Sunday, February 19, 2012

ဘာက သင့်ကို မအောင်မြင်စေတာလဲ




သင့်မှာဖြစ်လာသမျှ အရာတိုင်းဟာ အကြောင်းမဲ့ ဖြစ်လာကြတာ မဟုတ်ပါဘူး။
သင် စာမေးပွဲကျတာ၊ ကောင်မလေးနဲ့ အဆင်မပြေတာ၊ ကျောင်း ဘောလုံးပြိုင်ပွဲမှာ သင်ရှုံးသွားတာ၊ ဒါတွေ အားလုံးမှာ အကြောင်းရင်းတွေ ရှိပါတယ်။
တစ်ခါတစ်လေမှာ တွေးမိမှာပါပဲ။
” မကောင်းတာတွေဟာ ဘာ့ကြောင့် ငါ့မှာပဲ ဖြစ်နေရတာလဲ ” – လို့။
သင့်ကိုယ်သင် မေးကြည့်ပါ။
သင့်ကို မအောင်မြင်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
ဘာက သင့်ကို အောင်မြင်မှုနဲ့ ဝေးရာကို ဆွဲခေါ်နေတာလဲ။
ကျနော်တို့အားလုံးမှာ ကျနော်တို့ကို မအောင်မြင်အောင်လုပ်နေတဲ့ အကြောင်းရင်းတွေရှိပါတယ်။
တချို့အရာတွေကို ကျနော်တို့ သတိမထားမိဘဲ လုပ်နေကြတယ်။
တချို့အရာတွေကိုတော့ ကျနော်တို့ သိရက်နဲ့ လုပ်နေမိတတ်ကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး Andrew Matthews က သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှဝေထားပါတယ်။


” အသက် ၁၃ နှစ်မှာ ကိုယ်က အာကျယ်ကျယ်ကောင်လေးပေါ့။ အဲဒါကပဲ ကိုယ့်ကို ဒုက္ခတွေပေးတာမှ အများကြီး။  ကိုယ့်ထက်ကြီးတဲ့ကောင်တွေက ကိုယ့်ဆိုရင် သင်ခန်းစာပေးလေမှလို့ပဲ စိတ်ကူးနေကြတာ။ သူတို့က အိမ်သာထဲမှာ ကိုယ့်ခေါင်းကို ရေထဲနှစ်ကြတယ်။ ဗီရိုထဲမှာ ကိုယ့်ကို သော့ပိတ်ထားတယ်။ တိုနီဖာဂူဆန်ဆို ဗွက်အိုင်ထဲ ဟပ်ထိုးကျအောင် ကိုယ့်ကို တွန်းချလေ့ရှိတယ်။
ကိုယ့်ဆရာတွေဆိုလည်း ဒီလိုပဲ။ ကိုယ့်ဆို ပညာပေးဖို့ပဲ တွေးကြတာ။ သူတို့က ကိုယ့်ပါးစပ်ကို အပ်နဲ့ ချုပ်ချင်ကြတာကလား။ ကိုယ့်ကို ဒုတိယကျောင်းအုပ်ကြီးဆီပို့မယ်။ ဆရာကြီးဆီမှာက ကြိမ်လုံးအကြီးကြီးတစ်ချောင်းရှိတယ်လေ။
” မက်သရူး ဘာတွေလုပ်လာလဲ “
” မစ္စစ် စတီးဝပ်က ပြောပါတယ်ဆရာကြီး၊ ကျနော်က မရိုမသေလုပ်တယ်လို့ “
” မင်းကရော မရိုမသေလုပ်သလား”
” ဟုတ်ကဲ့ပါ ဆရာကြီး”
” အရင်အပတ်ကလည်း မင်း ရောက်လာသေးတယ်မဟုတ်လား”
” ဟုတ်ကဲ့ဆရာကြီး”
” အဲဒါကရော ဘာဖြစ်လို့လဲ”
” မရိုသေလို့ပါပဲ ဆရာကြီး”
” လေးဘက်ထောက်စမ်း”
” ရွှမ်း ရွှမ်း “
” ကဲ မှတ်ပလား”
” ဟုတ်ကဲ့ပါ ဆရာကြီး”
နောက်အပတ်မှာလည်း ဆရာကြီးရုံးခန်းကို ကိုယ်ရောက်ပြန်ရော ။
” မက်သရူး ဘာတွေလုပ်လာလဲ “
” မစ္စစ် စတီးဝပ်က ပြောပါတယ်ဆရာကြီး၊ ကျနော်က မရိုမသေလုပ်တယ်လို့ “
” မင်းကရော မရိုမသေလုပ်သလား”
” ဟုတ်ကဲ့ပါ ဆရာကြီး”
” အရင်အပတ်ကလည်း မင်း ရောက်လာသေးတယ်မဟုတ်လား”
” ဟုတ်ကဲ့ဆရာကြီး”
” အဲဒါကရော ဘာဖြစ်လို့လဲ”
” မရိုသေလို့ပါပဲ ဆရာကြီး”
” လေးဘက်ထောက်စမ်း”
” ရွှမ်း ရွှမ်း “
” ကဲ မှတ်ပလား”
” ဟုတ်ကဲ့ပါ ဆရာကြီး”
အဲဒါတွေအားလုံးကနေ တစ်စုံတစ်ရာကိုတော့ ကိုယ်အသေအချာ ပညာရလိုက်တယ်။ ဒီဟာ ဒီဟာပဲ လုပ်နေလို့ကတော့ ရလာဒ်ကလည်း ဒီဟာ ဒီဟာပဲဆိုတာကို သိလိုက်တယ်။ ဘ၀မှာ တူသောလုပ်ရပ်ကနေ တူသောအကျိုးပဲ ရတတ်တာမဟုတ်လား
တိုတိုပြောရရင်
မင်းဘ၀ကို လက်ရှိနဲ့ မတူအောင် ကွဲပြားခြားနားချင်ရင်တော့ မင်းအပြုအမူတွေကို ပြောင်းပစ်ဖို့ပဲ ရှိတော့တာပေါ့။ “
ဒီဇာတ်လမ်းကနေ သင် တစ်ခုခုရလိုက်မယ်လို့ ယုံကြည်ပါတယ်။
သင့်ကို မအောင်မြင်အောင်လုပ်နေတဲ့အရာတွေက ဘာတွေလဲ။
သင့်ကို သင့်အိပ်မက်တွေနဲ့ ဝေးရာကို ဆွဲခေါ်နေတဲ့အရာတွေက ဘာတွေလဲ။
အဲဒါတွေက သင့်ရဲ့ အမူအကျင့်တွေပဲပေါ့။
အဲဒီအရာတွေကို သင် ပြုပြင်ပြောင်းလဲနိုင်လာတာနဲ့အမျှ သင်ဟာ အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။
ကျနော်တို့မှာ ပြဿနာတွေဖြစ်လာရခြင်းဟာ အဲဒီထက်ဆိုးတာတွေထပ်ဖြစ်မလာဖို့ ကျနော်တို့ကို သတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
သင် စာမေးပွဲကျခြင်းဟာ သင့်ကို ဒီထက်ပိုပြီးကြိုးစားဖို့ သတိပေးလိုက်ခြင်းပါပဲ။
ဘ၀မှာ ဖြစ်လာသမျှ ပြဿနာတိုင်းမှာလည်း ဒီသဘောအတိုင်းပဲဖြစ်ပါတယ်။
အဲဒီအရာတွေအားလုံးဟာ သင် ပြောင်းဖို့ ဖြစ်လာတာတွေချည်းပါပဲ။
သင့်ကို မအောင်မြင်စေတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်ပါ။
အဲဒါတွေကို ပြုပြင်ပြောင်းလဲပါ။
သင်ဟာ အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Ref: ဆယ်ကျော်သက်တွင် ပျော်ပျော်ရွှင်ရွှင် (ဘုန်းခေါင်-မြန်မာပြန်) Being A Happy Teenager by Andrew Matthews

yourlifesuccess.blog.com

No comments: