Friday, February 17, 2012

စိတ်စွဲလမ်းဝင်စားမှု



အောင်မြင်ထွန်းပေါက်ချင်သူ မှန်သမျှ ပထမဆုံးခြေလှမ်းအနေဖြစ် လေ့ကျင့်မွေးမြူပေးရမယ့်
စိတ်ထားကတော့ စိတ်စွဲလမ်းဝင်စားမှုပင် ဖြစ်သည်။


တော်ရုံတန်ရုံ စိတ်ဝင်စားတာမျိုး နဲ့  မရနိုင်။
တစွဲတလမ်းနဲ့  စားလည်းဒီစိတ် ၊ အိပ်လည်းဒီစိတ်လို့ ကို ခေါ်ဆိုသတိမှတ်လောက်တဲ့ အထိ
ဖြစ်တဲ့  စိတ်ဝင်စားမှုမျိုးကိုသာ ဆိုလိုပါတယ်ခင်ဗျာ။



အဲဒါကတော့ အောင်မြင်နေသူတိုင်းမှာ တွေ့ ရတဲ့ စိတ်အနေအထားပင်ဖြစ်တယ်။ပြင်းထန်
တက်ကြွ နိုးကြားတဲ့  စိတ်အနေအထား မှန်ကန်မှုတော့  ရှိရပါမယ်။


သင်ကြိုးစားရယူနေတဲ့  အရာကို ရရှိဖို့ ဆိုတာ ထက်သန်တဲ့ ဆန္ဒက တါန်းအားပေးနေမှသာ ဖြစ်နိုင်ပါတယ်။
အဲသည့် ထက်သန်တဲ့ဆန္ဒကို ဖြစ်ပေါ်စေဖို့ က စွဲစွဲလန်းလန်း စိတ်ဝင်စားမှုရှိနေမှသာ  ဖြစ်ပေါ်
နိုင်ပါတယ်။


စိတ်စွဲလန်းမှုသာရှိနေမယ်ဆိုရင် လူဆိုတာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ စွန့်စားရပါစေ၊
လုပ်မှာပဲ၊ ဆော်မှာပဲ ၊ ကြိုးစားဖြစ်မှာပဲ ။ခက်ခက်ခဲခဲ လုပ်ရလဲ လုပ်ကိုင်နေမှာပဲ။


စိတ်စွဲလမ်းဝင်စားမှုက စိတ်ကို အစွမ်းကုန်  ထိပ်ဆုံးမှတ်အထိ အလုပ်လုပ်စေပြီး စိတ်ကူးတွေ ၊အကြံတွေ ၊
နည်းလမ်းတွေကို ဘယ်ကဘယ်လို ပေါ်ထွက်လာမှန်း မသိနိုင်ပေ ။စိတ်စွဲလမ်း ၀င်စားမှုက ယူံကြည်စိတ်
ကို ဖြစ်စေပါတယ်။ ဒွိဟ စိတ် မဖြစ်စေပါဘူး။


``` A mind troublend by doubt cannot focus 0n the course to victory.```

-ဒွိဟသံသယနဲ့  ထွေးငြိနေတဲ့  စိတ်ဟာ အောင်မြင်မှုလမ်းကြောင်း ဖြောင့်တန်းအောင် ချိန်ဆနိုင်မှာ
မဟုတ်ပေ။

စိတ်စွဲလမ်း ၀င်စားမှု ၊ စွမ်းအင်တန်ခိုးရစေမှု အကြောင်းတရာတွေကတော့ 

၁။ တိကျတဲ့  ရည်မှန်းချက် ထားရှိတာ။

၂။ ဆုံးဖြတ်ချက် အမြန်ချမှတ်တာ ( ဒွိဟ မရှိတဲ့ သဘော )

၃။ ကိုယ်ကျင်းတရား ခိုင်လုံတာ ( ရိုးသားမှု )

၎။ မိမိစိတ် လှုပ်ရှားမှုများကို တင်းတင်းကြပ်ကြပ် အုပ်ထိန်း ချုပ်တည်းနိုင်လား။

၅။ အကျိုးပြု လုပ်အားပေးမှုပြုဖို့  စိတ်အားထက်သန် စွဲမြဲနေတာ ။

၆။ မိမိလုပ်ငန်းကို ကောင်းစွာ သိနားလည်တာ ။

၇။ အရာခပ်သိမ်းတို့ အပေါ်မှာ သည်းခံနိုင်စွမ်းရှိတာ ။

၈။ မိမိလုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေအပေါ် သစ္စာရှိတာနဲ့  သဘာဝတရားအပေါ်
    ယုံကြည်မှု ရှိတာ ။

၉။ အသိပညာကို စွဲစွဲမြဲမြဲ ရှာမှီးတာ ။

၁၀။ စိတ်ကူးကြံစည်မှု  အာရုံများကို မျက်ခြည်မပြတ်  စောင့်ကြည့်နိုင်စွမ်းရှိတာ ၊၊

     တွေပဲ ဖြစ်ပါတယ်။

သုတေသီဘုန်းမြင့်သွေးဧ။်  
           လောကကြီးကို အနိုင်ယူတာ စိတ်ထားပါ  စာအုပ်မှ 
  

ညချစ်သူ

1 comment:

ချစ်စံအိမ် said...

လမင်းမဟုတ်တာသေချာတယ် ဟိဟိဟိ
ဘယ်အရာမှအလေးအနက်မထားတာ:P