Tuesday, March 27, 2012

ကျိုးပဲ့လွင့်စင်သွားသော မဟာသင်္ကြန်









သင်္ကြန်ဟူသည်နှစ်ဟောင်းမှ နှစ်သစ်  သို့ ကူးပြောင်းသည့်ကာလ၊ ရေပက်ဖျန်း သည့် နှစ်သစ်ကူးပွဲတော်ဟု အဓိပ္ပာယ် ဖွင့်ဆို၍ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟု မြန်မာ့ စွယ်စုံကျမ်းတွင်တွေ့ရသည်။
မြန်မာလူမျိုးတို့သည် ဟိန္ဒူအယူဝါ ဒ သက်ဆင်းလာသောဓလေ့အတိုင်း မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါ ကြီးများအား သနပ်ခါးနံ့သာရည်များကို သပြေခက်ကလေးများနှင့်တို့ကာ ပက်ဖြန်း ကန်တော့ကြသည်။
တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်အဆိုင်စကားနိုင်လုကာတေးသီချင်း သံချပ်များတိုင်၍ ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲ ခဲ့ကြသည်။
အတာသင်္ကြန်ပွဲသည် ပုဂံခေတ်က ပင် အလေ့အထရှိခဲ့သည်။ ပိတောက်တွေ  ရွှေရည်လူးကြချေပြီ။

တစ်နှစ်မှတစ်ခါသာ ပွင့်ကြသည့် ပိတောက်များ၊ ငုဝါများက ထိန်ထိန်သာ လျက်ရှိနေသည်။
ချစ်ဦးသူအတွက် တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆိုပိတောက်ဟု တင်စားကာ ချစ်ရည်လူးကြသည်။ သင်္ကြန် သီချင်းများလည်း ပျံ့လွင့်လို့လာချေပြီ။
သင်္ကြန်အခါသမယသည် ချစ်စရာ ကောင်းသေသာ ရေသဘင်ပွဲဖြစ်သည်။ တစ်ဦးကိုတစ်ဦး ရေများပက်ဖြန်း၍ ကျီ စယ်နောက်ပြောင်ဆော့ကစားခဲ့ကြသည်။  တစ်ဦးအပေါ်တစ်ဦးစိတ်မဆိုးခဲ့ကြပါ။
နောက်ပိုင်းကာလများတွင် ပျော်ရွှင် စွာရေကစားမှုမှသည် ခွက်စောင်းခုတ်လာ  ကြသည်။ ယခင်ကကြေးပွတ်ဖြင့်ကစားရာ  မှ ယခုအခါမီးသတ်ပိုက်များဖြင့်အသုံးပြု လာကြသည်။ သင်္ကြန်ရေပက်ဖြန်း၍ အေးချမ်းစေရန် မဟုတ်တော့ဘဲခန္ဓာကိုယ်  အားအနာတရဖြစ်အောင် လုပ်လာကြ သည်။
ပူဖောင်းထဲရေထည့်၍ ရေဘောလုံး  များဖြင့် ပစ်ပေါက်ကြသည်။ ရေကိုကြွပ် ကြွပ်အိတ်ဖြင့်ထုတ်၍လည်းကောင်း၊ ပလက်စတစ်အိတ်ဖြင့် ထုပ်၍လည်းကောင်း နောက်ပြောင်ကျီစယ်ပစ်ပေါက်ကစားခဲ့ ကြ၍ မျက်လုံးကန်းသူလည်းကန်းသွားခဲ့ ကြရသည်။ အရေးပြားစုတ်ပြဲသူလည်းစုတ်  ပြဲခဲ့ကြရသည်။
ပျော်ရွှင်စရာကောင်းသော သင်္ကြန် ကို ပြင်းထန်စွာရိုက်ချိုးမှုများကြောင့် အကျည်းတန်အရုပ်ဆိုးစေခဲ့ရသည်။
နံ့သာရည်ပက်ဖြန်း၍ ရနံ့လှိုင်သော သင်္ကြန်ပန်းများပွင့်လန်းသည့်ကာလသည် လူအများ၏သွေးညွီနံ့လွှမ်း၍ သေပန်းပွင့်  ခဲ့ကြရဖူးသည်။
သင်္ကြန်ရောက်ပြီဆိုမှဖြင့် သောက် ကြ၊ စားကြ၊ အပျော်လွန်ကြူးကြသည်။ မူးယစ်သောက်စားကြရာမှ ရမ်းကားလာ ကြတော့သည်။
တစ်ဘက်နှင့်တစ်ဘက်ခိုက်ရန်ဖြစ် ပွားပြီး ညစ်ညမ်းယုတ်မာစွာဆဲကြ၊ ဆို ကြ၊ ထိုးကြိတ်၊ ရိုက်နှက်၊ သတ်ဖြတ်ကြ သဖြင့် မြန်မာ့ရိုးရာ ချစ်စရာကောင်းသော  ရိုးရာသင်္ကြန်ကို အကျည်းတန်ပြီး သရုပ် ဆိုးစေခဲ့ကြသည်။
ကားကိုအပြိုင်မောင်းသည်။ ကား ချင်းတိုက်မိကြသည်။
အရှိန်မထိုးနိုင်၍ ကားများတိမ်း မှောက်ခဲ့ကြသည်။ ကားတိုက်မိ၍ သေ ဆုံးခဲ့ကြသည်။ ကားပေါ်မှ ပြုတ်ကျ၍ ဆုံးပါးသည်များလည်းရှိသည်။
မဏ္ဍပ်ထဲသို့ ကားဝင်တိုးသည်။ တစ်  စီးနှင့် တစ်စီး အလုအယက်ကျော်တက် မောင်းနှင်ကြသည်။ အပျော်လွန်ကြူး၍ လူပေါင်းများစွာအချိန်မတိုင်မီ လူ့လော ကထဲက ထွက်ခွာခဲ့ကြရတော့သည်။
ခေတ်သည် မြန်ဆန်စွာတိုးတက် ပြောင်းလဲလျက်ရှိပါသည်။ အတုမြင်လျှင်  အတတ်သင်ကြသည်။ ယခုခေတ် မိန်းကလေးများဟီရိသြတ္ထပ္ပကင်းမဲ့စွာဖြင့် ၀တ်စားဆင်ယင်ကြသည်။
ရှေးခေတ်မိန်းကလေးများ ထဘီကို ခြေဖျားထိဝတ်ဆင်ကြသည်။ ခြေမျက်စိ အပေါ်ကို ထဘီရောက်မလာပါ။ ယခု အခါ စကတ်ထဘီရှေ့ဘက်မှခွဲထားသည့် ထဘီအကွဲကြောင်းမှာပေါင်ရင်းအထိ ရောက်နေသည်။
ရှေးယခင်ကမမြင်အပ်သောအရာ ကို ဖုံးကွယ်ထိန်းသိမ်းခဲ့ကြသော်လည်း ယနေ့ခေတ်တွင်ကား မမြင် မြင်အောင် ဖော်ချွတ်ထားကြတော့သည်။ ဘောင်းဘီး  သားအပျော့ကို တင်းကြပ်အောင်ဝတ်၍ ပုံဖော်ပြတော့သည်။
ဘောင်းဘီကို ပေါင်ရင်းအထိတို ထားသည်။ တင်းကြပ်အောင်ဝတ်ထား သည့် ဘောင်းဘီဝတ်ဆင်ထားသည့် အမျိုးသမီးများမှာ ပုရိသယောက်ျားများ အားမချင့်မရဲဖြစ်အောင် သွေးဆောင်မြူ ခေါ်နေကြသယောင်ဖြစ်သည်။ ပြစ်မှုကို ဖိတ်ခေါ်နေသည့်အလားဖြစ်နေသည်။
ဝတ်ထားသည် အင်္ကျီကိုလည်းကြည့်  ပါဦး။ ၀ိုက်ထားသည့်လည်ဟိုက်က ရွှေ ရင်နှစ်မွှာအစုံကို ဖုံး၍ ပင်မလုံတော့ပါပြီ။
အတွင်းဘော်လီမပါ၊ ခပ်ပါးပါးဝတ် ထားသည်မှာ သင်္ကြန်ကာလရေပက်ဖြန်း လိုက်စဉ် ထင်းကနဲလင်းကနဲအတိုင်းသား မြင်ရသူအဖို့ရင်ဖိုလှိုက်မောရတော့သည်။
ဆင်းရဲလွန်း၍ အ၀တ်အစားမတတ်  နိုင်ဟုဆိုလျှင် မပြောလိုပါ။ အ၀တ်အစား  လုံခြုံအောင်ဝယ်ယူဝတ်ဆင်နိုင်ပါလျက် မလုံ့တလုံ အလုံးစုံအောင် အကုန်ဖော် ၍ ““တုံတုံတုံ”” တမင်ပြုလုပ်နေကြသည်။အချို့သောစုံတွဲများသည် လူမြင် ကွင်းတွင် အရည်အကြောက်ကင်းမဲ့စွာ ဖြင့် မောင်နှင့်နှမ၊ သားနှင့်အမိ မကြည့် ၀ံ့အောင် ဖက်ကြ၊ လျက်ကြတော်သလင်း  လဖြစ်နေကြသည်။
နောက်ပြောင်ကျီစယ်နေကြသည်မှာ လည်း ပက်စက်လွန်းလှသည်။ အားမနာ၊ လျှာမကျိုးပိုးစိုးပက်စက်အော်ဟစ်ပြော ဆိုကြသည်။
ရှေးယခင်မိန်းမသားများသည် နား ရှက်စရာမကြားဝံ့သော စကားကို ကြား လိုက်ရလျှင် ရှက်သွေးဖြာ၍ မျက်နှာတစ် ပြင်လုံး ပန်းနုရောင်ဖုံးသွားသည်။ ယခု ခေတ်တွင်ထိုစကားမျိုးကို ယောကျာ်းတွေ ကမပြောမိန်းမတွေကပြောကြတော့ ယောကျာ်းတွေ ရှက်သွေးဖြာရမလို ပြောင်းပြန်ဖြစ်နေသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင် အများပြည်  သူဆိုင်ရာလမ်းမပေါ်တွင်ဖြစ်စေ၊ အနီး အနားတွင်ဖြစ်စေ၊ ညစ်ညမ်းသောစကား၊ သီချင်း၊ လင်္ကာတို့ကိုပြောဆိုလျှင်ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၂၉၄ဖြင့် အရေးယူ ခြင်းခံရမည်ဖြစ်သည်။
မိန်းကလေးများမလုံ့တလုံ၊ မပေါ် တပေါ်ဝတ်စားဆင်ယင်၍ ယောကျာ်း သားများအား မြူခေါ်ခြင်းသည် ပြည့်တန်  ဆာအဆင့်သို့ရောက်ရှိသွားနိုင်သည်ကို သတိပြုကြရန်လိုပါသည်။
သင်္ကြန်တွင်း နောက်ပြောင်ကျီစယ် ရာမှ ကိုယ်ထိလက်ရောက်ကျူးလွန်မိလျှင်  ကာယိနြေ္ဒပျက်မှုဖြင့်အရေးယူခံရနိုင်သည်။ကိုယ်ထိလက်ရောက် မဖွယ်မရာကိုင်တွယ်တတ်သူများ ၊ကိုင်တွယ်ချင်သူများသတိထားရပါလိမ့်မယ်။သင်္ကြန်တွင်းရေပက်ခံထွက်လျှင် အဖိုးတန်ရတနာပစ္စည်းများဝတ်ဆင်သွား ရန်လည်း မသင့်လျောပါ။ ပျောက်ရှတတ်  သည် သာမကလုယက်ခြင်းလည်း ခံရနိုင် သည်။
ယဉ်ကျေးသောအတာရေသဘင်ပွဲ ကို လူတိုင်းပျော်ရွှင်စွာ ဆင်နွှဲလိုကြသည်။ နှစ်သစ်ကူးအခါသမယတွင် အတာရေ ပက်ဖြန်း၍ အေးချမ်းသာယာစွာဖြင့် နှစ် ဟောင်းကိုစွန့်၍ နှစ်သစ်သို့ကူးပြောင်းလို ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန် တော်ကြီးပတ်လမ်းပေါ်သို့အမှတ်တမဲ့ ရောက်သွားခဲ့သည်။ တစ်ချိန်ကကန်ပတ် လမ်းပေါ်တွင် ရေကစားမဏ္ဍပ်များဖြင့် စည်ကားနေကြသည်ကို ပြေးပြီးမြင်ယောင်  မိသည်။
အနောက်တိုင်းတေးဂီတများ သူ့ထက်  ငါ အပြိုင်အဆိုင်ဖွင့်ထားသည့်အသံများ က ဘ၀ဂ်ထိညံနေသည်။
အတာရေနှင့်အတူ နံ့သာရေများက  လူတို့၏ ကိုယ်ပေါ်မှတဆင့်ကားလမ်းမ တစ်လျှောက်ရွှဲစိုနေတော့သည်။
ထိုနေ့သည်ကား ဧပြီလ (၁၅) ရက် သင်္ကြန်အကြတ်နေ့ဖြစ်သည်။ သင်္ကြန် ကာလ လူစည်ကားနေချိန်တွင် သီချင်း များနှင့် တီးလုံးသံများကို ကျော်လွန်၍ ပေါ်ထွက်လာသည့်ပေါက်ကွဲသံကြီးသည် ကား ပျော်ရွှင်မြူးတူးစွာရေကစားနေကြ သူများကို အံ့သြထိတ်လန့်တုန်လှုပ်ခြောက်  ခြားသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင်ပျော်ရွှင်မြူး တူးကခုန်နေကြသူများသည်အော်ကြ၊  ဟစ်ကြ၊ ငိုယိုကြ၍ အကူအညီတောင်းခံ သံများ ဆူညံစွာပေါ်ထွက်လာတော့သည်။
နံ့သာသင်းပျံ့နေသော အတာသင်္ကြန်  သည် သွေးညီနံ့များဖုံးလွှမ်းခဲ့ရသည်။
အေးမျှသောအတာရေတို့သည်လည်း လူတို့၏သွေးများက အမည်းရောင် ကတ္တ ရာလမ်းကို အနီရောင်သို့ပြောင်းလဲစေခဲ့ သည်။
သင်္ကြန်မဏ္ဍပ်၌ရေကစားနေကြသူ များအား လုပ်ကြံဗုံးခွဲခဲ့ကြ၍လည်း လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ကိုယ်လက်အင်္ဂါများချို့တဲ့ခဲ့ရသည်။ အသက်မသေဘဲ ကျန်ရှိသော်လည်း ဒုကိ္ခတဘ၀ကို ရောက်ခဲ့ကြသူများ မနည်း လှပါ။
ချစ်စရာ၊ ကြည်နူးစရာကောင်း သော အတာသင်္ကြန်ကို ၀မ်းနည်းကြေ ကွဲမှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ ဆီသို့ အရုပ်ဆိုးအကျည်းတန်စေခဲ့သည်။
ယခုအခါ သင်္ကြန်ကာလသို့ မကြာ ခင်ရောက်ရှိလာချေတော့မည်။ အတိတ် က ထိတ်လန့်တုန်လှုပ်ကြောက်ရွှံ့ခဲ့ကြရ သည်များကို မေ့ပျောက်၍မရနိုင်သေးပါ။
သင်္ကြန်သို့ရောက်လေတိုင်း သာယာ  ကြည်နူး၊ ဆွတ်ပျံ့လွမ်းမောဖွယ်ရာများကို တမ်းတမိကြသကဲ့သို့ ထိတ်လန့်တုန်လှုပ် ဖွယ်ရာများသည်လည်း ပျောက်ပျက်၍ မသွားခဲ့ပါ။ အရိပ်မည်းကြီးပမာဖြစ်နေ သည်။
““ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်”” ဆိုသကဲ့သို့ရိုးရာ မပျက်ဆင် နွှဲလျက်ရှိသော သင်္ကြန်ကာလတွင် အပျော်  မလွန်ကြစေရန်နှင့် လုံခြုံရေးသတိ အစဉ် ရှိကြစေရန်လိုပါသည်။
ယခုနှစ်သင်္ကြန်သည် ယခင်နှစ်က နှင့်အတူ ပိုမို၍လွတ်လပ်မှုရှိလာသည်။ တိမ်မြုပ်ပျောက်ကွယ်၍ မကြားရ၊ မမြင် ရသည်မှာ ကြာပြီဖြစ်သော သင်္ကြန်သံ ချပ်များလည်း ပြန်လည်ကြားရပေတော့ မည်။
လွတ်လပ်သည်ဟု ဆိုရာ၌ စည်းမဲ့ ကမ်းမဲ့ လွတ်လပ်ခြင်းမျိုးကိုတော့ လက်မ ခံနိုင်ပါ။ သင်္ကြန်သံချပ်တိုင်ကြားရာတွင် လည်း အစိုးရကိုအကြည်ညိုပျက်စေ သည့်စကားများ ပါဝင်မှုမရှိရန်လည်း သတိပြုကြရပေမည်။
ဓလေ့ထုံးစံချစ်စရာကောင်းသော သင်္ကြန်ကိုမိမိကြောင့် မညစ်နွမ်းစေသင့် ပါ။ သင်္ကြန်ကိုမဖျက်ဆီးစေချင်ပါ။ သင်္ကြန် ရောက်ပြီဆိုမှဖြင့် မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်သော အနိဌာရုံများကို ကြား သိနေရသည်မှာ စိတ်ပျက်စရာကောင်း လှပါသည်။ သင်္ကြန်၏အသွင်သဏ္ဌာန်၊ သင်္ကြန်အလှ၊ သင်္ကြန်၏ သဘာဝကို လည်း အကျည်းတန်၊ အရုပ်ဆိုး၊ ရိုက်ချိုး ဖျက်ဆီးသူများကို တရားဥပဒေက လက် ပိုက်ကြည့်နေမည်မဟုတ်ပါ။
ခေတ်စနစ်တွေပြောင်းလာ၍ ယခင်  ကထက်ပိုမို လွတ်လပ်ခွင့်ရလာသည်မှာ မှန်ပါ၏။ စည်းမဲ့ကမ်းမဲ့ လွတ်လပ်ခြင်း မျိုးတော့မဟုတ်ပါ။
အမိယုတ်က နှုတ်သရမ်းသည်၊ အဖယုတ်က ကိုယ်အမူအရာကြမ်းတမ်း သည်။ သားသမီးမကောင်းမိဘခေါင်းဟု ဆိုသဖြင့် သင်္ကြန်ကာလအတွင်းသာမက အမြဲထာဝရ သားသမီးများကို ထိန်းသိမ်း ကွပ်ကဲဆုံးမကြရန်မိဘများတွင် တာဝန်ရှိ ပါသည်။
သားသမီးကို မဆုံးမသော မိခင် သည် နားရွက်ကိုက်ခံရသည့်အဖြစ်မျိုး မဖြစ်စေချင်ပါ။
သားသမီးကိုချစ်သော မိဘများက သားသမီးကိုသွန်သင်ဆုံးမကြရမည်ဖြစ် သကဲ့သို့ လိမ္မာယဉ်ကျေးသောသားသမီး တိုင်းသည်လည်း မိဘဆရာသမားတို့၏ ဆိုဆုံးမမှုကို မြေ၀ယ်မကျလိုက်နာကြရပါ  သည်။
သင့်ကြောင့်ယဉ်ကျေးသိမ်မွေ့သော မြန်မာ့သင်္ကြန်အကျည်းတန်အရုပ်မဆိုး စေချင်ပါ။
နိဂုံးချုပ်အားဖြင့် ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို့ နှစ်သက်မြတ်နိုးခုံမင်ကြသော ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကို ဒဏ် ရာဒဏ်ချက်များမရှိရလေအောင် ရိုက်ချိုး  ဖျက်ဆီးမှုမပြုကြပါရန် တင်ပြလိုက်ရပါ သည်။

written by ဦးခင်ဇော် (မရမ်းကုန်း)
hotnewsweekly