Showing posts with label သမိုင်းတစ်ကွေ့ မှတ်တမ်းများ. Show all posts
Showing posts with label သမိုင်းတစ်ကွေ့ မှတ်တမ်းများ. Show all posts

Friday, October 21, 2011

အနော်ရထာ


အနော်ရထာမင်း (မြန်မာ ၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်း တွင်သည်။ အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အနော်ရထာ (သို့) ပုဂံသမိုင်းမျက်နှာစာ

ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။

ထီးနန်းရရှိပုံ

ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။
  • ("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။ 
စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရား နှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကို အကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။ အနော်ရထာသည် ထိုသူအား နန်းတော်သို့ ခေါ်၍ သူကောင်းပြုထားပြီး ထိုသူမှာ ခေတ်ကြာသော် ကျန်စစ်သားဖြစ်သည်။

သာသနာအကျိုးဆောင်မင်းမြတ်

အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး‎ တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။
အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။
ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တ်ာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။
မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူ၍ အရေအတွက်မှတ်သားပြဆိုသော စာဆိုစကား ကျန်ရစ်လောက်အောင် သာသနာ့အဆောက်အဦ ဘုရားပုထိုးများ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် အနော်ရထာသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီးတို့ကို နှိမ်နင်းခဲ့သည်။
အနော်ရထာ ဘုရင်သည် မြောက်ဘက် နှင့် အရှေ့ဘက် ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအား စည်းရုံးသိမ်းသွင်းပြီးနောက် တောင်ဘက်ရှိ မွန်နယ်များနှင့် မွန်လူမျိုးများအား ဆက်လက်သိမ်းသွင်းခြင်း ပြုသည်။ ထို့နောက် အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် မာလာယုကျွန်းဆွယ်ကြီးများအား စိုးပိုင်သည့် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ်နှင့် မွန်လူမျိုးများ၊ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသအား ကမ္ဗောဇဘုရင်များက ၎င်းတို့၏ လက်အောက်ခံ ပဏ္ဏာဆက်ပြည်နယ်များအဖြစ် သဘောထားကာ ဆက်သွယ်နေသော ကြောင့် ဖြစ်သည်၊ အနော်ရထာဘုရင် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်မှာ အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇဘုရင်များ မှ ၀င်ရောက် စွက်ဖက်ခြင်း မတွေ့ ရှိရ သောကြောင့်ဖြစ်သည်။
သို့ သော် ၁၃ ရာစုခန့် တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့  ၀င်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ကြပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ ကိုယ် သူတို့  မွန်ခမာလူမျိုး တို့ ၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အားပြန်လည်ဖဲ့ယူ ရန်ကြိုးပမ်း သောကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့ သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။
အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့ အား စည်းလုံး သိမ်း သွင်း ပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့ နောက် နိုင်ငံရေး အရ ၊ အိန္ဒိယ နိုင်ငံ အာသံနှင့် ဘင်္ဂလားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိန္ဒိယ နိုင်ငံ အရှေ့ ဘက် တလွှား မှ မကြာ ခဏ ၀င်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။ အနော်ရထာ သည်ရခိုင် ကမ်းရိုးတန်း ဒေသများ အား နိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်းခြင်းဖြစ်သည် ပုဂံခေတ်တလျှောက်လုံးတွင် ရခိုင်ပြည် သည်မိမိတို့ ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာ ရှိ နေကြပြီး ရခိုင် လူမျိုး တို့  ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည် ၀င်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ်နှင့်နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့  ၏ ပြဿနာ ဖြစ်သည်။ ယင်း အရည်းကြီး တို့ ၏ ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့ သည် မင်းပြိုင် ကဲ့ သို့ ဖြစ်နေသည်။ ထို့ ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာဏာ ကြီးမားလျက် ရှိ သော အရည်းကြီး တို့  ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန်ရဟန်းတော် အရှင် ဓမ္မ ဒဿီ ဘွဲ့ ခံ ရှင်အ ရဟံ အမှူးပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။
ထို ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့ နောက် ထို အရည်းကြီး လူထွက်များ အားပုဂံပြည် ၏ အ ထွေထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းဖြင့်မြန်မာ ရာဇ၀င် များ ၌ ရေးသား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှုသည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။
ထို အရည်းကြီး တို့ ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ မျှ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ ကို နောက် တန်း သို့ ပို့ လျက် ထေရ၀ါဒ သာသနာ က ရှေ့ တန်း သို့  တက် လာ ခဲ့ သည်။ သို့ ရာ တွင် ထို အရည်း ကြီး တို့၏ သြဇာ အ ရှိန် အ၀ါ သည် လုံးဝ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း မျှ လောက် သာဖြစ်သည်။
မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ သည့် ၀ါဒများ သည်ရောထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။ သို့ သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည် ၊ သို့ သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့ အား သူ့  ခေတ် နှင့် သူ့ နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ကြ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင်ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။ (မသက်ဇင် ၏ အနော်ရထာ ကျိုးပမ်းခြင်းဖြင့် ရှေ့တန်း ရောက်လာသည့် ထေရ၀ါဒသာသနာ)

သူရဲကောင်းများ

အနော်ရထာမင်း လက်ထက်တွင် မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သော ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူ၍ သူရဲကောင်းလေးဦး ပေါ်ထွန်းခဲ့သည်။ သူရဲကောင်းလေးဦး အပြင် ဗျတ္တ ဆိုသော သထုံက ကုလားတစ်ယောက်လည်း ပါသည်။ ဗျတ္တသည် သထုံပြည်အား အနော်ရထာမင်း တိုက်ခိုက်သောအခါ ပါဝင်ခဲ့သော သူရဲကောင်း ဖြစ်သည်။

မိဘုရားများ

မိုးကောင်းအရှင် မင်းကြီး၏ သမီးတော် စောမွန်လှအား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ရှေ့ရှု၍ အနော်ရထာမင်းအား တရုတ်ပြည်မှ တိုက်ခိုက်အောင်မြင်ပြီးအပြန်တွင် လက်ဆက်ပေးခဲ့သည်။ အနော်ရထာသည် စောမွန်လှအား အလွင်ချစ်မြတ်နိုးပြီး အပါးတော်၌ ထားတော်မှုခဲ့သည်ဟု ဆိုသည်။ ထိုးကြောင့်ပင်လျှင် နန်းတွင်း မနာလိုမှု့များ ဖြစ်ပေါ်ခဲ့ပြီး စုန်းမ ဟုစွက်စွဲခါ ရှမ်းပြည်သို့ နယ်နှင်ခဲ့သည်။ သို့သော် လမ်းတွင် နားဒေါင်းကြရာ တည်းထားခဲ့သော ရွှေစာရံ စေတီတော် ကြောင့် ပုဂံပြည်သို့ ပြန်လယ်ခေါ်ခဲ့သည်။
ပဲခူးဘုရင်သည်လဲ သမီးတော် မဏိစန္ဒာကို အနော်ရထာ မင်းအား ဆက်သခဲ့သည်။

ကျောက်စာများကပြောသော အနော်ရထာမင်းကြီး

အနော်ရထာမင်းစောဟု လူသိများသော အနိရုဒ္ဓ(အေဒီ ၁၀၄၄-၁၀၇၇) မင်း၏ဘွဲ့အမည်မှာ သင်္သကရိုက်ဘာသာစစ်စစ်ဖြင့် မဟာရာဇဂြီ့ အနိရုဒ္ဓဒေ၀ ဖြစ်သည်။ သူသည် ပထမမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သူဟု ရာဇ၀င်ကျမ်းအဆက်ဆက်တွင် ရေးသားဖေါ်ပြထားသော်လည်း နောက်ပိုင်းတွေ့ရှိချက်များအရ အေဒီငါးရာစုနှစ်မှ- ၇ ရာစုနှစ်အတွင်းပျူတို့ တန်ခိုးသြဇာကြီးလာ၍ ပထမပြည်ထောင်စုတည်ထောင်ခဲ့သည်ဟူသော အယူအဆသာပိုမိုသက်သေပြနိုင်ပါက အနော်ရထာမင်းကြီးသည် ဒုတိယပြည်ထောင်စုကို တည်ထောင်ခဲ့သူသာ ဖြစ်ပေမည်။ အနိရုဒ္ဓမင်းကြီး၏ ကောင်းမူ့တော် မြေပုံဘုရားများကို ပုဂံအတွင်းအပြင်၊တကောင်း၊မိတ္ထီလာ၊မင်းဘူးနှင့် ပြည်အစ ရှိသော နေရာဒေသများတွင် တွေ့ရသည်။ မြောက်ဘက်အကျဆုံးအနေဖြင့် မိုးမိတ်နယ်ရှိနွားတလဲရွာဆိုးဆိုသော အရပ်တွင်တွေ့ရ၍ တောင်ဘက်အကျဆုံးအဖြစ် မြိတ်မြို့နယ်တွင်တွေ့ရသည်။ ထို့ကြောင့် အနိရုဒ္ဓမင်းကြီး၏ အာဏာစက်မှာ မြောက်ဘက်မိုးမိတ်နယ်မှ တောင်ဘက်တနသာင်္ရီနယ်ထိ ကျယ်ပြန့်လှပါသည်ဟုဆိုနိုင်သည်။ သို့သော်တနသာင်္ရီနယ်ကို မင်းကြီး ချီတက်သိမ်းပိုက်ခဲ့သည် ဆိုသောအချက်မှာ သမိုင်းပညာရှင်များ အချီအချပြောနေကြဆဲဖြစ်သည်။
မင်းကြီး၏ကောင်းမူ့တော် မြေပုံဘုရားများသည်အရွယ်အစားအားဖြင့် အလျား ခုနစ်လက်မ၊အနံ ငါးလက်မ၊ထုသုံးလက်မ ရှိတတ်သည်။ အရွယ်အစားနှင့် အသေးစိတ်လက်ရာများ အနည်းငယ်ကွဲပြားခြားနားတတ်သည်။ မြေပုံဘုရားများ၏ ပုံသဏ္ဍန်မှာ ရှေ့တွင် မြတ်စွာဘုရားပုံတော်ကို လောကနာထနှင့် မေတ္တယ ဘုရားလောင်းနှစ်ပါး ခြံရံထား၍ လည်းကောင်း၊ တစ်ခါတစ်ရံ ထူပါရုံနှစ်ဆူခြံရံထား၍လည်းကောင်းထုလုပ်ထားသည်။ ကျောဘက်တွင်ဆုတောင်းစာ နှင့် သွန်းလုပ်လှူဒါန်းသူ မင်းကြီး၏နာမည်ကိုတွေ့ရှိနိုင်သည်။ ထိုစာများကို ပါဠိ၊ သင်္သကရိုက်ဘာသာနှစ်ခုရောပြီး ရေးသားထား၍ ရေးဟန်မှာအောက်ပါအတိုင်းဖြစ်သည်။
မင်းအနိရုဒ္ဓ တည်းဟူသော ငါသည် သုဂတ(ဗုဒ္ဓ) ပုံကိုသွန်းလုပ်စေ၏။ ငါကောင်းမူ့ကြောင့် မေတ္တယ ဘုရားဖြစ်လျှင် ငါလည်းနိဗ္ဗာန်ရစေသတေး ။
အေဒီ၁၄၈၀ တွင်ရေးထိုးထားသော ကလျာဏီ ကျောက်စာတွင် အနိရုဒ္ဓမင်းကြီးသည် အေဒီ၁၀၅၇ တွင် သထုံကိုသိမ်းယူခဲ့သည်ဟုပါသည်။ ရာဇ၀င်အစောင်စောင်တို့တွင် ပါရှိသကဲ့သို့ သာသနာရေးသက်သက်ကြောင့်စစ်ခင်းခဲ့သည်ဆိုသည်မှာ မဟုတ်တန်ရာဟု သမိုင်းပညာရှင်တချို့က ယူဆထားကြသည်။ အမျိုးသား ကြီးကျယ်မြင့်မြတ်ရေးကိုလည်း ရှေးရူပြီးအောက်မြန်မာနိုင်ငံကိုဝါးမြိုခဲ့ခြင်းလည်းဖြစ်နိုင်သည်ဟု ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်ကြီးများက ယုံကြည်ထားကြသည်။ မည်သို့ပင်ဖြစ်စေ အနိရုဒ္ဓမင်းကြီးသည် သထုံကို ရခြင်းနှင့်အတူ ဗုဒ္ဓဘာသာနှင့် မွန်ယဉ်ကျေးမူ့များကိုလည်း ရယူပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသကို ရရှိခြင်းကြောင့်လည်း သီဟိုဠ်နှင့် ပင်လယ်ကူး ဆက်သွယ်ရေး တိုက်ရိုက် ရရှိနိုင်ခဲ့သည်။
ယင်းဆက်ဆံမူ့များကို မြန်မာရာဇ၀င်၊သီဟိုဠ်ရာဇ၀င် များတွင်ဖေါ်ပြထားသည်။ မှန်နန်းရာဇ၀င်(အပိုဒ်၁၃၅)အရ အနိရုဒ္ဓသည် မိမိတည်ထားသော ရွှေစည်းခုံစေတီတွင် ဌာပနာရန် ဆွယ်တော်တစ်ဆူကို သီဟိုဠ်၌ အပင့်လွှတ်သည် ဟုပါရှိသည်။ စူဠ၀ံသ ပထမတွဲ(စာမျက်နှာ၂၀၂-၂၃၄) တွင်လည်း ၀ီဇယဗာဟု ခေါ် သီရိလင်္ကာဗောဓိ အမည်ရှိ သီဟိုဠ်မင်းက တောင်ပိုင်းအိန္ဒိယမင်းတို့လာရောက်တိုက်ခိုက်သောကြောင့် ရာမညမင်းထံလက်ဆောင်များစွာပို့၍ သဘောင်္တစ်စင်းကို အကူအညီတောင်းသည်ဟုပါရှိသည်။ ထိုသို့အကူအညီ တောင်းခံချိန်သည် အေဒီ၁၀၆၀ မှ ၁၀၆၃ ထက်နောက်မကျနိုင်သောကြောင့် အကူအညီပေးသော မင်းမှာ သထုံကိုသိမ်းပိုက်ပြီးသော အနိရုဒ္ဓမင်းကြီးပင်ဖြစ်ပေသည်။ နောက်ထပ်တကြိမ်တွင်လည်း သီဟိုဠ်တွင် သာသနာရေး ပြုပြင်မူ့များပြုလုပ်လိုသောကြောင့် သီဟိုဠ်ဘုရင်က ရဟန်းတော်များစေလွှတ်ပေးရန် အနိရုဒ္ဓမင်းကြီးထံ တောင်းခံလာပြန်သည်။ အနိရုဒ္ဓမှ ကူညီခဲ့သောကြောင့် သီဟိုဠ် နှင့် မြန်မာနိုင်ငံသည် အနိရုဒ္ဓလက်ထက်ကပင် သာသနာရေးမဟာမိတ်များ အဖြစ်ဆက်သွယ်ကူညီမူ့များရှိခဲ့ကြသည်။ မင်းကြီး၏အခြားဆောင်ရွက်ချက်များ ဖြစ်သော တရုတ်နိုင်ငံသို့ချီတက်ခြင်းစသော ကိစ္စများအတွက်မူ ငြင်းဆိုရန် သို့မဟုတ် ထောက်ခံရန်အတွက်မည်သည့် အထောက်အထားမှ မတွေ့ရှိရသေးပေ။အနော်ရထာ လွန်လျှင် သားဖြစ်သူ စောလူးမင်း နန်းဆက်ခံသည်။

ပထမမြန်မာနိုင်ငံတော်နှင့် အနော်ရထာ

၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ကြပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည်တရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့်အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။
အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက် တွင် ခမာလူမျိုး များ ၏ ကျော် ကြား ထင်ရှား သည့် ကမ္ဗောဇ နိုင်ငံ တော်ကြီးရှိပြီး မြန်မာနိုင်ငံမှ တနင်္သာရီ ကမ်းရိုးတန်း နှင့် မာလာယု ကျွန်းဆွယ် များ အထိ တန်ခိုး သြဇာ ပြန့် နှံ့လျက် ရှိ သည်။အင်ဒိုနီးရှင်း ကျွန်း စု ဘက် တွင် အိန္ဒိယ သမုဒ္ဒရာ အား လွှမ်း မိုး လု မတတ် တန်ခိုး သြဇာ ကြီး မား သည့် သီရိဝိ ဇယ နိုင်ငံတော် ကြီး ရှိသည်။ အိန္ဒိယ နိုင်ငံ တောင်ဘက် ဒေသများ နှင့် သီဟိုဠ်ကျွန်း အပါ အဝင် ဘဂ်လား အော် နှင့် အာရပ် ပင်လယ် များ အထိ တန်ခိုးသြဇာကြီး မားသည့် ချိုလာ နိုင်ငံတော်ကြီး စည်းလုံးမှု ပျက်ပြား စ ပြု လျက် ရှိသည်။
အိန္ဒိယ နိုင်ငံ မြောက်ဘက် တွင် မူစလင် များ ၀င်ရောက် ကာ လွှမ်းမိုး စ ပြုလျက် ရှိသည် ကို မြန်မာနိုင်ငံဘေး ပတ်ဝန်းကျင်တွင် တွေ့ ရှိရ သည်။ မြန်မာနိုင်ငံ တွင်း၌ လည်း အလယ်ပိုင်း ဒေသတ၀ိုက် တွင် ပျူ နှင့် မြန်မာ ရောထွေး လျက် ငှင်း။ တောင်ပိုင်း ဒေသ တ၀ိုက် တွင် မွန်လူမျိုး များ သည် မြို့ ပြပြည် နယ် များ ထူ ထောင် လျက် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အရ ကမ္ဗောဇ နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက် ရှိ သည်။ရခိုင် ကမ်းရိုးတန်း ဒေသ တွင် ရခိုင်လူမျိုးစု များ သည် ကိုယ်ပိုင် အုပ် ချုပ်ရေး နှင့်ပြည်နယ်ကလေးများ ထူ ထောင်လျက် ရှိပြီး ၊ အိန္ဒိယ နိုင်ငံ ဘဂ်လား နယ် ၏ လွှမ်းမိုး တိုက်ခိုက် မှု ကို တွန်းလှန် ခု ခံ နေ ရ သော အ ချိန်ဖြစ်သည်။မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တွင် ရှမ်း လူမျိုး များ သည် စော်ဘွား များ အုပ်ချုပ် သည့်မြို့ ပြ ပြည်နယ် များ ထူထောင်လျက်ရှိသော် လည်း လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အား ဖြင့် ထိုင်းရှမ်းတို့ ၏ နန်ချို နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက်ရှိသည်။ကယား ပြည်နယ် ၊ မိုးဗြဲနယ် နှင့် သံလွင် တ၀ိုက် တွင် ကရင်လူမျိုးစု များ သည် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေးများဖြင့် တသီးတခြား နေထိုင် လျက်ရှိကြသည်။ တောင်ဘက် တလွှား တွင် အင်အားကြီးမား လာသည့် မွန်လူမျိုးများသည်၎င်း မြန်မာ နိုင်ငံမြောက်ဘက် နှင့် အရှေ့ ဘက် တလွှားရှိ ရှမ်း လူမျိုး များ သည် ငှင်း မြန်မာ နိုင်ငံ အပြင် အပ မှ တန်ခိုးကြီး နိုင်ငံ နှစ်နိုင်ငံ တို့  ၏ ကျောထောက်နောက်ခံမှုကို ရရှိထားကြသဖြင့်၊ အနော်ရထာမင်းနန်း တက်ချိန် ပုဂံပြည် တ၀ိုက်တွင် နေထိုင်လျက် ရှိကြသည့် မြန်မာလူမျိုးများသည် ကြားတွင် အညှပ်ခံနေရ သကဲ့သို့ ရှိပြီး များစွာ စိုးရိမ်ထိပ်လန့် ဖွယ်ရာ အခြေသို့  ဆိုက်ရောက်လျက်ရှိသည်။
ထိုကဲ့သို့ ရင်ဆိုင်နေရသည့် ပြည်တွင်းပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲများသည် မိမိတို့၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကိုတိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်းလုံးခြင်း များပြုကြသည်။
အနော်ရထာ ဘု ရင်နှင့် မြန်မာ အကြီး အကဲ များ သည် ပုဂံပြည် ၏ အင်အား ကို တိုး ချဲ့ဖြည့် တင်း သည် ဆိုရာ ၌ ထို အချိန်က မြန်မာလူမျိုး တို့ ၏ အဓိက ကုန်ထုတ် လုပ်ငန်းဖြစ်သော ရေသွင်း စိုက်ပျိုး ရေးလုပ်ငန်း ကို တိုး ချဲ့ စိုက် ပျိုး ၍ ကာကွယ် ရေး အင်အား ကို ဖြည့် တင်းခြင်း ပင်ဖြစ်သည်။ သမိုင်းဝင် အထောက် အထား များ အရ အနော်ရထာ ဘုရင်ဦး ဆောင် သော မြန်မာလူမျိုး များ သည်ကျောက် ဆည်နယ်ရှိ ပန်း လောင်း နှင့် ဇော်ဂျီမြစ် တို့  ကို အမှီပြု ကာ ဆည်ကြီး ၇ ဆည် ကို တူးဖေါ် ခဲ့ကြသည်။ ၃ နှစ် ခန့် အလုပ်သမား ပေါင်းမြောက် များ စွာ ဖြင့် လုပ်ဆောင်ခဲ့ရကြောင်း မြန်မာရာဇ၀င် ဟောင်းများ ၌ ရေး သား ထားသည်။
ထို့ အပြင် ပျက်စီးလျက် ရှိသည့် မိတ္ထီလာကန်ကြီး ကို လည်းပြန် လည်ပြင်ဆင် ၍ ရေသွင်း စိုက်ပျိုးရေး လုပ် ငန်း အတွက် ချဲ့ ထွင်ခြင်း ပြုကြသည်။ ထိုသို့  ဆည်ပေါင်း များ စွာ တိုးချဲ့လိုက် သဖြင့် အထွေထွေစီး ပွား ရေး သည် တရှိန် တည်း တိုးတက် လာကာ ကျောက်ဆည်နှင့် မိတ္ထီလာ နယ်များ သည် ပုဂံပြည် ၏ စပါး ကျီ များ ဖြစ်လာသည်။ စီးပွားရေး သော့ချက် လည်းဖြစ်လာသည်။ ပုဂံပြည် ၏ အင်အား သည်လည်း တိုးတက်ပြည့်ဖြိုးလာသည်။ ထို့ နောက် ရိက္ခာ ၊ ဘဏ္ဍာများ စွာကုန်ကျခံကာ လူမြောက် များစွာ သုံးပြီး ရှမ်းမြန်မာနယ်စပ် တလျှောက် ၊ ဗန်းမော်မှ တောင်ငူ အထိ ကင်းမြို့ ၄၃ မြို့ မျှ ဖွဲ့စည်း တည် ထောင်သည်။ ယင်းသို့  နယ်စပ်တလျှောက် ကင်းမြို့ ၄၃ မြို့ ကို စံနစ် တကျ ဖွဲ့ စည်း တည်ထောင်ပြီး နောက် မြန်မာနိုင်ငံ မြောက်ဘက် နှင့် အရှေ့  ဘက် ရှိ ရှမ်းနယ်များ သို့ ချီတက် သိမ်းသွင်းသည်။ ထို့ နောက် ပုဂံပြည် နှင့် ယူနန်အကြား ရှိ ရှမ်းနယ်များ ကို နန်ချိုနိုင်ငံ ဘုရင်များ က ငှင်းတို့ ၏ ပဏ္ဍာဆက် အ ဖြစ်သဘောထား ကာ ဆက်သွယ် နေသောကြောင့် နိုင်ငံရေး အရ အနော်ရထာ ဘုရင် သည် နန်ချို နိုင်ငံသို့  ချီတက်သွားရောက် သည်။ ထိုအချိန်က နန်ချို နိုင်ငံ ၏ စည်းလုံး မှု ပျက်ပြား လျက် အင်အား လျော့ပါး နေ သော အချိန် လည်းဖြစ် ၍ အောင်အောင်မြင်မြင်ဖြစ်ခဲ့သည်။ အဘယ် ကြောင့် ဆိုသော် အနော်ရထာ ဘုရင် လက်ထက် မှ အစပြု ၍ ပုဂံ ခေတ် တလျှောက်လုံး မြန်မာနိုင်ငံ အတွင်း ရှိ ရှမ်းနယ်များ ၏ အရေး အခင်း နှင့် ပတ်သက် ၍ နန်ချိုမင်းဆက် ဘုရင်များ ၏ ၀င်ရောက် စွက်ဖက်မှု ကို မတွေ့ ရှိရသောကြောင့်ဖြစ်သည်။
မြန်မာ နိုင်ငံ မြောက်ဘက်နှင့် အရှေ့ ဘက် ရှိ ရှမ်းနယ်များ ကို အနော်ရထာဘုရင်သည် စည်းလုံး သိမ်း သွင်း သည်ဆိုရာ၌ ရှမ်း နယ်များ ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု တို့ အား ၀င် ရောက် စွက်ဘက်ခြင်း ပြု သည်ကို မတွေ့ ရပဲ နိုင်ငံရေး သဘော မျှ လောက်သာပင် ချုပ်ကိုင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် ၏ စော်ဘွား အကြီး အကဲ များ က ပုဂံမင်းဆက် ဘုရင်များ အား ခါ အား လျော်စွာ လက်ဆောင်ပဏ္ဍာ ဆက်သွင်းခြင်းပြု ရ သော နိုင်ငံရေး ဆက်ဆံ မှု လောက် သာဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်း တလျှောက်လုံး လိုလို ပင် ရှမ်းနယ် အကြီး အကဲ များ သည် မိမိတို့ ၏ ပြည် နယ် များ ကို မိမိတို့ သဘော အတိုင်း လွတ်လပ် စွာ အုပ်ချုပ်ခဲ့ကြ သည်သာ ဖြစ်သည်။ တနိုင်ငံလုံး ၏ အရေး နှင့် သက်ဆိုင် ခြင်းမရှိ လျှင် မြန်မာမင်းဆက် ဘုရင်များ သည် ရှမ်းပြည်နယ် များ ၏ အုပ်ချုပ်ရေး အား ၀င် ရောက်စွက် ဖက်ခြင်းပြု သည်ကို လည်း မတွေ့ ရချေ။

နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ

မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာ (မွန်) နိုင်ငံဖြစ်သော ကမ္ဗောဒီယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတနိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။
ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “ မဟာဇေယျဘယမင်း ” ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနား ပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယား ရာဇဝင် တဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။
ယင်းသို့ နိုင်ငံတော်ကို ချဲ့ ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန်ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။
ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် မြန်မာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း ၄၃ မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။
အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသောဆင်တော် သန်မြန်စွာကို ချွမ်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်၌ပင် ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။ သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို ၃၃ နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူမင်း နန်းတက်သည်။
မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား……
  1. အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။
  2. အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။
  3. မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။
  4. အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
  5. အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။
  6. အရှေ့ တောင်ထာင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။

တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ

  1. လောကနန္ဒာစေတီ(ပုဂံ)
  2. တန့်ကြည့်တောင်စေတီ
  3. ရွှေစည်းခုံစေတီတော်(ပုဂံ)
  4. ရွှေဆံတော်စေတီ(ပုဂံ)
  5. တူရင်းတောင်စေတီ
  6. ငှက်ပစ်တောင်ဘုရား
  7. ဥပါလိသိမ်

ဦးကုလားနှင့် ပံ့သကူမထေရ် (မင်းယုဝေ)



သက္ကရာဇ် ၁၀၇၆ ခုတွင် နန်းတက်သော အင်းဝဘုရင် တနင်္ဂနွေမင်း လက်ထက်တွင် ဦးကုလားသည် မဟာရာဇဝင်ကြီးကို ရေးလေသည်။ ဦးကုလားသည် မဟာရာဇဝင်ကြီးအပြင် ရာဇဝင်လတ်၊ ရာဇဝင်ချုပ်တို့ကိုလည်း ရေးလေသည်။ မဟာရာဇဝင်ကြီးတစောင်တည်းနှင့်ပင် ဦးကုလားကို ထူးချွန်သူ ဟူ၍ ခေါ်ဆိုသင့်ပေသည်။
ဤသို့ဆိုသည်မှာ အကြောင်းနှစ်ချက် ရှိသည်။ ပထမအချက်မှာ ဦးကုလားသည် မြန်မာစကားပြေ အရေးအသားတွင် ထူးချွန်သောကြောင့် ဖြစ်လေသည်။ မဟာရာဇဝင်ကြီးပါ ဦးကုလား၏ စကားပြေ အရေးအသားသည် စံတင်ထိုက်သည်။ ရှင်းလင်းသည်။ ပြတ်သားသည်။ ကျစ်လစ်သည်။ သိပ်သည်းသည်။ သိလွယ်၊ မြင်လွယ်၊ ထင်လွယ်သဖြင့် လူများစု(ဝါ) လူထုနှင့် နီးစပ်သော အရေးအသားဖြစ်သည်ဟု ဆိုရပေမည်။
ဒုတိယအချက်မှာ အတိတ်ကာလမှာ မြန်မာတို့ အကြောင်း ဆန်းစစ် ဖော်ပြရာတွင် ဦးကုလားသည် အကောင်း အဆိုးကိုကောင်းစွာ သိမြင် ခွဲခြား ဖော်ထုတ်နိုင်သောကြောင့် ဖြစ်ပေသည်။ ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ဤသူကား အများပြည်သူကောင်းကျိုးဆောင်သူတည်း။ ဤသူကား အများပြည်သူဆိုးကျိုး ပြုသူတည်းဟူ၍ လက်ညှိုးညွှန်ပြဘိအလား မှန်ကန်စွာ ခွဲခြား ဖော်ပြထားပေသည်။
ထို့နောက် ပြည်သူ့ကောင်းကျိုး ဆောင်သူတို့ကို အလေးအနက် ချီးကျူး၍ ပြည်သူ့ဆိုးကျိုးပြုသူတို့ကို ထိထိမိမိ ကဲ့ရယ်ထားသည်မှာလည်း လွန်စွာ ပြောင်မြောက်လှပေသည်။
ဦးကုလား၏ ဥာဏ်စွမ်းနှင့် ကန့်ကူ လက်စွမ်းကို သိရှိရန် ပံ့သကူမထေရ်အကြောင်း ဖော်ပြချက်ကို ယခုတင်ပြလိုပေသည်။ပံ့သကူမထေရ်ခေါ် ပံ့သကူ ငစွယ်ရှင် မထေရ်ကား အခြားသူမဟုတ်။ အလောင်းစည်သူမင်း လက်ထက် ရှင်အရဟံ မထေရ်ပြန်လွန်တော်မူသောအခါ ပုဂံပြည်၏ သာသနာ့ ဦးဆောင်အဖြစ် ဆက်ခံရသူဖြစ်သည်။ ဆရာတော်သည် အကျင့်သိက္ခာနှင့်လွန်စွာပြည့်စုံသည်။ လူအများ လှူဒါန်းသော ကထိန်သင်္ကန်းကိုပင် လက်မခံ။ သုသာန်၌ စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသော အဝတ်တို့ကိုသာ ကောက်ယူလျက် သင်္ကန်းအဖြစ် ဝတ်ရုံသူဖြစ်သည်။ ထို့ကြောင့်လည်း ပံ့သကူမထေရ်ဟူ၍ အမည် တွင်ခြင်းဖြစ်သည်။ သို့ အကျင့်သိက္ခာနှင့် ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာ ချစ်မြတ်နိုးသည်။ မတရားမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ ဖိနှိပ်ညှဉ်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ထိုအမှု တို့ကို တွေ့ကြုံပါက တော်လှန်သည်သာ ဖြစ်လေသည်။
ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ဘုရင်နှစ်ဦးအားဆရာတော် တော်လှန်ပုံကို ပိုင်နိုင်ထိမိစွာ ဖော်ထုတ်ထားသည်။ ဆရာတော်သည် ဘုရင်နှစ်ဦးကို အဘယ်ကြောင့် တော်လှန်ပါသနည်း။ တဦးက ကောက်ကျစ်စဉ်းလဲ၍၊ တဦးက ပြည်သူတို့ကို ညှဉ်းပန်းသောကြောင်းဖြစ်သည်။ ဤမင်းဆိုးနှစ်ဦးကို ဆရာတော်သည်မည်သို့တော်လှန်ခဲ့ပါသနည်း။ သာသနာ့ဝန်ထမ်းဖြစ်သဖြင့် လက်ရုံးရည်ဖြင့်ကား မတော်လှန်။ နှုတ်ရေးဖြင့်၎င်း၊ ဆန္ဒပြ၍၎င်း တော်လှန်ခဲ့ပေသည်။
သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ပုဂံပြည်ကိုအုပ်စိုးသော အလောင်းစည်သူမင်း၌ သားတော် ၃ ဦးရှိသည်။ အကြီးမှာ မင်းရှင်စောဖြစ်သည်။ အလတ်မှာ နရသူ ဖြစ်သည်။ တခါသော် မင်းကြီးမျက်သဖြင့် မင်းရှင်စောသည် ပြည်နှင်ဒဏ်ခံရသည်။ အကြောင်းရင်းကား တနေ့တွင်မင်းရှင်စောသည် ခမည်းတော်ထံ အခစားဝင်သောအခါ မင်းကြီးနှင့်အတူထိုင်နေသော ပဋိက္ကရားကုလားမင်းသမီးသည် သလွန်မှ မဆင်းဘဲရှိနေသည်။ မင်းရှင်စောလည်း မကျေမချမ်းဖြစ်ကာ မင်းကြီးကိုမခစားဘဲ ပြန်ခဲ့သည်။ တကြိမ်တွင်လည်း အထိန်းတော်သား အနန္တသူရိယကိုမင်းကြီးက မင်းသားတို့ ဝတ်သော ဝတ်လုံကိုပေးခဲ့သည်။ အနန္တသူရိယလည်း ထိုဝတ်လုံကိုဝတ်၍ မင်းပွဲသို့ တက်လာ၏။ ထိုအခါ မင်းရှင်စောကအရာဌာနမဟုတ်ဈ အဝတ်နှင့် မတန်ဟုဆိုကာ ချွတ်လဲစေခဲ့သည်။
သို့ဖြင့် မင်းကြီးမျက်ကာ မင်းရှင်စောကို ပုဂံမှ နှင်ထုတ်ခဲ့သည်။ မင်းရှင်စောလည်း ယခု မန္တလေးအရှေ့ဘက် ထွန်တုံးပူတက် အရပ်သို့ ထွက်ခွာသွားကာ ပြည်ရွာတည်ထောင်နေရ၏။မင်းရှင်စောမရှိသော် မင်းကြီးသည် တိုင်းရေးပြည်မှုတို့ကို စီမံရန်နရသူကို လွှဲအပ်သည်။ နရသူကား သူသွမ်းတည်း။ ရက်စက်သည်။ ကောက်ကျစ်သည်။ အလိုရမ္မက်ကြီးသည်။ ထီးနန်းကိုလိုသဖြင့် မကျန်းမမာဖြစ်နေသော ခမည်တော်အား ရွှေကူဘုရားသို့ ပို့ကားမျက်နှာကိုအဝတ်တို့ဖြင့် အုပ်ဖိသတ်လေသည်။
ခမည်တော် မရှိပြီဟု ကြားသော် မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းနှင့် ချီလာသည်။ နောင်တော်၏ အင်အားကို နရသူသ် မတုပြိုင်နိုင်သဖြင့် အကောက်ကြံလေတော့သည်။ ကြံပုံကား ပုဂံပြည်၏သာသနာ့ဦးဆောင်ဖြစ်သော ပံ့သကူမထေရ်ထံ ချဉ်းကပ်လျက် နောင်တော်ကို မိမိနန်းတင်ပါမည်။ နောင်တော်တဦးတည်း ကြွရောက်လညရန်ခေါ်ပါချေ။ ညီနောင်နှစ်ဦး စစ်ခင်းနေပါက ပြည်ရေးမသာ ဖြစ်တော့မည်ဟု ဆိုလေသည်။ ဆရာတော်ကလည်း နရသူသည် ဆိုတိုင်းမပြုသော်မိမိသည် ရဟန်းတရားနှင့် မညီရှိတော့မည်ဟု မိန့်တော်မူသည်။ နရသူလည်း နောင်တော်ကိုအကယ်ပင် နန်းတင်ပါမည်ဟု သစ္စာပြုဘိ၏။ ဆရာတော်လည်း သစ္စာပြုသည်ကို ယုံကြည်သဖြင့် မင်းရှင်စောကို သွားရောက်ခေါ်ဆောင်ခဲ့သည်။ မင်းရှင်စောရောက်သော် နရသူသည် သစ္စာပြုသည့်အတိုင်းနန်းကား တင်းခဲ့၏။ သို့သော် ဘိသိက်သွန်းပြီးညမှာပင် နောင်တော်ကို အဆိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်လေသည်။
ထိုအကြောင်းကို ပံ့သကူ မထေရ်ကြားသော် အသို့ပြုလေသနည်း။ ဆရာတော်သည် နရသူမင်းထံကြွရောက်လျက် ထိုမင်းကို မင်းဆိုးမင်းညစ် ဟူ၍လည်းခေါ်ခဲ့ သည်။ ဆိုးရွားသူ၊ ညစ်ညမ်းသူဟူ၍လည်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည် ဟူ၍လည်း ဆိုခဲ့သည်။ အရှည်ကိုမမြင်၊ စည်းစိမ်စံမြန်းမှုလောက်ကိုသာ မြင်သောထိုမင်း၏ မိုက်မဲမှူကိုလည်း ဖော်ထုတ်၍ မိန့်ဆိုခဲ့သည်။ ထိုသို့ မိန့်ဆိုခြင်းတို့သည် နရသူကို ဆရာတော်က နှုတ်ရေးဖြင့် တော်လှန်ခြင်း ဖြစ်သည်ဟု ဆိုသင့်သည်။ ဆရာတော်သည် ထိုသို့ နှုတ်ရေးဖြင့် တော်လှန်ရုံမျှမက၊ နရသူမင်းပြုရာ အရပ်ကို စွန့်ခွာလျက် သီဟိုဠ်သို့ ပြောင်းရွေ့သီတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြ တော်လှန်ခဲ့လေသည်။ ထိုအကြောင်းတို့ကိုဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ရဲဝံ့စွာ ဖော်ထုတ်လျက် ရေးခြယ်ပြထားသည်။ နရသူမင်းအား ဆရာတော် နှုတ်ရေးဖြင့် တော်လှန်ပုံကို ဦးကုလားက ရေးခြယ်ပြထားသည်မှာ အောက်ပါအတိုင်းပင်။

"မင်းရှင်စော အနိစ္စရောက်တော်မူလျှင် ကုလားကျ ထိုနှစ်တွင် မင်းဖြစ်တော်မူ၏။ ထိုသို့ဆေးခတ်၍ အနိစ္စရောက်ကြောင်းကို ပံ့သကူမထေရ် ကြားတော်မူသော်နန်းတော်သို့သွား၍ 'ဟယ် မင်းဆိုးမင်းညစ်၊ နင်ကားသံသရာဝယ် ခံရအံ့သော မကောင်းမှုကို အကြောက်။ ဤစည်းစိမ်ကိုရလျှင် နင်၏ကိုယ်ခန္ခာသည် မအိုမသေပြီ ဟူ၍ မှတ်သည်လော။ လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကားမရှိ' ဟူ၍ မိန့်တော်မူ၏။ ကုလားကျလည်း'အရှင်မြတ်တို့ သစ္စာခံသည့်အတိုင်းနောင်တော်သန်လျက်ကို ထမ်း၍ နန်းတင်ပါ၏တကား' ဟူ၍ဆို၏။ သခင်မြတ်လည်း'လူ့ပြည်တွင်နင့်ထက်ဆိုးရွားညစ်ညမ်းသောသူ မရှိ' ဟု မိန့်တော်မူခဲ့၍ သိန်းခိုကျွန်းသို့ ကြွတော်မူလေ၏။"

ဆရာတော်၏ နှုတ်ရေးထက်မြက်ဟန်ကို ဦးကုလားက ဤသို့ရေးခြယ် ပြထားသည်မှာ လွန်စွာထိမိလှသည်။ သက်ဦးဆံပိုင်ဘုရင် ဖြစ်လင့်ကစား မင်းစည်းစိမ်တို့မည်သည်မည်မျှ တန်ဖိုးရှိပါသနည်း။ ကိုခြင်းကို တားဆီးနိုင်ပါသလော။ မတားဆီးနိုင်။ သေခြင်းကို တားဆီးနိုင်ပါသလော။ မတားဆီးနိုင်။ သို့ပါလျက် ဤစည်းစိမ်အတွက် မကောင်းမှုတို့ကို ပြုသည်မှာ မိုက်မဲလှသည်တကားဟု ဆိုသည်မှာ လွန်စွာ ထက်မြက်သော အဆိုအမိန့်ပင်ဖြစ်သည်။
ထို့ပြင် 'နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ' ဟူ၍ ဆိုသော စကားသည်လည်းအလွန်ထက်မြက်လှသည်။ ပျက်သည်ဆိုသည်ကား အဘယ်နည်း။ တရားပျက်သည်ဟု ယူသော်ရအံ့ထင်သည်။ သိက္ခပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ သစ္စာပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ အမှုပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ အကျင့်ပျက်သည်ဟု ယူသော်ရအံ့ထင်သည်။ သည်လိုပျက်ရာတွင်လည်း နရသူသည် အပျက်တကာ့ အပျက်ဆုံးမင်းဖြစ်သည် ဟုဆိုခဲ့သည်။ ထိုမျှမကသေး၊ လူ့လောကတွင်အဆိုး ရွားဆိုး အညစ်ညမ်းဆုံး သူသွမ်းဖြစ်သည်ဟုလည်း ဆိုခဲ့ပြန်သည်။ ဆရာတော်၏တော်လှန်မှုသည် ထက်မြက်လေစွ။ တိုတော်လှန်မှုကို ဦးကုလားက ရေးခြယ် ပြထားသည်မှာလည်းပိုင်နိုင်လေစွ။
ဤသို့ ပံ့သကူမထေရ်မြတ်သည် နရသူမင်းဆိုးကို တော်လှန်၍ ကြွသွားတော်မူသောအခါ ပြည်သူတို့သည် ဘုရင့် ပေါ်ယုံကြည်မှု ကင်းမဲ့လာကြသည်။ မကျေမနပ် ဖြစ်လာကြသည်။မကြာမီပင် နရသူမင်းလည်းကုလားတို့ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရကာ ရာဇဝင်တွင် ကုလားကျမင်းဟူ၍ အမည်တွင်ခဲ့လေသည်။
ပံ့သကူမထေရ်အရှင်သည် သီဟိုဠ်ကျွန်းတွင် နှစ်အတန်ကြာ သီတင်းသုံးနေထိုင်ခဲ့ရာမှ နရပတိစည်သူမင်း လက်ထက်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာတော်မူခဲ့လေသည်။ ဤတွင်ဆရာတော်၏ ဒုတိယ တော်လှန်ရေးသည် ပေါ်ပေါက်ခဲ့ရလေသည်။ ပေါ်ပေါက်ရခြင်းကြောင်းရင်းမှာ ပြည်သူတို့ကို ဘုရင်က ညှဉ်းပန်းသောကြောင့် ဖြစ်လေသည်။
တခါသော် နရပတိစည်သူမင်းသည် စူဠာမဏိစေတီ တည်ရန်ကြီးမားလှသော ချောက်ကြီးတခုကို ပုဂံပြည်သူတို့အား အပြင်းအပြ မြေဖို့စေ၏။ဘုရင့်ဓားကို ကြောက်၍သာ စေခိုင်းတိုင်းလုပ်ကြရသည်။ ပုဂံပြည်သူတို့မှာ လွန်စွာ ပင်ပန်း ဆင်းရဲကြသည်။ အလုပ်အကိုင်ပျက်ကြသည်။
ဤသို့ဖြစ်ရသည်ကို ပံ့သကူ အထေရ်မြင်သော် ပြည်သူတို့ကိုများစွာ ကရုဏာဖြစ်မိသည်။ သာသနာတော်အတွက် ပြုသောကုသိုလ်ကောင်းမှုဖြစ်သည်ကား မှန်သည်။ သာသနာ့ဝန်ထမ်းဖြစ်သော မိမိအနေဖြင့်ဝမ်းသာလှိုက်လှဲကြိုဆိုရမည့် အမှုလည်း ဖြစ်သည်ကားမှန်သည်။ သို့သော် ဤအလှူသည်အနှစ်သာရရှိပါ သလော။ အရှိ။ တဖက်က ပြည်သူတို့ကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စေလျက် ပြုသောအလှူမျိုးသည် အဘယ်မှာ အနှစ်သာရရှိနိုင်ပါအံ့နည်း။ ဤသို့ဆရာတော်က ရဲဝံ့စွာမြင်ခဲ့သည်။ မြင်ရုံမက ဤအနှစ်သာရ ကင်းမဲ့သော အလှူကိုလည်း တော်လှန်ခဲ့သည်။ ဆရာတော်သည် နရပတိစည်သူမင်းထံ ကြွလျက် မင်းကြီး၏အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာ ဖြစ်သည်ဟု ဆိုခဲ့လေသည်။ ရဲဝံ့လှပါဘိ။ အံ့သြကြည်ညိုဘွယ်ကောင်းလှပါဘိ။ ထို့ပြင် ထိုအနှစ်သာရ ကင်းမဲ့သော အလှူကို နှုတ်ရေးဖြင့် တော်လှန်ရုံဖြင့် မပြီးသေး။ မင်းကြီးလှူသောဆွမ်းကိုမခံယူဘဲ သပိတ်မှောက် ဆန္ဒပြ၍လည်းတော်လှန်ခဲ့ပြန်သည်။ ဘုရင်ကလည်း တော်လှန်သူ ဆရာတော်ကို ဖိနှိပ်ခြင်းပြုခဲ့သည်။ ဆရာတော်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။ ဆရာတော်လည်း သီဟိုဠ်သို့ကြွသွားရန် ရည်ရွယ်ချက်ဖြင့် စွယ်ကြိုအရပ် တောကြီးဝယ် ခေတ္တပြောင်းရွှေ့ သီတင်းသုံးနေရလေသည်။ ထိုအကြောင်းကို ဦးကုလားက ရေးသားတင်ပြထားသည်မှာ အောက်ပါအတိုင်းပင်။

"ထိုအခါ စာရတ္တ သီလနှင့်ပြည့်စုံတော်မူသော ပံ့သကူ ငစွယ်ရှင်မဟာထေရ်သည် ဤသို့မိန့်တော်မူ၏။ မင်းကြီး ကောင်းမှုဖြစ်စိမ့်မည် ဟူ၍ ယခုပြုသော အမှုသည်ကားကောင်းမှုမဖြစ်၊မင်းကြီးလှူတော်မူသော ဆွမ်းကို လည်းမခံ နေတော်မူလေ၏။ နရပတိစည်သူမင်ကြီးလည်း ဘုန်းတော်ကြီး ငါ့ဆွမ်းကိုဘုန်းပေးတော်မမူသော်ငါ့ပြည်တွင်တေတောမမူသည်ဖြစ်မှ လွတ်တော်မူမည်။ ပြည်သူတို့လှူသော ဆွမ်းသည်လည်းငါ့ဆွမ်း မဟုတ်တုံလော ဟု မေးတော်မူ၏။ သခင်မြတ်ပံ့သကူထေရ်လည်း ဤသို့ဆိုတပြီးကားဟူ၍ သိန်းခိုကျွန်းသို့ ကူးတော်မူမည်အကြံတော်ရှိ၍ စွယ်ကြိုအရပ် တောကြီးဝယ် သီတင်းသုံးတော်မူလေ၏။"

ထိုအခါပြည်သူတို့ မခံမရပ်နိုင်ဖြစ်လာကြသည်။ ဘုရင့်အပြုအမူကို ကန့်ကွက်သောအားဖြင့် ဆန္ဒပြမှုများပင် ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ဘုရင်လည်း စိုးရွံ့လာကာ အမတ်တို့အားဆရာတော်ကိုလိုက်၍ ပင့်ခေါ်စေရသည်။
ဆရာတော်ကား ကြံ့ခိုင်လှသည်။ အမတ်တို့ အကြိမ်ကြိမ် လာပင့်သော်လည်း မလိုက်ပါခဲ့။ နောက်ဆုံး တုရင်္ဂပစ္စည်း အမတ်ဥာဏ်ဆောင်၍ ပင့်မှ လိုက်ပါတော်မူခဲ့သည်။ ဥာဏ်ဆောင်ပုံကား တရင်္ဂပစ္စည်းသည် ဘုရားရုပ်တုတစ်ဆူကို လှေတွင် တင်၍ ဆံရာတော်ထံသွား၏။ ဆရာတော်လည်း ဘုရားကို ရိုသေမှုဖြင့် လှေပေါ်သို့ ကြွ၍ ဦးခိုက်၏။ ထိုအခိုက် တရင်္ဂပစ္စည်းသည် လှေကိုခွာ၍ အပြင်းလှော်လျက် ပုဂံသို့ ပါလာခဲ့ရလေသည်။ နရပတိစည်သူလည်း မိမိအပြစ်ကို ဆရာတော်ထံ ဝန်ချ တောင်းပန်ရလေသည်။ ဤတွင်မှ ဆရာတော်လည်း ပုဂံမှ မခွာပဲ နေတော်မူ၏။
ဤသို့လျှင် ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားလျက် ပံ့သကူမထေရ်၏ ကြည်ညိုဖွယ်အမူအရာတို့ကို ချီးကျူး၍ မင်းဆိုးမင်းမိုက်တို့၏ ရွံရှာဖွယ် အမူအရာတို့ကို ကဲ့ရဲ့ထားပေသည်။ အသိအမြင်ထူးရှိ၍ ကန့်ကူလက်စွမ်း ထက်မြက်လှသော ပုဂ္ဂိုလ်ထူးပင်တည်း။



မင်းယုဝေ
မြန်မာစာမိတ်ဖွဲ့ စာအုပ်မှ

Friday, October 14, 2011

အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)


ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါးပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှဆင်းသက်လာသည့် အင်းဝမြို့တည်သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည် ။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

အင်းဝခေတ်မင်းဆက်များ


1. မင်းဆက်(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
   
2. မင်းဆက်(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
   
3. မင်းဆက်(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)
   
4. မင်းဆက်(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
   
5. မင်းဆက်(၅)ဆင်ဖြူရှင် သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
   
6. မင်းဆက်(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
   
7. မင်းဆက်(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (သတိုးဆက်)
   
8. မင်းဆက်(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
   
9. မင်းဆက်(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
 
10. မင်းဆက်(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
 
11. မင်းဆက်(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)
 
12. မင်းဆက်(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)
 
13. မင်းဆက်(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (မိုးညှင်းဆက်)
 
14. မင်းဆက်(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)
 
15. မင်းဆက်(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)
 
16. မင်းဆက်(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း)
 
17. မင်းဆက်(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)
 
18. မင်းဆက်(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)
 
19. မင်းဆက်(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
 
20. မင်းဆက်(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
 
21. မင်းဆက်(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
 
22. မင်းဆက်(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
 
23. မင်းဆက်(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
 
24. မင်းဆက်(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
 
25. မင်းဆက်(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
 
26. မင်းဆက်(၂၆)နရာဝရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)
 
27. မင်းဆက်(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
 
28. မင်းဆက်(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)
 
29. မင်းဆက်(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
 
30. မင်းဆက်(၂၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာဝတီပါမင်း)


ကိုးကား

ဦးကိုကိုဦး၏ သမိုင်းစဉ်ဆက် သက္ကရာဇ်မှတ်တမ်းများမှကူးယူရေးသားခြင်းဖြစ်သည်...

Wednesday, October 12, 2011

သမိုင်းထဲက ပုဂံပြည်....။

ရွှေလသာ ၀ါဝါ၀င်း  ဘုရား  ရေချိုးဆင်း၊        ( ၄၄ ၆၄ ၄၄ သိန်းကျော် )
 လှည်းဝင် ရိုးသံ တညံညံ  ပုဂံ ဘုရားပေါင်း၊         ( ၄၄၄ ၆၇ ၃၃  သန်းကျော် )
 ရွှေ ဆည်းလည်းသံ တညံညံ  ပုဂံ အိမ်ခြေပေါင်း၊    (  ၄၃ ၄၆၇  ၃၃ သန်းကျော် )


သာသနာ ထွန်းကားခဲ့ရာ တချိန်က ပုဂံေ၇ွှမြို့တော်ကြီးမှာ စေတီ အဆူပေါင်း  ၄ သန်းကျော် ရှိခဲ့ဖူးတယ်၊  ဒီထဲကမှ  ရာသီဥတု ဒဏ်ကြောင့် ကာလ ကြာတဲ့အခါ  အနီးရှိ  ဧရာဝတီ မြစ်ထဲကို  အဆူပေါင်း  ၄ သိန်းကျော်  ပျက်စီးခြဲ့ပီ  လို့  သမိုင်းတွေက  ဆိုပြန်တယ်၊

 နောက်တဆက်တည်း  ဗဟုဿုတ အနေနဲ့တော့  ပုဂံ မှာ  အိမ်ခြေပေါင်း  ၄ သန်းကျော် ရှိခဲ့ဖူးတယ် ဆိုတော့   တော်တော်  စည်ကား  သိုက်မြိုက်နေမှာကို  တွေးပြီး  လွမ်းမိပြန်တယ် ။
 တချိန်က  ဘာသာ သာသနာ လူမှု့ရေး  စီးပွားရေး ပညာရေး လောကီ လောကုတ္တရာ ဘက်စုံ ထွန်းကားခဲ့ရာ  ပုဂံ ဆိုတာက  ယနေ့ အချိန်မှာ  ဘယ်လိုမှ  မယုံနိုင်စရာဖြစ်နေပါပြီ။

သဗ္ဗေ သင်္ခါရာ  အနိစ္စာ၊   သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံး ဟာ   ပျက်စီးရခြင်းမှာ အဆုံးသတ်ကြရတယ်၊ဆိုတာလို တကယ်တော့  အထက်ပါ  စာရင်းဟာ ပုဂံနေပြည်တော်ကို   ၄ ကြိမ်မြောက် တည်ထောင်သူ သေလဉ်ကြောင်မင်း  လက်ထက်ထိ သာသနာထွန်းကားခဲ့ရာ  ခေတ်အဆက်ဆက်ကို ပေါင်းပြီး  ရေတွက်ဟန်  တူပါတယ်၊

သာသနာအစစ်အမှန်  ထွန်းကားခဲ့သော ခေတ်သည်ကား အနော်ရထာ အုပ်စိုးသော အချိန်ဖြစ်ပေသည်၊ ထိုစဉ်အခါ အရည်းကြီး  တို့  သောင်းကျန်းနေချိန်  ပုဂံနှင့်ဝေးရာ  သထုံ  နေပြည်တော်၌   မနော်ဟရီ  အမည်ရှိသော  မနုဟာ မင်းအုပ်ချုပ်နေချိန်ဝယ်  သထုံပြည်၏  တောရွာ တရွာ၌  သီတင်းသုံးနေသော  သီလဗုဒ္ဓိ မည်သော  ရဟန္တာ မထေရ်ကြီးသည်  နောင်အခါ  ပုဂံပြည်၌  သာသနာ ထွန်းကားလတံ့သည်ကို  မြင်တော်မူသောကြောင့်    တာဝတိသာ နတ်ပြည်သို့ တက်ကာ  သိကြားမင်းအား   သာသနာပြုရန်  နတ်သားတပါးကို လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ ယူပါရန်  တောင်ခံလေ၏၊

နတ်သားသည်  နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ တယောက်ဝမ်းကြာတိုက်၌ ၀င်စားကာ နောင်သောအခါ  အရဟန္တ  ရှင်အရဟံ ဟူသော အမည်ဖြင့် ပိဋကတ်သုံးပုံဆောင် ရဟန္တာမထေရ် ဟူ၍ ကျော်စောထင်ရှားလေ၏၊

ရှင်အရဟံသည် ပုဂံပြည်၌ သာသနာထွန်းကားမည့် အချိန်ကို စောင့်ကာ  တနေ့သောအခါ သထုံမှ  ပုဂံပြည် တောတွင်းတနေရာ၌   သီတင်းသုံးနေရာ  တောလည်မုဆိုးတယောက်တွေ့၍  ဤသူကား  လူလော  လူရိုင်းလော  ဘီလူးလော မသိလေ ဟုကြံ၍    မြို့သို့ခေါ်ဆောင်ကာ  အနော်ရထာ  ဘုရင်နှင့်  တွေ့စေ၏။၊

 အနော်ရထာသည် အပ္ပမာဒ  သုတ္တန်ဒေသနာကို  နာကြားပြီးသည်၏ အဆုံး၌ ရတနာသုံးပါးကို  လွန်စွာ သက်ဝင်ယုံကြည်သည်ဖြစ်ရကား  အရှင်ဘုရား  ဘုရားရှင်သည်  သက်တော်ထင်ရှားရှိပါသေးသလား-

ဒကာတော် မင်းမြတ်  ပရိနိဗ္ဗာန် စံတော်မူလေပြီ၊  ထိုဘုရားရှင်၏  ဓာတ်တော် မွေတော်များသာ ကိုးကွယ်ရာအဖြစ် ရှိတော့၏၊  ထိုဘုရားဟောတော်မူခဲ့သော တရားတော်  ဓမ္မက္ခန္ဓာပေါင်းကား များစွာ ရှိပါသေးသည်၊  ပရမတ္ထသံဃာ သမုတိသံဃာများလည်း  များစွာ ရှိနေပါသည်၊

 ဟူသော  မိန့်ကြားချက်အဆုံး၌  များစွာသော  အရည်းကြီးများကို  ပယ်စွန့်ကာ  သံဃာတော်တို့အား  ကျောင်းဆောက်ကိုးကွယ်လေတော့၏။သာသနာနှစ် ၁၅၆၁ ခုနှစ်တွင် နန်းတက်သော  အနော်ရထာသည် နန်းစံနှစ်  ၉ နှစ်အကြာ   သာသနာ ၁၅၇၀  ရောက်မှ  သာသနာနှင့် ထိတွေ့ခွင့် ရလေ၏။

အရှင်ဘုရား  ထိုဓာတ်တော် မွေတော်တို့ကား  အဘယ်မှာရှိပါသနည်း၊ တပည့်တော်ပူဇော်လိုပါသည်ဘုရား၊
ဒကာတော်  သထုံပြည် မှာ ထင်ရှားရှိနေသည်၊ ဒကာတော်  ဆန္ဒရှိက ပင့်ဆောင်ချေလော့

 အနော်ရထာသည် ဓာတ်တော် မွေတော်နှင့်  ပိဋကတ်တော်များ ယူရန် များစွာသော  လက်ဆောင်ပဏ္ဏာနှင့်တကွ  အမတ်တို့အား  စေလွှတ်လေသော် 
မိစ္ဆာဒိဋ္ဌိ တိုင်းနိုင်ငံသို့ ရတနာတို့ကို  မပေးလို၊  ခြင်္သေ့ဆီသည်  မြေခွက် ကြွေခွက်နှင့် မထိုက်တန်၊   သိဂီင်္ ရွှေခွက်နှင့်သာ  ထိုက်တန်သလို  လူရိုင်းတို့နှင့် သာသနာ မထိုက်တန်

  ဟု ရင့်သီးစွာ  ပြောဆိုလေရာ  သာသနာကို  ကြည်ညိုသော  ဘုရင်အနော်ရထာသည်   ရေကြောင်း ကုန်းကြောင်းဖြင့်  သထုံသို့  စစ်ချီကာ  သထုံမင်းအဆက်ဆက်  ရတနာကြုတ်ဖြင့် ထည့်ကာ  ကိုးကွယ်လာသော  ဓာတ်တော်မွေတော်တို့နှင့်တကွ  ပိဋကတ်တော်  အစုံ  ၃၀  တို့ကို မနူဟာ မင်း၏  ဆင်အစီး  ၃၀ ပေါ်တင်ကာ  ပုဂံမြို့တော်သို့ယူဆောင်ကိုးကွယ်ချိန်မှ စကာ  သာသနာထွန်းကားခဲ့သည်  ဟူ၏။

               ထို မနူဟာ  မင်းကိုကား  မြင်းကပါ အရပ်၌  အလုပ်အကြွေးနှင့် တကွ ထားလေ၏၊    အာခံတွင်းမှ  မီးဝင်းဝင်းတောက်သော   ထိုမင်းကိုေ၇ွှစည်းခုံဘုရား  ဆွမ်းတော်ကျ မနောလင်ပန်းဖြင့်  ပွဲတော်တည်စေသောကြောင့်  ဘုန်းတန်ခိုးပျောက်ကာ  အရောင်မထွက်တော့ ဟူ၏။

များပြားလှသော  ပုဂံ အမည်များ-

ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။

 ပြူစောထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊

 သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

 သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊ 

ဆန်ရေ စပါး ရတနာသုံးပါး  ပေါများကြွယ်ဝ  စည်ကားပြည့်စုံသောကြောင့်  ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင်  ပုဏ္ဏ ဂါမ တွင်ရာမှ  ဏ္ဏ အက္ခရာ  ကျေကာ  သဒ္ဒါနည်းအရ  မ တလုံးကို   ( သေးသေးတင်  ) နိဂ္ဂဟိတ် ပြုကာ  ပုဂံ မည်လေသည်  ဟူသတတ်၊

နောက်တမျိုးကား  သမုတိရာဇ် မင်းသည်  ပြူလူမျိုးဖြစ်သောကြောင့်  အမျိုးအနွယ်  တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။
နောင်ကာလ  ရွေ့လျားသောအခါ  ပူဂါမ + ပုဂါမ + ပုဂံ  ဟု ဖြစ်လာသည် ဟု  သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား  ပြူလူမျိုးတို့  အဦးအစ တည်သော ရွာ ဟူလို။

အမှန်ကား  မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌
 မဇ္ဈိမ ဒေသ
သီဟိုဠ်
မရမ္မရဋ္ဌ
သရေခေတ္တရာ
ပုဂံ
ပင်းယ
ရတနာပူရအင်းဝ 
ညောင်ရမ်း
ကုန်းဘောင်
အမရပူရ
ရတနာပုံ မန္တလေးမြို့
 ဟူ၍   ခေတ် အဆက်ဆက်  ကျော်ဖြတ်ခဲ့ပေသည်၊

ပုဂံ သမိုင်း အကျဉ်း


၁။   ပထမ ပုဂံပြည်ကို  သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး  ညောင်ဝန်း  နဂါးကျစ် မြေခဲတွင်း အပါအ၀င်  ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ်  ၁၀၇  ခုနှစ်တွင်    ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။

၂။  ပထမပုဂံ၏  ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ်  ၃၄၄ တွင် သီရိပစ္စယာ ဟူသော  ဒုတိယ ပုဂံကို  တည်ထောင်ခဲ့ပြန်သည်၊

၃။  ဒုတိယပုဂံ၏  ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ်  ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ  ဟူသော တတိယ ပုဂံကို  တည်ထောင်ခဲ့သည်၊

၎။  တတိယ ပုဂံပြီးနောက်  ပျဉ်ပြားမင်းသည် ခရစ်နှစ်  ၈၄၉ တွင်  အနော်ရထာမင်း  အပါအ၀င်  ပုဂံ၏ ၂၃  ဆက်မြောက်  နောက်ဆုံး မင်းဆက်ြဖစ်သော  စောမွန်နစ်  အဆုံး  လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ   စတုတ္ထပုဂံ မြို့တော်ကို  တည်ထောင်ခဲ့သည်၊ နောက်ဆုံးမင်းဆက်အပါအ၀င် ပုဂံသမိုင်း၌ မင်းပေါင်း ၅၅ ဆက် ( ၅၇ )ဆက်တွင် အရောက်တွင် ပျက်စီးခဲ့သည် ဟု မှတ်သားရပေသည်၊




1. မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
 
2. မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
 
3. မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
 
4. မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
 
5. မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
 
6. မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
 
7. မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
 
8. မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
 
9. မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
 
10. မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
 
11. မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
 
12. မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
 
13. မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
 
14. မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
 
15. မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
 
16. မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
 
17. မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
 
18. မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
 
19. မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
 
20. မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)

21. မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
 
22. မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
 
23. မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
 
24. မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
 
25. မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
 
26. မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
 
27. မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
 
28. မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)
 
29. မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
 
30. မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
 
31. မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
 
32. မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)
 
33. မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
 
34. မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
 
35. မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
 
36. မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
 
37. မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
 
38. မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
 
39. မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
 
40. မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
41. မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
 
42. မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
 
43. မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
 
44. မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
 
45. မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
 
46. မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
 
47. မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
 
48. မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
 
49. မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
 
50. မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
 
51. မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
 
52. မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
 
53. မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
 
54. မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
 
55. မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
 
56. မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
 
57. မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
 
58. မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)


သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး
အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။


ကိုးကား

   1. ဒေါက်တာသန်းထွန်း
   2. ဦးကုလား ရေးသော ရာဇ၀င်ချုပ်စာအုပ်မှ သက္ကရာဇ်များကို အမှန်ယူ ရေးသားပါသည်။ 

ကုန်းဘောင်မင်းဆက်များနှင့် တတိယမြန်မာနိုင်ငံတော်...။

ကုန်းဘောင်ဟူသည်

၁၁၁၅ခုနှစ်တွင် ဦးအောင်ဇေယျသည် မင်းချစ်ညို နှင့်  မွန်များကိုသုတ်သင်ရှင်းလင်းပြီး၍ ချင်းတွင်းနှင့် ဧရာဝတီအကြား၌ရှိသောတမ္ပဒီပ နယ်မြေအားလုံးကို
ပိုင်ဆိုင်ခဲ့လေပြီ။ ထိုအခါ မြို့သစ်တည်ထောင်ရန် ညီတော်၊သားတော်၊မှုးမတ်စသည်တို့ကိုခေါ်ယူစိုင်းပြင်းလေသည်။
အောင်…ယခုငါတို့ မုဆိုးဘိုကား ထီးဆောင်းနန်းနေရာ ရာဇဌာနီ မင်းနေပြည်အဖြစ်တွင် အပါအ၀င် ဖြစ်နေပေပြီ။လက်ရှိအခြေ၌ မုဆိုးဘိုသည် အလွယ်တကူသစ်တိုင်ထူ၍
ဆောက်လုပ်အပ်သော သစ်တပ်မျှသာဖြစ်နေသည်။ အခြားတစ်ပါးသောထီးဆောင်းမင်း အပေါင်းတို့စေလွှတ်သော သံတမန်ကြီးတို့ အရောက်အပေါက်ရှိလာသော်မှ
လည်းမင်းမြတ်ချင်းအတူတူ ပျူငှာသော လောက၀တ် မကျေပွန်နိုင်ရာချေ။မြို့တော် တည်သော်မှသင့်မည်။မြို့တော်သစ်ကို  ရတနာသိ သိင်္ယ ဟုသမုတ်လိုသည်။
သုခမိန်…သိင်္ယဟူသောမဂဓ ဘာသာစကားသည်  (လျင်သော) အနက်ကိုဟောသဖြင့်  ထိုမင်း၏ စည်းစိမ်သည် ” ရှည်မရှိ “ပါဘုရား။
အောင်…အသို့သော အမည်ကိုသမုတ်မှ စည်းစိမ်တော်ရှည်မည်နည်း။
သုခမိန်…”ကုန်းဘောင်”ဟု သမုတ်သော် ဘုန်းတော်ကြီး ၍ သက်တော်ရှည်မည်။သားတော်အစဉ်၊မြေးတော်အဆက်ဧကရာဇ်ချည်းဖြစ်မည်ဟူသော  နိမိတ်သြဘာရပါသည်
ဘုရား။
အောင်…အကြောင်းအသို့နည်း။
သုခမိန်…အရှင့်ဘိုးတော်ဘီတော် အဆက်အနွယ်ကား အလောင်းတော် မဟာသမ္မတမင်းမှစ၍  ရွှေလက်ထက်တော်တိုင် အာဒိစ္စ၀ံသ ခတ္တိယနွယ်လာ သာကီဝင်မင်းတို့၏
အဆက်အနွယ်တော်ဖြစ်လေသည်။ထိုမင်းဆက်ကို ဟံသာဝတီမင်းတို့ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး - သတိုးအနွယ်တော် ပြတ်လေသည်။ ယင်းသည်တွင်
ဟံသာဝတီ မွန်မင်းတို့ကား ရေနှင့်တူလေသည်။ထိုရေကိုဖြတိသနိးလွှမ်းမိုး၍အရှင့်ရွှေဘုန်းတော်ဖြင့် အထက်ကသကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်
ဖြစ်၍ ဘ၀ရှင်မင်းတရားကား “ကုန်းဘောင်”နှင့်တူလေသည်။ အရှင့်သားတော်မြေးတော်တို့ကားနောင်သော် “ကုန်းဘောင်မင်းဆက်”ဟုဇမ္ဗူဒီပါ  လက်ယာမြေပြင်
တွင် နေအသွင်လအသွင် ထင်ရှားမည် မလွဲပါဘုရား။
အောင်…`ကုန်းဘောင်´ဟူသော သင်္ကေတပညတ်ဖြင့် မှတ်အပ်သော နိမိတ်သြဘာကောင်းသည်မှတပါး အခြားသိအပ်သော အကြောင်းအထူး ရှိပါသေးသလော။
သုခမိန်…ကုန်းဘောင်ဟူသော မြို့တော်ဘွဲ့မည် မှည့်ခေါ်ရသည်မှာ နံပေါ်ဓာတ်ရ အမည်တော် ပင် ဖြစ်ပါသည်။ ကုန်းဟူသော အက္ခရာ အလို တနင်္လာနံ ၂ဂဏန်းကိုယူ
ပါသည် ။ဘောင် အလို ကြာဿပတေး ၅ ၈ဏန်း ရပါသည်။

တနင်္လာဂြိုလ်သက်…၁၅
ကြာဿပတေး……..၁၉
သောကြာ…………..၂၁
——-
၅၅
နံ ( ၇ )ပါးနှင့်စား                             ၇/၅၅/၇
၄၉
——————
မင်း၏မွေးနံ                                          ၆
အကြွင်းကိုရှုသော် အရှင်ဘုရား၏ နံတော် သောကြာ ၆ ပေါ်၍ နံတော် ဓါတ်ရကိန်းဖြင့် မှည့်အပ်သော အမည်ဖြစ်ပါသည်။ထိုကိန်းဖြင့် အမှုမျိုးကို ဆောင်ပါသော်
မင်းညီမင်းသားဖြစ်လျှင် ထီးနန်းရှင်ဖြစ်ပါမည်။ရဟန်းဖြစ်လျှင်  မင်းဆရာ ဖြစ်ပါမည်။သူ ဆင်းရဲဖြစ်လျှင် ကြွယ်ဝမည်ပါဘုရား။
*     *     *     *
ရတနာသိင်္ခ

ရန်ကြီးအောင်
ကုန်းဘောင်သပါလို့
ငါးမည်ရ ပြည်ရွှေဘို
ဘေးရန်ကပြို။
မုဆိုးဘို
ရန်ဖြိုတဲ့ နာသိင်္ခရယ်
ဘိုးတော်ဒေသ။
အလောင်းမင်းတရား တည်ထောင်ခဲ့သော ပြည်ရွှေဘိုမှာ ၅-မည်ရခဲ့ရာ—
( ၁ )ကုန်းဘောင်နေပြည်
( ၂ )ရန်ကြီူးအောင်
( ၃ )ရတနာသိင်္ခ
( ၄ )မုဆိုးဘို
( ၅ )ရွှေဘို ဟူ၍ဖြစ်သည်။အထက်ပါ ရွှေဘိုဗုံကြီးသံ၌ ပါရှိပါသည့်အတိုင်းပင်။
( ရတနာသိင်္ခ )  ဟူသော ဝေါဟာရမှာ အခြားသော နာမည်များထက် အဓိပ္ပါယ် ကောက်ယူရန် ခက်ခဲသကဲ့သို့ ရှိခဲ့ပေသည်။
တစ်ချိန်က ဆရာတော် အရှင် ၀ါမယသည် အလောင်းတော် ကဿပ လိုဏ်ဂူတော်၌ တရားအားထုတ်နေစဉ် ထူးခြားသော တောထွက်အဘိုးအိုတစ်ဦးနှင့်
ကြုံကြိုက်ရာ (တပည့်တော်တို့ ကုန်းဘောင်မှာ ခေတ်စားခဲ့သော ဆောင်ပုဒ်အချို့ကို အဓိပါယ် ရှင်းပြပါဘုရား )ဟုလျှောက်ထား၏။
ဆရာတော်. . . . . အဘိုးရဲ့ပုစ္ဆာကိုသိပါရစေ။
အဘိုး     . . . . .(သိင်္ဃဆိုသည် ဆုံလည်ရပ်၊ဘုရားဆိုသည် ရှင်သိဒ္ဒတ်)
ဆရာတော်. . . . .အဘိုးမေးတဲ့ လင်္ကာအဓိပ္ပါယ်များကို ကြားဘူးနားဝရှိမထားရင် မဖြေနိုင်ပါဘူး။အခုတော့ အထက်ပါ လင်္ကာအဓိပ္ပါယ်ကို ဦးပဉ္ဇင်းတို့ ဆရာတော်
(ဆဌမ ကျော်အောင်စံထား)ထံဝတ်ပြုရင်း မကြာခဏမိန့်ဖူးလို့ အဘိုးအမေးကို ဖြေနိုင်ပါတယ်။
(သိင်္ဃဆိုသည် ဆုံလည်ရပ် ) ဆိုတာက ကောဇာသက္ကရာဇ် ၁၁၁၃-ခုမှာ အင်းဝပျက်၍ အလောင်းမင်းတရား ဦးအောင်ဇေယျက မြနိမာပြည်အရပ်ရပ် ပြန်လည်တိုက်ခိုက်
သိမ်းပိုက်ပြီးနောက် ဟံသာဝတီ၊တောင်ငူ၊ အင်းဝ၊ရှမ်း၊ယွန်းအရပ်များမှာ ရွှေ ငွေ ပတ္တမြားစသော ရတနာအပေါင်းတို့သည် မုဆိုးဘိုမြို့သို့ စုလာသည်လည်း တစ်ချက်။
စာပေပိဋကတ်၊ဓာတ်တော် မွေတော်တည်းဟူသော ရတနာအစုအပေါင်းတို့ စုလာသည်လည်းတစ်ချက်။
အရပ်ရပ်တို့မှ ရှင်ရဟန်းပညာရှိများ မုဆိုးဘိုအရပ်သို့ စုရောက်လာသည် တစ်ချက်။
ဤ ၃ ချက်သော ရတနာအပေါင်းတို့ စုဆုံလာသည်ကိုရည်၍ ထိုမြို့ကို (ရတနာသိင်္ဃ)မြို့ဟု ဆိုသည်။
နောက်တစ်နည်းမှာ ခရီးလမ်းကြောင်းတို့၏ ဆုံရာအရပ်ကို (မဂ္ဂသိင်္ဃာတက) ခရီးလမ်းဆုံဟု ဆိုသကဲ့သို့ ရတနာအပေါင်း၏ စုဝေးရာ ဖြစ်၍( ရတနာသိင်္ဃမြို့)ဟု
ဆိုပေတယ်။
ဝိဂြိုဟ်ပြုရလျှင်-
(ရတနာ၊သိင်္ဃာန၊ရတနာသိင်္ဃာဋံ)
ဤနေရာတွင် စတုတ္ထအက္ခရာ ဃ နှင့် ရတနာသိင်္ဃ၏ ပ၀တ္တိ ဖြစ်ခြင်းအကြောင်းကို မှတ်ရပေမယ်။
နောက်တစ်နည်းမှာ (ရတနာသိင်္ခ)ဟူ၍ ဒုတိယအက္ခရာ ခကိုယူလျှင် (လူတို့အတွက် အောင်မြင်ခြင်း ဦးစွန်းသဖွယ်ဖြစ်သော ဇေယျသိင်္ခမင်း၊ဦးစွန်း ၅ခုရှိသော ပဉ္စသိင်္ခ
နတ်သား)ဟုခေါ်ဆိုသကဲ့သို့ ရတနာအပေါင်းတို့၏စုဝေးရာ တိုင်းပြည်တကာတို့၏ အထွတ်ဦးစွန်းသဖွယ်ဖြစ်သော ရတနာသိင်္ခမြို့တော်ဟူ၍ အဓိပ္ပါယ်ယူအပ်ပေသည်။
သိင်္ခသဒ္ဒါကား ( ဦးစွန်း)ဟောတယ်။သိင်္ဃသဒ္ဒါကား (အလျင်အမြန်)ကိုဆိုလိုတယ်။ဤသဒ္ဒါ ၂ မျိုးမှ မည်သည့်အက္ခရာမဆို သင့်မြတ်ပါတယ် အဘိုး။ ဒါကြောင့် ရှေးသူ
ဟောင်းတို့ စပ်ဆိုရာမှာ-
မြန်မာ့ထိပ်ခေါင်၊ ဦးစွန်းထောင်၍
ကုန်းဘောင်စံမှတ်၊ နန်းပြသာဒ်က
သိဒ္ဓတ်တစ်နှုန်း၊စက်ရှိန်မှုန်းသော်
ပျောက်ပြုန်းရန်မျိုးလို့ဆိုပါတယ်။
အဘိုး . . . . .သာဓုပါ ကိုယ်တော်လေး၊ သာဓု သာဓု ။
ဆရာတော် . . . . .(ဘုရားဟူသည် ရှင်သိဒ္ဓာတ်) ဆိုသည်ကား ကပ္ပိလ၀တ် နေပြည်တော်ကြီးကို ဗာရဏသီပြည်၊ဥက္ကာမုခ မင်း၏သားတော် ၄ယောက်၊သမီးတော် ၅ယောက်
တို့စုစည်းပြီး ဗိုလ်ပါအလုံးအရင်းနှင့် ပြုစုထူထောင်ထားကြတယ်။
မင်းသား ၄ ယောက် အချိန်အရွယ်ရောက်လျှင်(တစ်ပါးသူနှင့် အိမ်ထောင်ပြုချေသော် အမျိုးပျက်မည်။အမျိုးပျက်လျှင် အပြောအဆို  အသုံးအစွဲပျက်မည်။ဤသို့ပျက်လျှင်
ပြည်ထဲရေး မငြိမ်မ၀ပ်ရှိမည်။ဤသို့ဖြစ်သော် တိုင်းသူပြည်သားအပေါင်းတို့ ဆင်းရဲခြင်းသို့ ရောက်မည်)ဟူ၍အကြံတော်ရှိကြပေတယ်။ထို့ကြောင့် နှမတော် ၅ယောက်တွင်
အကြီးဆုံးကို အမိအရာထား၍ အငယ် ၄ယောက်တို့နှင့် မောင်တော် ၄ ယောက်တို့အချင်းချင်း အိမ်ထောင်ဖက်ပြုခဲ့ကြတယ်။
ထိုအကြောင်းကို ခမည်းတော်ဥက္ကာမင်း ကြားသိတော်မူသော် ( ငါ့သားတော် သမီးတော်တို့သည်ကား ရဟန်းရှင်လူ ပြည်သူတို့၏ စီးပွားချမ်းသာကိုငဲ့၍မောင်နှင့်နှမ
ရွှေလက်တွဲကာ ပြည်ထဲရေး ထမ်းဆောင်ကြသည်မှာ အလွန်ပြုနိုင်ခဲသော အရာကို ပြုပေစွ)ဟု ချီးမွမ်းစကားဆိုခဲ့ပေတယ်။

ဤကိုရည်၍ ရှင်အဂ္ဂသမာဓိ စပ်ဆိုရာတွင်-
(သကျဝတ၊ကုမာရဟု
သြဇသာကြည်၊နှုတ်ခွန်းရည်ကြောင့်
ပင်စည်ညွန့်ညှောင့်၊မင်းရိုးပေါက်သည်)
ထိုသကျဝတ စကားကိုစွဲ၍ (သာကီဝင်) မင်းမျိုးဟု တွင်ရာ ကုန်းဘောင်ဆက် မြန်မာမင်းများလည်း အပါအ၀င်ဖြစ်ပေတယ်။ပြည်သူတို့ စိုးရိမ်ခြင်းပျောက်၍ စိတ်ချမ်းမြေ့
ခြင်းဖြစ်သည်ကို သိဒ္ဓတ်ဖြစ်သည် ခေါ်ဆိုတယ်။ဤကိုစွဲ၍ ဘုရားလောင်း သားရတနာဖွားမြင်ရာတွင် ငယ်မည်  ( သိဒ္ဓတ္ထ ) ဟု မှည့်ခေါ်ခဲ့တယ်။ဘုရားအဖြစ်သို့ရောက်သော်
ဗောဓိပင်အောက်၌ စိတ်နှလုံး ချမ်းမြေ့ခြင်း ဖြစ်တော်မူသည်ကိုစွဲ၍ ဤ ၃ ချက်သော သိဒ္ဓတ်ကို ရည်၍ (ဘုရားဆိုသည် ရှင်သိဒ္ဓတ်)ဟုဆိုပါတယ်။
အဘိုး . . . . .သာဓုပါပဲ ကိုယ်တော်လေး၊သာဓု  သာဓု။


အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့ အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့ ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည် တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။

ကုန်းဘောင် ၁၁ ဆက်ရဲ့ စာရင်းကတော့


၁။ အလောင်းမင်းတရား

၂။ နောင်တော်ကြီး

၃။ ဆင်ဖြူရှင်

၎။ စဥ့်ကူးမင်း

၅။ ဖောင်းကားစား

၆။ ဘိုးတော်ဘုရား

၇။ ဘကြီးတော် ဘုရား

၈။ သာယာဝတီမင်း

၉။ ပုဂံမင်း

၁၀။ မင်းတုန်းမင်း

၁၁။ သီပေါမင်း

တို့ဖြစ်ကြပါတယ်။  ကုန်းဘောင်ဆက်တွေမှာ ဒေသကို အစွဲပြုပြီး ခေါ်တဲ့ နာမည်တွေက များတာ ကို တွေ့မှာဖြစ် ပါတယ်။ အဲဒီနာမည်တွေက အများသိကြတဲ့ နာမည်တွေဖြစ်ပြီး နာမည်တွေမှာ သီပေါမင်း၊ မြေဒူးမင်း ( ဆင်ဖြူရှင် )၊  မင်းတုန်းမင်း၊ ပုဂံမင်း ၊ ဖောင်းကားစားနဲ့ သာယာဝတီမင်း ၊ စဥ့်ကူး မင်းတို့ ဟာ အပိုင်စားရရာ ဒေသ တွေကို အစွဲပြုပြီး ခေါ်ဆိုတဲ့ အမည်တွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကုန်းဘောင် ဆက်တွေရဲ့နာမည်တွေ ကို မှတ်သားရ လွယ်ကူတာတွေ့ရပါတယ်။ အလောင်းမင်းတရား၊ ဆင်ဖြူရှင် (မြေဒူးမင်း) တို့ကြပြန်တော့ သူတို့တွေ လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားမှုတွေကို တပ်ဆင်ခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။( ဆင်ဖြူ ရလို့ ဆင်ဖြူရှင် ဖြစ်လာပေမယ့် ဆင်ဖြူအများအပြား ပိုင်ဆိုင်တာကတော့ ဘိုးတော်ဘုရားဖြစ်ပါတယ်။ ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိတဲ့ ဆင်ဖြူတော် ရဲ့အစွယ်ကို ရန်ကုန် တိရိစ္ဆာန်ဥယျာဉ် ရဲ့အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်ပြီး အဲဒီအကြောင်းကို ဆက်လက်တင် ပြပါ့မယ် )  နောင်တော်ကြီး မင်းကတော့ အလောင်းမင်းတရားကြီးရဲ့သားတော် အကြီးဆုံးမို့ ခေါ်ဆိုတာကိုတွေ့ရပြီး နောက်ပိုင်း ဘုရင် တွေရဲ့ အဘိုးတော်စပ်တဲ့ ဘိုးတော်ဘုရား (ဗဒုံမင်း) ၊ ဘကြီးတော်စပ်တဲ့ ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း ) လို့ ဆိုပြီး ဆွေမျိုးနာမည် တွေ တပ်ထားတာ တွေ့ရှိရပြန်ပါတယ်။

ငယ်နာမည်တွေနဲ့အခြား ရောထွေးနေတတ်တဲ့နာမည်တွေကိုပြောပြချင်ပါတယ်။

၁။ အလောင်းမင်းတရား  ( အောင်ဇေယျ )

၂။ နောင်တော်ကြီး ( မောင်လောက် )

၃။ ဆင်ဖြူရှင် (မောင်ရွ ၊ မြေဒူးမင်း )

၎။ စဥ့်ကူးမင်း ( မောင်ရဲလှ )

၅။ ဖောင်းကာစား ( မောင်မောင် )

၆။ ဘိုးတော်ဘုရား ( မောင်ဝိုင်း ၊ ဗဒုံမင်း၊ ဆင်ဖြူများရှင် )

၇။  ဘကြီးတော် ( စစ်ကိုင်းမင်း ၊ မောင်စိန်၊ ဖန်နန်းရှင် )

၈။  သာယာဝတီမင်း ( မောင်ခင် ၊ ကုန်းဘောင်မင်း ၊ ရွှေဘိုမင်း )

၉။  ပုဂံမင်း ( မောင်မောင် )

၁၀၊ မင်းတုန်းမင်း ( မောင်လွင် )

၁၁။ သီပေါမင်း ( မောင်ရေစက် )

ဒီလို နာမည်ကွဲတွေ အများအပြားရှိနေသေးတဲ့အတွက် တခါတရံမှာ သမိုင်းကိုလေ့လာတဲ့ အခါတွေမှာ တော်တော် လေး ခေါင်းစားမိတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ၀ါသနာအရ လေ့လာတာဖြစ်တဲ့ အတွက် မင်းတွေရဲ့နာမည် တွေ ကိုသမိုင်းဆရာတွေက ရေးတဲ့အခါမှာ တချို့တလေကျတော့ ကိုယ်မကျက်မိတဲ့ အမည် ဖြစ်နေတာ ဖြစ်ရင် နဲနဲ လေးအလုပ်ရှုပ်ပါတယ်။

ဖောင်းကာ စားမောင်မောင်ဟာ နန်းသက်ကို ရက်ပိုင်းစိုးစံလိုက်ရပေမယ့် ကုန်းဘောင် ၁၁ ဆက်ထဲမှာ ဘုရင်မျိုး နွယ်ဖြစ်တဲ့အတွက် ပါဝင်ခဲ့ပေမယ့် ကုန်းဘောင် သမိုင်းမှာ မတွင်လိုက်တဲ့ မင်းသားတပါးရှိခဲ့ပါတယ်။ သူကတော့ ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားကြီး ( ရခိုင်နိုင်မင်းလို့ အမည်ရပါတယ်) ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ တော် ၃ ကြိမ်တည်ထောင်ရာမှာ တစိတ်တပိုင်း ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သူက ရအောင်စွမ်းဆောင်ခဲ့ပြီး လက် ရုံးရည်နှလုံးရည် ပြည့်ဝတဲ့မင်းသားတပါးဖြစ်ပါတယ်။ မန္တလေး မဟာမုနိ ဆင်းတုတော်ကြီးကို ရခိုင်ကနေ ပင့်ဆောင် လာခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး ကုန်းဘောင် ဆက်ရဲ့ နန်းသက်အရှည်ဆုံး ဘိုးတော်မင်းတရားကြီး ရဲ့ နန်းသက်အတွင်းမှာဘဲ ကံတော်ကုန်ခဲ့ရပါတယ်။ နာမည်တွေအကြောင်း ပြီးတဲ့အခါ ပထမဆုံးအနေနဲ့ မင်းသား ကြီးနဲ့တကွ ကုန်းဘောင်ဦးစွန်းကို တင်မခဲ့သူတွေ အကြောင်း ထပ်လောင်းလေ့လာပြီးပြောချင်ပါတယ်။



ကုန်းဘောင် မင်းဆက် တေးထပ်


ဦးအောင်ဇေယျ အမှုးမြောက်

ထူးတယောက်တင်မူ

ဦးလောက် ပ ဘုရင်တဆူ

ဆင်ဖြူရှင် စခန်း

စဥ့်ကူးမင်း ကောင်းစားမီ

ဖောင်းကားညီလုတဲ့ရွှေနန်း

ဦးဝိုင်းပ၊ ပထမ ခေါင်ပျော်

မြနောင်တော်ရေဖျန်း

အမရဆောင်ပေါ် ဗွေကြငှန်းမှာလ

ရွှေစာတမ်းဖွဲ့ပြန်၊

ကုန်းဘောင်ပျော် နေလိုဝင်း

ရွှေဘိုမင်းသား မြတ်ပုဂံ

ချမ်းအေးဖို့ ပန်းမွှေးပန်

မန္တလေးစံ တောင်လက်ရုံးရယ်နှင့်

မင်းတုန်းမင်း၊ သီပေါအရှင်

ထီးနှင့်ပလ္လင်

ဆယ့်တဆက် အုပ်စိုးတင်

မုဆိုးဘုရင် စခန်းမို့လေး။  ။





ကျမ်းကိုး...ကုန်းဘောင်ရှာပုံတော် (ညိုမြ)

Monday, October 10, 2011

ပုဂံမတိုင်မီမြန်မာနိုင်ငံအခြေနေ အပိုင်း(၄)..“လူ၏ဆင့်ကဲဖြစ်စဉ် စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်သည်။”ဟူသောအဆို

ကမ္ဘာကြီး၏ အစောဆုံးတွေ.ရှိခဲ့ရသော ရှေးဦးလူသားများ(ပရိုင်းမိတ်များ)

ပညာရှင်များစမ်းသပ်လေ့လာချက်အရ
အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ
၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)
၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း
ခုနှစ်သောင်းခန်.)
၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်းသုံးသောင်းငါးထောင်)
တို.ဖြစ်ကြပါသည်။
ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော
လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်)များသာဖြစ်ကြပါသေးသည်။
“လူ၏ဆင့်ကဲဖြစ်စဉ် စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်သည်။”
အထက်ပါခေါင်းစဉ်အဆိုကို တင်ပြသူမှာ - - မြန်မာဘူမိဗေဒပညာရှင် ဦးဘမော် ဖြစ်သည်။
ဦးဘမော်ရဲ.လူသားအစမြန်မာက ဆိုတာအပေါ်မှာ လက္ခံသူ ပညာရှင်များရှိသကဲ့သို.
လက်မခံနိုင်သူပညာရှင်များ လဲ ရှိနိုင်ပါသည်။ (အဆိုမှန်ကန်ကြောင်း
ကမ္ဘာ့ပညာရှင် အများစုလက္ခံနိုင်အောင် တွေ.ရှိရတဲ့ ပရုင်းမိတ်များကို
သုတေသနပြု စမ်းသပ်မှူများနဲ. သက်သေပြနိုင်ဖို.လိုပါသည်။)
စာရေးသူ အနေဖြင့် ဦးဘမော် တို.ပညာရှင်အဖွဲ.လုပ်ဆောင်တွေ.ရှိ
တင်ပြချက်များကိုသာ မျှဝေနိုင်ပါသည်။ထင်မြင်ချက်ပေးနိုင်သည့်အဆင့်မရှိပါ။
မြန်မာနိုင်ငံနှင့်ပတ်သက် ၍ -
-အီး၊ ဂျီးပီးဂရင်းမ်
-အီး၊ အိပ်ခ်ျ၊ ကိုးလ်ဘတ်
-ဦသော်တင့်
-ဦဘမော် - - - - ပညာရှင် များတွေ.ရှိချက်မှာ...
မြန်မာနိုင်ငံ အလယ်ပိုင်း ပုံတောင်ပုံညာဒေသကို ရှာဖွေလေ့လာသောအခါ
ရှေးဦးလူရုပ်ကြွင်းများကို တွေ.ရှိခဲ့ပါသည်။ အမည်ကိုတော့“ပုံတောင်ဂျီယာကော့တရီ” လို.ပေးခဲ့ပါသည်။
ပုလဲမြို.နယ်၊ မိုးကောင်းဒေသမှာ ထပ်မံတွေ.ရှိပြန်ပါသည်။ “အမ်ဖီပီသီကပ်မိုးကောင်းဂျင်းစစ်” ဟု အမည်ပေးထားပါသည်။
၁၉၈၁ - မှာ ဦးဘမော်ရဲ. တွေ.ရှိချက်အသစ်တစ်ခုကတော့ ချောင်းဦးမြို.နယ် ထဲက
အရွယ်ရောက်လူတစ်ဦး ရဲ. သွား၊ ရှေးသွားနှင့် အပေါ်မေးရိုး တွဲလျှက်
ကျောက်ဖြစ်ရုပ်ကြွင်းပါ - “ဘားမားမင်း” ဟု အမည်ပေးထားသည်။
“ပုံတောင်” “မိုးကောင်း” ရုပ်ကြွင်းကလွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ပြောပါသည်။
“ချောင်းဦးရုပ်ကြွင်း” “ဘားမားမင်း” လွန်ခဲ့သော နှစ်တစ်သန်း လို.ပြောပါသည်။
(ကမ္ဘာကအသိအမှတ်ပြုထားသော ဂျာဗားလူ၊ ပီကင်းလူ ကလွန်ခဲ့သော
နှစ်လေးသါန်းကျော်ပါ - - ယခု ပုံတောင် နဲ.မိုးကောင်း ပရိုင်းမိတ် တွေက
လွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ဆိုပါသည်။)
ဒါကြောင့် ဒီကမ္ဘာကြီးမှာ လူသားများစတင်ရာနေရာဟာ..မြန်မာနိုင်ငံပါလို့
ဆိုလိုရင်းဖြစ်နေကြောင်းပါ။ လက်ခံစေလိုပါက ဆက်လက်ဆောင်ရွက်ရန်သာဖြစ်ပါသည်။

ပုဂံမတိုင်မီမြန်မာနိုင်ငံအခြေနေ အပိုင်း(၃) အညာသားယဉ်ကျေးမှု

မြန်မာနိုင်ငံအညာသားယဉ်ကျေးမှု (Anyathian Culture)



ပညာရှင်များစမ်းသပ်လေ့လာချက်အရ အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ

၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)

၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်သောင်းခန်.)

၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းငါးထောင်) တို.ဖြစ်ကြပါသည်။



ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်) များသာဖြစ်ကြပါသေးသည်။



အညာသားယဉ်ကျေးမှူ (Anyathian Culture)

မြန်မာကျောက်ခေတ်သုံးလက်နက်များကို မြန်မာနိုင်ငံအနှံ.အပြားတွင်တွေ.ရှိခဲ့ရသည်။

သုတေသီများက မြန်မာ့ ကျောက်ချောခေတ်ယဉ်ကျေးမှူကို အညာဒေသ/အညာသားယဉ်ကျေးမှူ ဟုသမုတ်ခဲ့ကြသည်။

အကြာင်းမှာ - ပညာရှင်..ဟားဘတ်တက္ကသိုလ်မှ ဒေါက်တာ Hellmut De Terra , ပါမောက္ခ Hallam L. Movius

တို.ဟာ ၁၉၃၇ - ၁၉၃၈ ခုနှစ်များမှာမြန်မာနိုင်ငံ ဧရာဝတီ၊ မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလေ့လာခဲ့သည်။



ကျောက်ခေတ်သုံးလက်နှက်များကို - - မကွေး(ချင်းအောင်မကုန်း)၊ ချောက်။ စလေ။ ညောင်ဦး။

ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ။ စဉ့်ကူ၊ မကွေးမြသလွန်အရှေ့ဖက်ဒေသများ၊ ယောတောင်ကြားလမ်းရှိပေါက်၊ မင်းကွန်း၊ မန္တလေးဝန်းကျင် …တို့တွင်တွေ့ရှိရသည်။



သူတို.ရဲ.အရေးပါတဲ့တင်ပြချက်ကတော့ - - “ရေခဲခေတ် အတွင်းမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး

ဂျာဗားနဲ.ပီကင်း တို.ကဲ့သို. လူမျိုးနွယ်များ အခြားဒေသများသို. ပြန်.ပွားသွားဖွယ်ရှိသည်။

ဂျာဗားနှင့်ပီကင်း လူတို.ထက်စောပြီး မြန်မာနိုင်ငံတွင် လူရှိနိုင်သည်။”



ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်လေးသိန်းကျော်ကတဲက မြန်မာနိုင်ငံတွင် လူပေါ်ပေါက်နေပြီဖြစ်သည်။

သို.သော် - - သက်သေပြရန် အထောက်အထား မတင်ပြနိုင်ခဲ့ပါ။



အညာသားယဉ်ကျေးမှူရဲ. သဘောကို ပြန်ချုပ်ရရင်

“ပီသေကန်သရိုပတ် လို.ခေါ်တွင်သော ဂျာဗားလူနှင့်ပီကင်းလူတို. တချိန်တည်းမှာ၊ တစ်နည်းအားဖြင့် လွန်ခဲ့သော နှစ်လေးသိန်းကျော်ကပင် မြန်မာနိုင်ငံမှာ လူသားပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။



ထိုသူများကို “အညာသား” ဟု ပညာရှင်များက အမည်ပေးခဲ့သည်။

ထိုသူများမှ ဆင့်ကဲဖြစ်စဉ် (Evolution) အရ ဒီခေတ်မြန်မာလူသား တွေဖြစ်ခဲ့ ကြသည်။

ပုဂံမတိုင်မီမြန်မာနိုင်ငံအခြေအနေ အပိုင်း(၂)

ကျနော်ရဲ့ ပုဂံမတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)မှာ လွန်ခဲ့သောနှစ် သန်း၆၀၀ တုန်းက မြန်မာနိုင်ငံဟာ
လုံးဝ ပင်လယ်ရေအောက်နစ်မြုပ်ရာကနေ ..
လွန်ခဲ့သောနှစ် ၁၄သန်းမှာတော့ ကုန်းမြေဖြစ်ထွန်း ခိုင်မာလာပြီး ယခုလက်ရှိပုံစံဆောင်လာ
ကြောင်း တင်ပြခဲပါတယ်။
ယခု လွန်ခဲ့တဲ့ နှစ်တစ်သန်းကာလ အကြောင်းဆက်ပါမယ်။

လွန်ခဲ့သောနှစ် တစ်သန်းကာလ (နှင်းခဲကပ်)..မြန်မာနိုင်ငံ

ကမ္ဘာကြီး၏ စတုတ္ထကပ်(နှင်းခဲကပ်)၏ အရေးပါသော အချက်မှာ
လူသားစတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ဦးဘမော်၊ ဦးသော်တင့် တို.၏ - “ပုံတောင် ဂျီယာကေါ်တာရီ” နှင့် “ အမ်ဖီပီသီကပ် မိုးကောင်ဂျင်းစစ် (ပရိုင်းမိတ်)” - အကြောင်းနောင်အခါ ဆက်လက်ရေးသားပါမည်။)

ယင်းကပ်ကာလသည် လွန်ခဲ့သော နှစ်တစ်သန်းကာလမှစ ယနေ့ထိအကျုံးဝင်ပါသည်။
မြန်မာနိုင်ငံ အခြေအနေသုံးသပ်ချက်မှာ - -

မြန်မာ့မြေပြင်တွင် လူနှင့်တိရစ္ဆာန်ပေါ်ပေါက်လာသည်။
ယင်းခေတ်တွင် မြန်မာနိုင်ငံတွင် သစ်တောများဖုံးလွမ်းနေကြောင်းအထောက်ထားရှိခဲ့သည်။
မီးတောင်များ ပေါက်ကွဲမှုဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အနောက်ရိုးမ၊ အလယ်ရိုးမ၊ တနင်္သာရီရိုးမ၊ ရှမ်းကုန်းပြင်မြင့် ပေါ်ပေါက်တည်ရှိသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသော မြစ်ကြီးများရှိလာသည်။
ယင်းမြစ်ဝှမ်းလွင်ပြင်များတွင် လူနှင့်တိရစ္ဆာန် စသော သတ္တလောက သားတို့မီတင်းရာဖြစ်လာသည်။

ဒရယ်ငယ်မျိုးများ၊မြင်းများ၊ဆင်များ၊နွားများ၊ကျွဲများ ကျက်စားလျက်ရှိသည်။
မြစ်ချောင်းအင်းအိုင်တို့တွင် လိပ်များ၊ မိချောင်းများလည်းရှိခဲ့သည်။


ပုဂံ မတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၃) တွင် ကျောက်ခေတ် မြန်မာနိုင်ငံ အညာသားယဉ်ကျေးမှု( Anyathian Culture )
ကိုဆက်လက်တင်ပြပါမည်။

ပုဂံ မတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)

ကမ္ဘာကြီး၏သက်ဦးကပ် အပိုင်းအခြားများ

လူသားများ၏သဘာဝလောကကြီး(ကမ္ဘာလောကကြီး) ဖြစ်တည်ပုံနှင့်ပတ်သက်၍
သဘာဝသိပ္ပံအမြင်အားဖြင့်သမိုင်းကြောင်းတစ်လျောက်ပိုင်းခြားထားသော
အာယုကပ်များအတွင်းဖြေးဖြေးခြင်းသာပြောင်းလဲခဲ့ကြသည်။
လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀ခန့်မှစတင်၍ဘူမိခေတ်တွင်သက်ဦးကပ်(Primary Era)စတင်သည်ဟု
ဘူမိပညာရှင်များကခန်မှန်းကြသည်။

ယင်းကပ်သည်နှစ်ပေါင်းသန်း၃၀၀ကျော်ကြာမြင့်ခဲ့ပြီး ယုဂ်အားဖြင့် ခြောက်ခုရှိသည်။
၁။ ပါမီယန်ယုဂ်(Permian Period) လွန်ခဲ့သောနှစ်သန်း ၂၈၀
၂။ ကာဘွန်နီယုဂ် (Carboniferous Period) လွန်ခဲ့သောနှစ်သန်း ၃၄၅
၃။ ဒီမိုနီယန်ယုဂ် (Demonian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၀၅
၎။ ဆီလူရီယန်ယုဂ် (Silurian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၂၅
၅။ သြဒိုဗစ်စီယန်ယုဂ် (Ordovician Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၅၀၀
၆။ ကမ်ဗရီယန်ယုဂ် (Cambrian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀

သက်ဦးကပ်အတွင်းမြန်မာနိုင်ငံအခြေနေမှာ..
(က) လွန်ခဲ့သောနှစ်သန်း ၅၀၀ ခန့်တွင် မြန်မာတစ်နိုင်ငံလုံး ပင်လယ်ပြင်အောက်နစ်မြုပ်နေခဲ့သည်။
ရှမ်းကုန်းပြင်မြင့်တွင်သာ ကျွန်းငယ်လေးများပေါ်နေမည်ဟုခန့်မှန်းပါသည်။

(ခ) လွန်ခဲ့သောနှစ်သန်း ၄၂၅ မှ ၄၀၅ ခန့်တွင် ကမ္ဘာကြီး၏ မြေလွှာ လှုပ်ရှားမှုအကြီးကျယ် ဖြစ်ပေါ်ခဲ့သဖြင့်
ရှမ်းပင်လယ်တွင်း မြေမြင့်တက်မှုဖြစ်ပေါ်လာဟန်ရှိသည်။
ကျွန်းငယ်လေးများထပ်မံပေါ်နေမည်ဟုခန့်မှန်းပါသည်။


မြန်မာ့မြေလွှာဖြစ်တည်မှုတွင် လွန်ခဲ့သောနှစ်သန်းပေါင်း ၆၃နှစ်တွင် သက်ဦးကပ်မှ
သက်နှောင်းကပ် ( Cenozoic Era )သို့ပြောင်းလဲခဲ့သည်၊ သက်နှေင်းကပ်သည် နှစ်ပေါင်း ၆၂သန်း
ကြာသည်ဟုခန့်မှန်းသည်။

သက်နှောင်းကပ်တွင် မြန်မာ့ပင်လယ်ပြင်သည် ရှမ်းကုန်းပြင်မြင့် အနောက်ခြမ်းမှ အီန္ဒိယအရှေ့ခြမ်းထိ
ဖြစ်ဟန်ရှိသည်။
လွန်ခဲ့သောနှစ်သန်း ၄၀ခန့်တွင် မြန်မာနိုင်ငံ မင်းကွန်း၊ မန္တလေးဒေသတွင် ကုန်းမြေထုပေါ်လာခဲ့သည်။

လွန်ခဲ့သောနှစ်သန်း ၃၀ခန့်တွင် ကမ္ဘာမြေလွှာ လှုပ်ရှားမှုဆက်လက်ဖြစ်ပေါ်နေသဖြင့်
ပင်လယ်ရေ အနည်းငယ်ဆုတ်ယုတ်လာဟန်ရှိသည်။

လွန်ခဲ့သောနှစ် ၁၅သန်းတွင် ဟိမ၀န္တာတောင်တန်းကြီးဖြစ်ပေါ်မှု ( Himalayan Mountain-buildingMovement ) ဖြစ်ပေါ်လာခဲ့သည်။
အကျိုးဆက်အဖြစ် မြန်မာနှင့် အာသံနယ်လုံးဝကွဲပြားသွားပြီးယခုလက်ရှိမြန်မာနိုင်ငံပုံပေါ်ပေါက်လာဟန်ရှိသည်။
မြန်မာ့မြေလွှာပိုမိုခိုမာလာသည်၊ပုပ္ပားမီးတောင်၊ ရွှေဘိုအရှေ့ဖက်ခြမ်းတွင် မီးတောင်များ စုံ့တက်နေဆဲကါလဟုမှန်းဆကြသည်။

လွန်ခဲ့သောနှစ် ၁၄သန်းလောက်တွင် မြန်မာနိင်ငံတွင် ရေနေသတ္တ၀ါများသာမက ကြောရိုးရှိသတ္တ၀ါများပါ ဖြစ်ထွန်းနေပြီး ရှေးဟောင်းဆင်ကြီးများ၊ မြင်း၊ ကျွဲ၊ နွားနှင့် သမင်များပါ ရှိနေနိုင်ပါသည်။


အပိုင်း(၂) ဆက်တင်ပေးပါမည်။