Friday, February 17, 2012

ဖတ်ခဲ့ဖူးသမျှ သိမှတ်ဖွယ်ရာများ






ကျွန်တော် ဖတ်ခဲ့ဖူးသမျှ စာအုပ်စာပေများမှ သိမှတ်ဖွယ်ရာ အဖြာဖြာကို

 သူငယ်ချင်းအားလုံးကို  ဝေမျှပေးလိုက်ပါတယ်။ ဒီသိမှတ်ဖွယ်ရာ အဖြာဖြာ


တွေက စာဖတ်သူရဲ့ ဘ၀ ကို အကျိုးကျေးဇူးတစ်စုံတစ်ရာ ထင်ဟပ်စေမယ်ဆိုရင်


ကျွန်တော်အနေဖြစ် ပင်ပန်းသမျှ ပီတိနဲ့  ရွှင်လန်းနေမိမှာ  အမှန်ပါ။။။။။။။။။။။။။။။။။။။။။။။။






အသိတရားပမာဏအပေါ် မူတည်ပြီး လူ့ ဘ၀ အနိမ့်အမြင့် ဖြစ်လာတယ်။


ရိုးသားမှုသည် တန်းဖိုးကြီး ပြီး ရှားပါးသော အရာဖြစ်သည်။


လူတစ်ယောက်ဧ။် အမြင့်ဆုံးတန်းဖိုးသည် ယုံကြည် စိတ်ချရမှုဖြစ်သည်။


ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့ စကားကိုတန်းဖိုးထားကြတယ်။


အပြစ်ရှိပြီး လိပ်ပြာမသန့် ခြင်းသည် စွပ်စွဲမည့်လူမလို။


စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနဲ့ မဆိုင်။


လိုချင်တဲ့အရာတစ်ခုကို ရဖို့ အတွက် ထိုက်တန်တဲ့ ရင်းနှီးမှုတစ်ခုတော့ ပေးဆပ်ရမည်။


အခက်အခဲဆိုတာမရှိခဲ့ရင် အရည်အသွေးဆိုတာ ထုတ်ဖော်ခွင့်ရှိမှာ မဟုတ်ပေ။


ဒုက္ခဆိုတာ  နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ။


လောကမှာ တတ်သိတဲ့သူများပြီး သိတတ်တဲ့ သူရှားတယ်။

တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကို မမေ့မိပါစေနဲ့ ။

နေရာတကာ ခွင့်လွှတ်ခြင်းသည် လူမိုက်များကို မြေတောင်မြှောက်ပေးခြင်းဖြစ်သည်။

သည်းခံတက်တဲ့သူဧ။် ဒေါသကို သတိထားပါ။


ပေးဆပ်ခြင်းတွေ သိပ်များလာရင် ပေါက်ကွဲမှုတွေ ပြင်းထန်တတ်တယ်။


ကမ္ဘာမှာ စိတ်မချမ်းမြေ့ဖြစ်ရဆုံးမှာ ပညာမဲ့ခြင်းပင်။


ကမ္ဘာမှာ အကျည်းတန်ဆုံးက တစ်ခြားလူရဲ့ ဘ၀ကို မနာလိုဖြစ်ခြင်းပင်။


ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကို အကျိုးဆောင်ပြီး တုန့်ပြန်ကျေးဇူးမတောင်းဆိုဖြင်းပင်။


ကမ္ဘာမှာ အလှပဆုံးတရာက အရာရာကို မေတ္တာတရားထားခြင်းပင်။


ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကား ပြောဆိုခြင်းပင်။


သူငယ်ချင်းအားလုံးကို 


အစဉ်လေးစားခင်မင်လျှက်


ညချစ်သူ





1 comment:

ချစ်စံအိမ် said...

မှတ်သားသွားပါတယ် အကိုရေ