Monday, February 27, 2012

ပရဟိတနဲ့ဝလေလေ



ပရဟိတလုပ်နေသူတိုင်းဖတ်သင့်သည်။သေချာစွာဖတ်ပေးပါ။ ပရဟိတ နဲ့  ပက်သက်ပြီး ဖိုရမ် တင်ချင်နေတာ ကြာပါပြီ။ အချိန်မရတာရယ် စကားလုံးအသုံးအနှုန်း ရင့်သွားမှာစိုးသဖြင့် စဉ်းစားနေရတာရယ်ကြောင့် မတင်ဖြစ်တာပါ။ ဒါကတော့ ဂျာနယ် တစ်ခုထဲက ဆောင်းပါး တစ်ပုဒ်ကို ပြင်ဆင်ဖြတ်တော က် ချယ်မှုန်းပြီး ကိုယ်ပြောချင်တာများထည့်ရေးထားပါသည်။ ပရဟိတလုပ်နေသူတိုင်းဖတ်သင့်သည်။သေချာစွာဖတ်ပေးပါ။ 
                                                     ( ပရဟိတ ဆိုဒ်များပျောက်ပျက်သေဆုံးရခြင်းကိုမခံမရပ်နိုင်လွန်းသူ)
ယနေ့  ပွင့်လင်းပြောင်းလဲလာသော နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် အတူ ပရဟိတ အသင်းမြောက် များစွာတို့သည် မိုးဦးကျမှိုပွင့်များ ပမာအနယ်နယ် အရပ်ရပ်တွင် ပေါ်ပေါက်လာကြသည်ကို ၀မ်းမြောက်သာဓုခေါ်ဖွယ်ကြားသိတွေ့မြင်နေရပါသည်။
ကိုယ်ကျိုးထက်အများအကျိုးကိုသည် ပိုးဆောင်ရွက်လိုသောစိတ်ဓာတ်များလာကြသည့်လက္ခဏာတစ်ရပ် မို့ ကျေနပ် ဂုဏ်ယူစရာလည်း ကောင်းလှပါသည်။ တကယ်တော့ ကိုယ်ကျိုးကိုနောက်နားကျကျတွင်ထားပြီး အများအကျိုးကို ရှေ့ တန်းတင်ဆောင်၇ွက်လိုသောစိတ်ဓါတ်ကိုမွေးမြူလုပ်ကိုင်ကြရသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပါ။ အခက်အခဲပေါင်းများစွာရှိသည်ကိုကိုယ်တိုင်လုပ်ကြည့်မှသိနိုင်ပါသည်။ ရိုးသားတည်ကြည်မှု စိတ်ဓါတ်ခိုင်မာမှု မရှိလျှင် ရေရှည်မလုပ်နိုင်ဟု သုံးသပ်မိပါသည်။ ထို့ကြောင့် ပရဟိတလူစွမ်းကောင်းတို့၏ “အများအကျိုးအတွက်ဆောင်၇ွက်မည် ” ဟူသော သံဓိဌာန် ချတားသည့်  မျက်နှာများကိုမြင်ရသည်မှာ များစွာကျက်သရေရှိလှပါသည်။ တွေ့ ဆုံပွဲ အချို့ တွင် ကြားဖူးနေကျ အသင်းအဖွဲ့များအပြင် အနာကြီး ရောဂါသည်များကူညီစောင့်ရှောက်ရေးအသင်းကိုလဲတွေ့ရသည်။ထို့ အပြင် နှစ်ကယ် အသင်း ဟူသော ပရဟိတ အသင်းကို လည်း တွေ့ရပေရာ ကိုယ်ဝန်ဆောင်မိခင်နှင့် ယင်းမိခင်ဝမ်းထဲမှ ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသောအသင်းဖြစ်ကြောင်းသိရပေရာ သြော်..ထောင့်စေ့ လှပေစွ၊ အကျိုးကြီးလှပေစွ ဟုစိတ်ထဲမှာ ကျိတ်ပြီးလေးစားချီးကျူးမိပါသည်။ ထိုသို့သော ပရဟိတ အသင်းအဖွဲ့ များပေါ်ပေါက် လှုပ်ရှားပေါ်ပေါက် လာသည်မှာ တိုင်းပြည်အတွက် မင်္ဂလာရှိလှပါသည် ။ ရှေးယခင်ကလည်း ပရဟိတအသင်းများစွာကို ကြားဖူးခဲ့ပါသည်(အွန်လိုင်းမှာ လဲအများအပြားပါပဲ) သို့ သော် အချို့ သော အဖွဲ့ တို့သည် ရေရှည် ရပ်တည် နိုင်ခြင်းမရှိပဲ ပျက်ပြားသွားခဲ့ရသည်ကိုတွေ့ မြင်ရသည်။ ထို့ သို့ အဖွဲ့  ပျက် ရခြင်း၏ အဒိက အကြောင်းရင်းကိုသုံးသပ်ရလျှင် “ရိုးသားတည်ကြည် ခိုင်မာသော စိတ်ဓါတ်မရှိခြင်း (သို့ ) အားနည်းခြင်း၊ဟု တွေးမိပါသည်။အသင်းသားများ ရိုးသားဖြောင့်မတ်မှမရှိလျှင် အဖွဲ့ ပျက်ပါသည်။ခေါင်းဆောင်မှုညံ့ ဖြင်းခြင်း၊ ဦးဆောင်သူ အပါအ၀င် အသင်းသားအားလုံး မခိုမကပ်သော ၊ကိုယ့် အတ္တကိုမကြည့် သော စည်းလုံးညီညွတ်သော စိတ်ဓါတ်မရှိလျှင် အဖွဲ့ ပျက်ပါသည်။ မည်သည့်လုပ်ငန်းမဆို အခက်အခဲရှိသည် ဖြစ်ရာ ပရဟိတသည် အများအကျိုးဆောင်လုပ်ငန်းတွင် ပိုတွေ့ရတတ်ပါသည်။ ထိုအခက်အခဲများကိုမတုန်မလှုပ်ရင်ဆိုင်ဖြေရှင်းနိုင်သော ခိုင်မာသည့် စိတ်ဓါတ်မရှိလျှင် လညိး ထို အသင်းအဖွဲ့ သည် ရေရှည်ရပ်တည်ခြင်းငှာ မစွမ်းနိုင်ဟုထင်မိပါသည်။
နေရာဒေသတိုင်းတွင် သူများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိသူများ ပါဝင်လေ့ရှိတတ်သည်။ လူအများအထင်ကြီးလေးစားခြင်းကိုခံလိုခြင်း ၊ စီးပွားရေးအတွက် ပရဟိတကို ခုတုံးလုပ်ခြင်း ၊အဖော်ကောင်းလို့ စိတ်ပါခြင်း ၊ (မီတင်တစ်ခုတွင် အကိုတစ်ယောက်ပြောဖူးသည် ပရဟိတလုပ်ရင်ဆော်ကြည်လို့ ဆိုပြီး ခံယူချက်နဲ့ လုပ်သူတောင်ရှိသတဲ့ ) စသဖြင့် အဲ့လိုအဲ့လို အနှစ်သာရမရှိတဲ့ ဦးတည်ချက်များနှင့် ပါဝင်လာသော “ဝေလေလေ ” သမားများ အရေအတွက် များစွာပါဝင်နေ လျှင်ထိုအဖွဲ့ အစည်းသည်ေ၇ှ့ သို့ မတိုးတက်တော့ ပါ ကြိုးမဖြုတ်ပဲလှော်တဲ့ လှေပမာ အချိန် ကုန် လူပန်း အကျိုး မဲ့  အချည်းနှီး ဖြစ်ပြီး ပျက်စီး နိုင်ပါသည်။
ငယ်စဉ်က  သီချင်းတစ်ပုဒ်ကိုသတိရမိစေသည်။အဆိုတော်ဦးမင်းနောင်၏ ဇွဲ ဆိုသောသီချင်းဖြစ်လေသည်။
“ခုတော့လဲ ကျွန်တော်တို့ မြန်မာပြည် ရေတက် ငါးဇင်ရိုင်းလို ပုံခိုင်းကာဆိုချင်သည် ကောက်ရိုးမီးကဲ့ သို့  ဟုန်းခနဲထသည်” ဟူသောစာသားပင် ဆိုလိုသည်မှာ “မည်သည့် လုပ်ငန်းမဆို ဇွဲ ရှိစွာ မခိုမကပ် ၊ကျားကုပ်ကျားကဲ ကြိုးစားမှ အောင်မြင်နိုင်သည် ဟု လမ်းပြနှိုးဆော်ထားခြင်းပင်။ (ပရဟိတ လုပ်နေပါသည်ဆိုသူများ ကိုယ့်ကိုယ်ကိုယ် သုံး သပ်ကြည့်ကြစေချင်သည် ရေတက်ဦး ငါးဇင်ရိုင်းလို လား ၊ကောက်ရိုးမီးလို တစ်ခဏ ဟုန်းသော စိတ်ဓါတ်လား  )
 မြန်မာပြည် တနှံတလျားမှ ချစ်ကြည်လေးမြတ်လှစွာသော ပရဟိတလူစွမ်းကောင်းများ ရိုးသားတည်ကြည်ခိုင်မာသောစိတ်ဓါတ်၊ဇွဲ သတ္တိ  အားမာန်များဖြင့် ဆပွားခိုင်မာ အောင်မြင်နိုင်ပါစေဟုဆန္ဒ ပြုရင်း…………..
 ဝေလေလေ သမားများ နေရာဒေသတိုင်း ကင်းစင် နိုင်ကြပါစေ……….။

http://goldengeneration.ning.com/forum/topic/show?id=6468993%3ATopic%3A19518&xgs=1&xg_source=msg_share_topic

No comments: