Sunday, February 12, 2012

ဆရာနဲ့ကျောင်းသား (ဘ၀အတွက်လိုအပ်တဲ့ ဆက်ဆံရေးအတွေး ဒသန)



by So Min Oo on Sunday, February 12, 2012 at 12:03pm ·
 
ပြသနာတစ်ရပ်ကိုစဉ်းစားအဖြေရှာရာမှာ တစ်ခုထက်ပိုတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာ
လူတိုင်းလက်ခံကြမှာပါ။
ထို့အတူပဲရလာတဲ့ ရလာဒ်တွေကလည်း ဖြေရှင်းတဲ့နည်းလမ်းတွေပေါ်မူတည်ပြီး ကွဲလွဲတတ်ကြပါတယ်။
မိမိနှင့်အမြင်မတူတိုင်း တစ်ပါးသူရဲ့ထင်မြင်ယူဆချက်တိုင်းဟာ မှားသည်ဟု ယူဆနေခြင်းကိုက
အမှားတစ်ခုကိုကျုးလွန်နေတာပါပဲ.....အောက်ပါဆောင်းပါးလေးကိုဖတ်ကြည့်ကြပါစို့
အရမ်းကောင်းတဲ့အတွေးအခေါ်ဒသနလေးတွေမို့ ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ....
စိုးမင်းဦး



************************************************************
ဆရာနဲ့ကျောင်းသား (အရမ်းကောင်းတယ် ဘ၀အတွက်လိုအပ်တဲ့ ဆက်ဆံရေးအတွေး ဒသန)


ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
“ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ၊ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်”…. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင်တော့ပါဘူး…
နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
“ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ.ဖြေလို.ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ” … သူကတော့မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိဖြေဆိုနိုင်ခဲ့ပါတယ်….

ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိအရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး “ဒုတိယ ကျောင်းသား”လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်


(၂)

ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး “က”တစ်လုံးရေးပြပါလို့ ခိုင်းပါတယ်။ ကျောင်းသားကရေးပြီး
ဆရာ့ရှေ.ကိုထိုးပေးလိုက်ပါတယ်…. ဆရာက သူ့အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက “ယ”ဖြစ်နေတာကိုး…

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်…ကျောင်းသားကရေးပြီး“စာရွက်ကို ဆရာ့ဘက်

တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်… ဆရာက သူ.အဖြေကိုသဘောကျ လက်ခံခဲ့ပါတယ်….
ဒီအဖြစ်ပျက်လေးမှာ “ကိစ္စရပ်တိုင်းမှာAngle Of Vision လို.ခေါ်တဲ့ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ”…ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ…ဒါပေမဲ့ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကိုပြတာကိုး… ဒီနေရာမှာသတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က “က” လို.မြင်ရအောင် သူက “ယ”လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး…သူလည်း အမှန်ပဲရေးလိုက်ပြီးဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ…

အချို.သော ကိစ္စရပ်တွေမှာသူ့ ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို့

စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ဆွေးနွေးပြဖို. လိုပါလိမ့်မယ်….
အဲဒါမှလည်းကိုယ်မှန်တယ်ဆိုတာကိုသူနားလည် လက်ခံနိုင်လာမှာပါ… အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကိုကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ့ ကြည့်ပြီးဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့
လိုလားအပ်တဲ့
အခြေအနေတစ်ခုကိုဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး…

(၃)

ဆရာကကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီးအပြစ်ပေးထားပါတယ်… အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို့လက်ယပ်ခေါ်လိုက်တယ်…
ဒါပေမယ့်အဲဒီအချိန်မှာ ကျောင်းသားကရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင်ကောင်းမှာပဲလို.တွေးနေချိန်ပါ…

ကျောင်းသားက လိုရာတွေးပြီးထိုင်ချလိုက်ပါတယ်…အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်…


ဒါဟာMisunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် BodyLanguageလို့ခေါ်တဲ့

ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်စကားပြောဆက်သွယ်တဲ့အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ
ဖြစ်တတ်ပါတယ်…အဆိုးဝါးဆုံးကတော့ အထက်ကဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)ရဲ့
လွှမ်းမိုးခြယ်လှယ်မှုကြောင့်သူတစ်ပါးရဲ့စကားကိုတလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ
အမှားမှားနားလည်သုံးသပ်မိတာတွေပါပဲ၊
ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊
ဘယ်လိုရည်ရွယ်ချက်နဲ.ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင်ကြိုးစားခြင်းဟာ
အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်…


(၄)

ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီးဒီလိုပြောပါတယ်…
“မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ”ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား
ကြည့်နေရာကနေဆရာခိုင်းတဲ့အတိုင်းလိုက်လုပ်ကြပါတယ်…အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး…
“အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ” လို. ထပ်ပြောပါတယ်…ကျောင်းသားအားလုံးဟာ
ဆရာလုပ်တဲ့အတိုင်းနားထင်ကိုလိုက်ထောက်ကြပါတယ်…ခဏနေမှ သူတို့မှားသွားမှန်း
အားလုံးကသဘောပေါက်လိုက်ကြပါတယ်…
“ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ”ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်…တပြိုင်တည်းလို့ ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကိုအရင်ရောက်သွားတဲ့ သဘောပါ…
အမြင်အာရုံဟာ
အလင်းကို အခြေခံပြီးအကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်… အလင်းရဲ့အလျင်ဟာ
အသံရဲ့အလျင်ထက်ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်…
ဒီသဘောတရားလေးကိုကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ.သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့်
ဟန်ပန်အမူအရာ ထားမှသာလျှင်ကိုယ်ပြောမယ့်စကား အရာထင်မှာပါ…
သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို့ မာန်ပြီးမျက်နှာကပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို
အလေးမထားပဲ နေမှာပါ…အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကိုပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့်မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို့ကတော့
အလုပ်ထုတ်ပစ်မယ်ဆိုတဲ့ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်…
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ…လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ
တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်သူ့ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်…


(၅)

ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို.မေးပါတယ်… ကျောင်းသားအားလုံးက
တညီတညွတ်တည်းဖြေကြပါတယ်…“အဖြူရောင်ပါ …”ဆရာက White Borad ရဲ့ မျက်နှာပြင်ကိုထောက်ပြီး ဒါကရော
ဘာအရောင်လဲလို့မေးပြန်ပါတယ်… မဆိုင်းမတွပဲ အားလုံးကအဖြူရောင်ပါလို. ဖြေကြပါတယ်…
“အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို WhiteBoard မှာ ကပ်ပြီးဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို့
မေးပြန်ပါတယ်”… ကျောင်းသားအားလုံးဖြေရန် စွံ.အ သွားပါတော့တယ်…

ဒီအဖြစ်အပျက်လေးမှာ လူတွေသတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကိုတွေ.မြင်နိုင်ပါတယ်….လူတစ်ယောက်က

ချမ်းသာမယ်…နောက်တစ်ယောက်က ပိုချမ်းသာမယ်…နောက်တစ်ယောက်ကပိုပြီးချမ်းသာမယ်စသဖြင့်ပေါ့…
သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်းမရှိသလို အစစ်အမှန်ဆိုတာလည်းမရှိနိုင်ပါဘူး… ဒါကြောင့်
ပြသနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့သတ်မှတ်ချက်တွေ
လာရောက်လွှမ်းမိုးတာမခံစေဘဲတကယ့်အရှိတရား (Being) မှာပဲစူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်….ဒီလိုမှလည်း
နည်းလမ်းကျပြီးမျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ…


(၆)

ဆရာက မေးပါတယ်…“အဖြူမဟုတ်ရင် ဘာလည်းကွ”အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်…
တစ်ကယ်က“အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ”ကျနော်တို.လည်း လူ.လောကထဲကပြသနာရပ်
တော်တော်များများမှာအဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကိုမစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View)တွေကိုသာ ရုတ်တရက်စဉ်းစားမိတတ်ကြပါတယ်…
ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ.အခြားလူပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ
တစ်ဘက်သူမှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်… ကိစ္စရပ်တိုင်းမှာဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး
ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံစဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်ရလဒ်တွေဟာ
တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေကိုနားလည်ထားရပါမယ်…“ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့
အမြင်တွေက လွတ်မြောက်ပြီးငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့်ဘယ်သူ.ရဲ့
လမ်းကြောင်းကပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ…

ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏမရဖို.၊ အနည်းဆုံး လောကထဲမှာ

ပြုံးပြုံးကလေးနေနိုင်ဖို.သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...


Posted by notsynthetics

Mandalay Gazette

No comments: