ဖြစ်တည်ဖို့ ကြီးထွားဖို့ အဖက်ဖက်ကလိုသလို သဘာဝဘေးအန္တရယ်လို့ခေါ်တဲ့ ဖြစ်တတ်တဲ့ အရာလေးတွေကို ခံနိုင်ရည်ရှိမှ ကြီးထွားမယ် ဖွဲ့ဖြိုးမယ် အောင်မြင်မယ် …
ဒါကြောင့်
လူမှာတွေ့ရတဲ့ သဘာဝဘေးအန္တရာယ် သို့မဟုတ် လောကဓံ ကို ခံနိုင်ရည်ရှိဖို့ ပြုစုပျိုးထောင်ရပါမယ် …ခုခေတ် သူလိုကိုယ်လို  လူသားတိုင်း သို့မဟုတ် အသိဥာဏ်ရှိတဲ့သူတိုင်း နားလည်လက်ခံတယ် ဒီအချက်ကို .. ဒါပေမဲ့ တကယ့်စိန်ခေါ်ပွဲတွေမှာ နောက်တွန့်တဲ့သူတွေရှိတယ် နောက်မတွန့်တဲ့သူတွေ အနည်းငယ်သာ ရှေ့ရောက်သွားတယ် ဘာလို့လဲဆိုတော့ လူတိုင်း ကိုယ့်ကိုယ်ကို   သနားနေကြတယ် ကြောက်စိတ်ပါတာလည်းဖြစ်မယ်. ကျနော်အပါအ၀င် အားလုံးသိတယ် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေရင်တော့ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ…..ကိုလေ…
ကျနော် တစ်ခါတစ်ခါ စဉ်းစားမိတယ် ကိုယ့်ကိုယ်ကို “ငါ အသက်ရှင်လည်း ဒီလူပဲ သေသွားတော့လည်း ဘာမှ ဟုတ်တော့မှာမဟုတ်ဘူး ဒီလူက ဒီလူပါပဲ ကောင်းတာတွေလုပ်လည်း ငါပဲ မကောင်းတာဆိုလည်း ဒီလူပါပဲ ဒါပေမဲ့ ငါ အခု အသက်ရှင်နေသေးတယ် . ရှင်နေသမျှအတွင်း လောကကို လှပအောင် ဖန်တီးပေးချင်စိတ်ရှိတယ် (အားလုံးရဲ့စိတ်တွေလည်း အတူတူဖြစ်မယ်ထင်ပါတယ်) တစ်ချို့က ဘယ်သူဘယ်ဝါမှ လုပ်ပေးချင် အားပေးချင်တဲ့ စိတ်ကူးတွေ ဖုံးဖိထားတယ် . ကျနော့်အတွေးက ခု ဘေးမှာသို့မဟုတ် တစ်နေ့တာမှာ ကြုံနေတဲ့သူတွေကို အပြုသဘောဆောင်တဲ့ ခံစားချက် (ဥပမာ-ပြုံးရယ်ပြခြင်း ချိုသာသော စကားကို ပြုခြင်း) တွေနဲ့ တုံ့ပြန်ကြည့်ချင်တယ် တုံ့ပြန်တယ် .. ဒီလိုပြုမူလိုက်တယ်ဆိုရင်ပဲ လောကကြီးရဲ့ သဘောတရားအရ အားလုံးဟာ အာရုံခံ တုန့်ပြန်သတ္တိတွေ ရှိကြတယ် .. အများပြောနေကြ “လောကကြီးက မှန်တစ်ချပ်လိုပဲတဲ့” အားလုံး ဟာ ရောင်ပြန်ဟပ်လာတယ် သူတို့ စိတ်တွေ ပုံမှန်ထက် ပျော့ပြောင်းလာတာတွေ့ရတယ် . ဒါကိုကြည့်မယ်ဆိုရင် ပတ်ဝန်းကျင်လောကကို ပြုပြင်ဖို့ရန် မိမိဆီမှ စတင်ခြင်းသည်သာ ပဓါန ဖြစ်တယ် ဆိုတာ သိသာ ထင်ရှားပါတယ် .လူတိုင်း သူတို့ဆီမှ ပတ်ဝန်းကျင်ကို အလင်းရောင် ကိုယ်တတ်နိုင်သလောက် ပေးချင်ကြတယ် ဒါပေမဲ့ သူတို့ အလင်းရောင်ကို မထုတ်တတ်ကြသေးဘူး (အများစု) . အလင်းရောင်ထွက်လာဖို့ ကိုယ့်ဆီကို ရလဒ်တွေ ဖြည့်တင်းခြင်းမဟုတ်ဘူးဆိုတာကို  ဖယောင်းတိုင်တစ်တိုင်နဲ့  ပမာပြုချင်ပါတယ် . ဖယောင်းတိုင်ဟာ အလင်းရောင်တွေ ထွက်လာဖို့ သူကိုယ်တိုင် အရည်ပျော်ပြီး ပံ့ပိုးပေးတယ် ထိုအတူ လူသားတိုင်း ပြုမူမယ်ဆိုရင် မွန်မြတ်တယ် လူတိုင်းလေးစားတယ် နေရတဲ့ သက်တမ်းတစ်ခုအတွင်းမှာ အလင်းရောင် ပေးနိုင်တဲ့ ဘ၀က တန်ဖိုးရှိတယ် မြင့်မြတ်တယ် ဂုဏ်ကျက်သရေရှိတယ် .
                လူတစ်ယောက် မိမိပတ်ဝန်းကျင်ကို အလင်းရောင်ပေးနိုင်ဖို့ဘာတွေလိုအပ်လဲဆိုရင်
>>>>အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက် .အကောင်းဘက်မှ ကြည့်တတ်မြင်တတ်ခြင်း

>>>>ကြင်နာမှု ကိုချင်းစာတရား .နားလည်မှု တစ်စုံတရာ
>>>>အားပေးမှု ကောင်းကျိုးကိုသာ မျှော်တွေးပြီး လမ်းတည့်ပေးမှု
>>>>ဖြူစင်ရိုးသားမှု
ဟုတ်ကဲ့ အဲ့ဒါတွေက ကျနော်သိသလောက်ပြောပြတာပါ မိမိဘ၀ ရှင်သန်ဖို့ အဓိက က မိမိပဲဆိုတာ မြင်နိုင်မှ ထိုလူ ရှေ့ရောက်နိုင်ပါလိမ့်မယ်
>>>>လှပတဲ့ ပန်းပွင့်တွေ အလိုအလျောက်ဖြစ်လာသည်မဟုတ်
>>>>ထူးဆန်းတဲ့ အရာတွေ လည်း ခဏခြင်းဖြစ်လာသည်မဟုတ်
>>>>ထို့အတူ သင်ကောင်းလာဖို့ အလိုအလျောက် ဖြစ်မလာနိုင်သည်ကို နားလည်တတ်ဖို့
 ကျနော်တို့ နေ့စဉ်တွေ့နေကြလေးတွေကို တန်ဖိုးထား စီစဉ်တတ်ပါမှ အရာရာ လှပတဲ့ လမ်းကလေးတွေ ဖြစ်လာပါလိမ့်မယ်. (အရာရာ လွယ်လွယ်ကူကူ လုပ်လို့ရပါက လူတိုင်း တတ်နိုင်တာချည်း ဖြစ်နေပါလိမ့်မယ်)
ကဲ .. မိတ်ဆွေ သင့်ကို စာရင်းထည့်လိုက်မယ် အရောင်တောက်ပတဲ့ အထဲကို(သာမန်ဖယောင်းတိုင် မဟုတ်ဘူးနော်) သင် စတင်ဖို့ အတွက် အချိန်ရွေးလိုက်မယ် . . “ယခုပဲ ” စတင်ပါတော့ …
ကျွန်ုပ်၏ မေတ္တာများဖြင့် သင့်ကို ပံ့ပိုးပေးပါမည်……

မနက်ဖြန်များစွာ တောက်ပဖို့ ဒီနေ့ အားထုတ်လိုက်ကြစို.
ဘာနေ…..

No comments: