Tuesday, March 20, 2012

ဆံပင်ကျွတ်ခြင်းဆိုင်ရာ ရောဂါဆိုးများ

ဆံပင်ကျွတ်ခြင်းဆိုင်ရာ ရောဂါဆိုးများ
[By Ma Nandar ]
ဆံပင်ကျွတ်ခြင်းဟာ များသောအားဖြင့် လူလတ်ပိုင်းအရွယ်နဲ့ အမျိုးသားတွေဟာမှာပိုပြီး  ဖြစ်တတ်တယ်လို့ မှတ်ယူလေ့ရှိကြပါတယ်။
တကယ်တမ်းကျတော့ ဖွံဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အတူ ဆံပင်ကျွတ်ခြင်းဟာအလည်း သည့်ဘက်ခေတ်နောက်ပိုင်းမှာ
အသက်(၂၀)အရွယ် မိန်းကလေးများပင်လျှင် စိတ်ဖိစီးမှုကြောင့်လည်းကောင်း၊ မိမိတို့၏ လူမှုဘဝ နေထိုင်စားသောက်မှု ပရမ်းပတာ ဖြစ်ရခြင်း တို့ကြောင့်လည်းကောင်း ဦးခေါင်းအရေပြား ပြဿနာဖြစ်ရသူ ဦးရေတိုးပွားလာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။


လူလတ်ပိုင်းအရွယ်ကစပြီးတော့ မိမိရဲ့ ဘဝအပြောင်းအလဲပေါ်မူတည်ပြီး ဆံပင်ကျွတ်ခြင်းဟာလည်း မိမိခန္ဓာကိုယ်တွင်း ဟိုမုန်းပြောင်းလဲမှု ဖြစ်စဉ်အတိုင်းလိုက်ပြီး အနဲအမျ

ားကွာခြားပါသည်။ အသက် ၂၀ မှ ၃၀ အတွင်းသော အမျိုးသမီးတို့၏ ဆံပင်ကျွတ်ခြင်းဟာ မိမိတို့ရဲ့ စိတ်အနေအထား၊ ကိုယ်ခန္ဓာအသွေးအသား မညီမညွတ်မှုတွေနဲ့ တိုက်ရိုက် ပါတ်သက်နေတဲ့အတွက် အဲဒါတွေကို လျစ်လျှူရှု့ထားလို့ မရပါဘူး။
ဒါကြောင့်မို့လို မိမိဟာ အရင်ကထက် ပိုပြီး ဆံပင်ကျွတ်တာများလာပြီဆိုရင် ပေါ့ပေါ့ဆဆမနေသင့်ဘဲ မိမိဆံပင်ကျွတ်ရခြင်း အကြောင်းရင်းကို မိမိကိုယ်တိုင် စူးစမ်းဖို့လိုလာပါပြီ။

ကဲ.ဒါကြောင့် ဒီ တကြိမ်မှာတော့ ဆံပင်အတွက် စိတ်သောကရောက်နေသူများအတွက် မိမိတို့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူမှုဘဝတွေအပေါ်မှာလိုက်ပြီး ဖြစ်တတ်တဲ့ ရောဂါဆိုးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့......ဆံပင်နဲ့
ပါတ်သက်ပြီး ပူပင်သောကကို အဖြစ်စေဆုံး ပြဿနာအကြောင်းရင်းကတော့ စိတ်ဖိစီးမှုပါပဲ။
 လူဟာ စိတ်ဖိစီးမှု ဖြစ်လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေဟာ ကြုံ့သွားရပါတယ်။ သင်ပဲ စဉ်းစားကြည့်ပါ။ သာမာန် ပုံမှန်စီးဆင်းနေတဲ့ သွေးကြောတွေဟာ ရုတ်တရက် ကြုံ့သွားပြီဆိုတာနဲ့ သွေးလည်ပတ်မှုဟာ မကောင်းနိုင်တော့ပါဘူး။ သွေးလည်ပတ်မှု မကောင်းခြင်းရဲ့ နောက်ဆက်တွဲရလဒ် ဆံပင်ကို အာဟာရဓါတ်တွေ သယ်ဆောင်ပေးနေမှုဟာလည်း နှောင့်နှေးသွားရပါတော့တယ်။
သတ်မှတ်ချိန်မှာ လိုအပ်တဲ့ အာဟာရဓါတ်ကို မရတဲ့ ဦးခေါင်းခွံအရေပြားကြောင့် ဆံပင်များဟာ ကျွတ်ထွက်မှုများလာခြင်း၊
ဆံပင်လည်းသေးသိမ် ကြုံလှီသွားခြင်းတို့ကို ဖြစ်စေပါတော့တယ်။

သာမာန်ဆံပင်ကျွတ်တယ်လို့ ထင်ပြီး ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆနေမိမယ်ဆိုရင် ဆံပင်လုံးတွေဟာ တဖြေးဖြေး ပါးလာတာမျိုး၊ Alopecia areata လို့ခေါ်တဲ့ အမွှေးကျွတ်ရောဂါ ဖြစ်သွားတတ်တာမျိုးတွေကို ကြုံရပါတယ်။ Alopecia areata
ဖြစ်ပြီဆိုရင် ဦးခေါင်းပေါ်ရှိ ဆံပင်များဟာ အကွက်လိုက် ကျွတ်ထွက်တတ်ပြီး ဦးခေါင်းပေါ်မှာ မီးကွက်လောင်ထားသလို အကွက် အကွက်တွေ ဖြစ်ရုံမကဘဲ မျက်တောင်မွှေး၊ မျက်ခုံးမွှေးများပါ ကျွတ်ထွက်တတ်ကြပါတယ်

စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်လေ့ရှိတဲ့ အမျိုးသမီးများမှာ တွေ့ရတဲ့ ရောဂါလက္ခဏာကတော့ Diffuse alopecia လို့ခေါ်တဲ့ ဆံပင်တွေ အစုလိုက်အပြုံလိုက် ကျွတ်ထွက်ခြင်း ရောဂါပါပဲ။
သည်ရောဂါဟာ လူလတ်ပိုင်း အရွယ်မှာ စတင်လေ့ရှိပြီး၊ အများအားဖြင့် ဦးနှောက်သုံးပြီး အလုပ်လုပ်ရသူများ၊ စိတ်ဖိစီးမှုများသောသူများမှာ ဖြစ်လေ့ရှိပါတယ်။ အသက်အရွယ်ရလာခြင်း၊ စိတ်ဖိစီးမှု၊ နေ့စဉ်ပုံမှန် လည်ပတ်နေမှုများဟာ အစီအစဉ်မကျဘဲ ပရမ်းရတာ ဖြစ်နေအမျိုးသမီးများမှာလည်း သည်ရောဂါ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် မိမိမှာ သည်ရောဂါ အစပျိုးနေမှန်း သတိမထားဘဲ ပေါ့ပေါ့တန်တန်နေလိုက်မယ်ဆိုရင် အသက်ကြီးလာနဲ့အမျှ မြင်မကောင်းအောင် ဆံပင်များ လျှင်မြန်စွာကျွတ်ထွက်ပြီး တခေါင်းလုံးပြောင်သွားတဲ့ အနေအထားကို ရောက်သွားလေ့ရှိပါတယ်။

အမျိုးသားများ ဆံပင်ကျွတ်ရခြင်းရခြင်းကတော့ ပုံစံတမျိုးဖြစ်တယ်။ ဆံပင်တွေ အပိုင်းပိုင်း ပြတ်ထွက်ခြင်းနဲ့ ဦးခေါင်းခွံအရေပြား ပါးလာခြင်းတွေဟာ အမျိုးသားတွေမှာ အဖြစ်များလေ့ရှိတယ်။ အမျိုးသားများမှာလည်း အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ Postpartum alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ထွက်ခြင်းရောဂါဖြစ်နိုင်ပါတယ်။ မိခင်ကတဆင့်လည်း ရင်သွေးမှာ ပါလာတတ်ပါတယ်။

နောက်တမျိုးကတော့ နှစ်ကာလကြာရှည်စွာ ဆံပင်ပုံစံကို တသတ်မတ်တည်းထားခြင်း၊ မြင်းမြှီးဆံပင်ပုံစံ စတိုင်မျိုး ခပ်မြင့်မြင့် စုချည်ခြင်းတို့ကို နှစ်နဲ့ချည်ပြီး ပြုလုပ်ပါက Traction alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်းရောဂါဆိုးတမျိုး ဖြစ်နိုင်ပါသေးတယ်။ မိမိရဲ့ အစားအသောက်မမှန်ခြင်း၊ ဆံပင်ပုံစံ အထားအသို မမှန်ခြင်းတို့ကြောင့် ဆံပင်ကျွတ်ရခြင်းကို အလွယ်တကူ ပြုပြင်နိုင်ပေမယ့် မိမိရဲ့ စိတ်ဖိစီးမှု၊
စိတ်သောက ဖြစ်မှုတို့ကြောင့် ဆံပင်ကျွတ်ရခြင်းကို ကာကွယ်ဖို့ရာမူ အချိန်ပေး၍ အစစအရာရာ ပြုပြင်နိုင်မှ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက စိတ်ဖိမှုဖြစ်၍ ဆံပင်များကျွတ်၊ ဆံပင်ကျွတ်ခြင်းကြောင့် ထပ်ဆင့် စိတ်ညစ်ရနဲ့ လုံးထည်ချာလည်ဖြစ်နေပါလိမ့်မည်။

ကဲ.ဒီတော့ စိတ်ဖိစီးမှုကြောင့် ဆံင်ကျွတ်ရခြင်း၊ အမွှေဒအမျှင်ကျွတ်ရောဂါဆိုးဖြစ်ြ
ခင်းမှ ကာကွယ်နိုင်အောင် ဘယ်လို ပြုမူနေထိုင်သင့်ပါသလဲ။
(၁) သတ်မှတ်ချိန်တခုထားပြီး တည်တည်ငြိမ်ငြိမ် အိပ်စက်ခြင်းကို နေ့စဉ် မဖြစ်မနေ ပြုလုပ်ပါ။
   (ဆိုလိုသည်မှာ ဒီနေ့တော့ ည ၁၀နာရီအိပ်ယာဝင်တယ်။ မနိပ်မယ်က်ဖြန်တော့ မအားလို့ ၁၂နာရီမှ အိပ်မယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။      အိပ်သောအခါလည်း အရာရာကို မေ့ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အေးအေးလူလူ အိပ်နိုင်ရန် ကြိုးစားပါ။ မိုးသာလင်းသွားတယ် အိပ်တချက်နိုးတချက်နဲ့ ဘယ်ညာ လူးလိမ့်နေသော အိပ်စက်ခြင်းမျိုးမဖြစ်ပါစေနဲ့)

(၂)မိမိရဲ့ စိတ်ဖိစီးမှုကို ဘယ်လိုပြေလည်အောင် ဖြေရှင်းနိုင်မလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ (ဆိုလိုသည်မှာ မိမိလတ်တလော မဖြေရှင်းနိုင်သော်လည်း ဘယ်နည်းနဲ့ ဖြေရှင်းလျှင် အကောင်းဆုံးဖြစ်မည်ဆိုတာကို အရင်ဆုံးသိအောင်လုပ်လိုက်ပါ)

(၃)ဆံပင်အတွက် အဟာရဓါတ်ကို ဖြည့်စီးပေးနိုင်မယ့် အစားအသောက်တို့ကို လေ့လာပြီး တတ်နိုင်သမျှစားသုံးပါ။

(၄)တနေ့တာမှာ မိမိအတွက် အကောင်းဆုံး အဆင်အပြေဆုံးအချိန်တခုကို အနဲဆုံး ၁၅မိနစ်လောက်ဖြစ်ဖြစ် သတ်မှတ်ပြီး စိတ်ဖြေလျှော့ခြင်းကို မဖြစ်မနေ ပြုလုပ်ပေးပါ။

(၅) ဆံပင်အတွက် မလိုအပ်သော ငွေကုန်ကြေးကျခြင်းများကို တတ်နိုင်သလောက် လျှော့ချပစ်ပါ။ (ဆိုလိုသည်မှာ ဥပမာ အားဖြင့် ဆိုင်မှာ ခေါင်းလျှော်သည်မည့်အစား မိမိဘာသာ လျှော်လိုက်ခြင်းဖြင့် မိမိဆံပင်ကျွတ်ခြင်း အနေအထားကို ကိုယ်တိုင်သိနိုင်သကဲ့သို့ ငွေကြေးကုန်ကျမှုလည်း သက်သာနိုင်ပါသည်)

နေ့စဉ် မိမိရဲ့ စိတ်ဖိစီးမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာ၊ နေ့စဉ် မိမိရဲ့ တနေ့တာ စားဝတ်နေရေးအတွက် အတွက် လှုပ်ရှားသွားလာမှုတွေမှာ ဘာတွေဟာ အားနည်းချက်ဖြစ်နေတယ် ဆိုတာမျိုးတွေကို မိမိကိုယ်တိုင်ရှာဖွေပြီး နားလည်သဘောပေါက်အောင် လုပ်နိုင်ဖို့ရာ အလွန်အရေးကြီးပါတယ်။

လူအတော်များများဟာ skin care တွေ၊ diet တွေ၊  hair careတွေ လုပ်တတ်ကျပေမယ့် ဦးရေပြား အတွက်ကိုတော့ မေ့နေတတ်ကြပါတယ်။ Hair care နဲ့ Scalp care မတူတာကို သတိမထားမိကြပါဘူး။ တကယ်ဆို ဦးရေပြားဟာ နံပတ်တစ် အရေးအကြီးဆုံးလို့ပင် ဆိုနိုင်ပါတယ်။ ကိစ္စတခုခု၊ ပြဿနာတခုခုပေါ်လာတိုင်း အရင်ဆုံး ရင်ဆိုင်ရတာက မိမိရဲ့ ဦးခေါင်းအတွင်းက ဦးနှောက်ဖြစ်သလို၊ အရင်ဆုံး ထိရောက်မှုကို ခံရတာဟာလည်း ဦးရေပြားဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။

ဒါကြောင့် ငယ်ရွယ်သေးသူများအနေနဲ့လည်း ငယ်ပါသေးတယ်ဆိုပြီး မိမိဦးခေါင်းအရေပြား ကျန်းမာရေးကို ပေါ့ပေါ့တန်တန် မထားသင့်ပါဘူး။
ဒီဆောင်းပါးကို ဖတ်ပြီးချိန်ကစလို့  မိမိတို့အတွက် မလိုလားအပ်တဲ့ ကြောက်စရာကောင်းတဲ့ အမွှေးအမျှင် ကျွတ်ခြင်း ရောဂါဆိုးများ မဖြစ်ပွားရလေအောင် သတိရှိကြပါစို့လို့ တိုက်တွန်းလိုက်ရပါသည်။

အေးနန္ဒာအောင်(ဂျပန်)
ဂျပန်ဘာသာဖြင့် ရေးသားထားသော အလှအပရေးရာ အမေးအဖြေ websiteမှ ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။