Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts

Saturday, March 24, 2012

အပျိုကြီးများရဲ့ အားနည်းချက်များ

အပျိုကြီးများရဲ့ အားနည်းချက်များ


၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သ
ူမရှိခြင်း


၂-အိပ်မက်ဆိုးများဖြင့်ညတရေးနို
းလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း

၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်
   သူမရှိခြင်း

၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို 
    ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ ရရ်ျ    
     ပိုက်ဆံကုန်ခြင်း

Sunday, March 11, 2012

City Lights from Around the World

The last one is absolutely...................

City lights from around the world
Brazil



Denver


 



(ရေခဲအနုပညာလေးပေါ့။)



 
 

စိတ်ဝင်စားစရာအားကစားတွေပါ။ သူငယ်ချင်းတို့လည်း စိတ်ကူးရှိရင် ဝင်ပြီး ပြိုင်လို့ရတယ်နော်။


စိတ်ဝင်စားစရာအားကစားတွေပါ။ သူငယ်ချင်းတို့လည်း စိတ်ကူးရှိရင် ဝင်ပြီး ပြိုင်လို့ရတယ်နော်။




Monday, January 9, 2012

လူ၊ ကြက် နှင့် တိရိစ္ဆာန်များ ...



ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော် ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော် ချင်လို့နဲ့ တူပါတယ်။င်္
-  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -
-ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။ သေတာတောင်နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္
-  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -
-ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
-  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -  -
-ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

အကြည်တော်
-------------------------------------------------------------------
(အကြည်တော်ရယ် Steven Yean ဆိုတဲ့ အစ်ကိုရေးတာပါ)forward mail ကရတာပါ။

Sunday, October 9, 2011

အဓိပ္ပါယ်ရှိသော(၁၄)ရက်နေ.

လတိုင်းလတိုင်းရဲ. ၁၄ရက်နေ.ထူးခြားချက်လေးတွေပါ။ မသိသေးသောသူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။ လတိုင်းရဲ.၁၄ရက်နေ.လေးတွေမှာ ကိုယ်.ချစ်သူကိုဘာလက်ဆောင်ပေးရလည်း
ဆိုတာသိရအောင်လို.ပါ။ ချစ်သူကိုလက်ဆောင်လေးတွေရင်းပျော်ရွှင်နိုင်ကြစေဖို.ရည်ရွယ်လိုက်ပါတယ်။

ကိုရီးယားမှာတော. စုံတွဲတွေက လတိုင်းရဲ.၁၄နေ.ကို အထူးစပယ်ရှယ် နေ.တစ်ရက်အဖြစ် သတ်မှတ်ကြပြီး
အဲ.ဒီ.နေ.တွေကို ပျော်ရွင်စွာ ကျင်းပကြပါတယ်။အခုခေတ်ကြီးမှာ လူတွေက သိပ်အလုပ်များကြပါတယ်။
ဒီတော. ကိုယ်ချစ်ရတဲ.ချစ်သူကို တစ်လမှာတစ်ရက်နှစ်ရက်လောက်တော. ပုံမှန်ထက်ထူးတဲ.ချစ်ခင်ကြင်နာ
မှု.အပြည်.အ၀နဲ. ရှယ်ရက်လေးတစ်ခု လုပ်ပေးမယ်ဆိုရင် အဲ.ဒီ.စုံတွဲလောက် ကံကောင်းပျော်ရွင်ရတဲ.သူ
ရှိမှာ မဟုတ်တော.ပါဘူး။

January 14th "Diary Day"

   နှစ်သစ်တစ်ခုရဲ. အစပိုင်းလဖြစ်တဲ.အတွက် ချစ်သူတွေက တစ်နှစ်လုံးလုပ်ရမယ်. ကိစ္စတွေကို အစီအစဉ်ရေးဆွဲတဲ. အထိမ်းအမှတ်အနေနဲ. ဒိုင်ယာရီ စာအုပ်လေးတွေ အဲ.ဒီ.နေ.မှာ
အပြန်အလှန် လက်ဆောင်ပေးလေ.ရှိပါတယ်။


February 14th "Valentine Day"

   ဒီနေ.လေးကတော.အားလုံးသိကြပါတယ်။အဲ.ဒီ.နေ.နဲ.အဲ.ဒီ.နေ.
မတိုင်ခင်မှာ ကိုယ်ချစ်ရတဲ.သူကိုချောကလက်လှလှလေးတွေနဲ. နှင်းဆီပန်းပို.ပေးလေ.ရှိကြပါတယ်။တစ်နှစ်လုံးမှာ ချစ်သူစုံတွဲအားလုံး
လိုလိုကျင်းပလေ.ရှိတဲ. ချစ်ဖို.ကောင်းတဲ.နေ.ရက်လေးတစ်ခုပါ။


March 14th "White Day"
 
  ဒီနေ.မှာတော. ယောင်္ကျားလေးတွေက သူတို.ချစ်ရတဲ. အမျိုးသမီး
တစ်ယောက်ယောက်ကိုသကြားလုံးသို.မဟုတ်နှစ်သက်တဲ.လက်ဆောင်ပေး
ကြတာပါ။ချောကလက်နဲ.ပန်းစည်းတော. မပေးရပါဘူး။တစ်ချို.ကတော.
ချစ်သူကို ကဗျာဆန်တဲ.ညစာစားပွဲတစ်ခုခုလုပ်ပေးကြပါတယ်။ဒါမှမဟုတ်
ကမ်းခြေတို.၊ ပျော်ပွဲရွှင်ပွဲနေရာတွေသွားပြီ အမှတ်တရတစ်ခုခု လုပ်တာ
လည်းရှိပါတယ်။


April 14th "Black Day"

 အနက်ရောင်နေ.လို.ခေါ်ဆိုရမယ်. ဧပရယ်လ် ၁၄ ရက်ကတော. ချစ်သူ
စုံတွဲမရှိတဲ. တစ်ကိုယ်တည်းသမားတွေအတွက်ပါ။ထူးထူးခြားခြား တစ်
ရက်တည်းသောနေ.ပေါ.။အဲ.ဒီ.နေ.မှာ စုံတွဲမရှိတဲ.သူတွေ အချင်းချင်း
အပြင်ကို အတူတူသွားပြီး "တစ်ကိုယ်တည်းဘ၀"အထိမ်းအမှတ်လုပ်ကြ
ပါတယ်။ အင်္ကျီအနက်ရောင်၊ အသုံးအဆောင်အနက်ရောင်နဲ. တစ်ကိုယ်
လုံးကို အနက်ရောင်ဆင်ထားလေ.ရှိကြပါတယ်။အဲ.ဒီ.နေ.မှာ စုံတွဲမရှိ
သေးတဲ. အနက်ရောင်ဝတ်ဆင်ရင် စုံတွဲရသွားတဲ. တစ်ကိုယ်တည်းသမား တွေလည်း အများကြီးပါ။

May 14th "Rose Day"

 နှင်းဆီများနေ.မှာ ချစ်သူကို နှင်းဆီပန်း လက်ဆောင်ပေးလေ.ရှိပါတယ်။
ယောင်္ကျားလေးတွေက မိန်းကလေးတွေကို နှင်းဆီပန်းလေးတွေ သီးသန်.ပေး
ပြီး သူ.အချစ်ကိုဖေါ်ပြတဲ.နေ. တစ်ရက်ပါ။

June 14th "Kiss day"

 အနမ်းများနေ.ကတော. သိပ်တော.မကောင်းပါဘူး။ သူတို.ယဉ်ကျေးမှု.မှာ
တော.အဲ.ဒီ.နေ.မှာ ကိုယ်နဲ.တွေ.တဲ. ကိုယ်.အသိတွေအားလုံးကို နမ်းလို.ရပါ
တယ်တဲ.။ချစ်သူက ခွင်.ပြုရင်တော.အနမ်းပေးခွင်.ရှိပါတယ်။ခွင်.မပြုရင်တော.
ကိုယ်.ချစ်သူကိုပဲ နူးညံ့တဲ.အနမ်းပေးလိုက်ပေါ.။

July 14th "Silver Day"

 ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေက အဲ.ဒီ.နေ.မှာ ငွေထည်ပစ္စည်းအချို.လက်
ဆောင်ပေးလေ.ရှိပါတယ်။

August 14th "Green Day"

 အစိမ်းရောင်နေ.မှာတော. စုံတွဲတွေက သဘာဝ အလှတွေရှိတဲ.နေရာကို အ
လည်အပတ်သွားပြီးချစ်ခင်ကြင်နာမှု.အပြည်.နဲ. အဲ.ဒီ.နေ.ရက်ကို ကုန်ဆုံးကြ
ပါတယ်။

September 14th "Photo Day"

 ဓာတ်ပုံနေ.မှာတော. ချစ်သူတွေ အချင်းချင်း ဓာတ်ပုံလှလှလေးတွေ အတူတူ
ရိုက်ကြပြီး အိပ်ခန်း၊ စားပွဲပေါ်တွေမှာ အမှတ်တရအနေနဲ. ထားလေ့ရှိပါတယ်။

October 14th "Wine Day"

 အဲ.ဒီ.နေ.မှာတော. ကိုယ်.ရင်ထဲက အချစ်ဆုံးသူနဲ. ၀ိုင်အတူတူသောက်ပြီး
ကြည်ကြည်နူးနူးစကားလေးတွေ တေးသီကျူးကြတဲ.နေ.ပါ။

November 14th "Movie Day"

 ချစ်သူစုံတွဲတွေက အချစ်ဇာတ်လမ်းလှလှလေးတွေ အတူတူသွားကြည်.ကြ
တဲ.နေ.ရက်ပါ။

December 14th "Hug Day"

 နှစ်တစ်နှစ်ရဲ. နောက်ဆုံးလဖြစ်သလို ချမ်းအေးတဲ. ဆောင်းရာသီဒီဇင်ဘာလ
မှာ ကိုယ်ချစ်တဲ.သူကို နွေးထွေးမှု.အပြည်.ပေးတဲ.အနေနဲ. ကြင်ကြင်နာနာ
ဖက်ပြီး ချမ်းအေးမှု.ကိုဖြတ်ကျော်တဲ.နေ.တစ်ရက်ပါ။


ချစ်သူတိုင်း ရင်ခုန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကဗျာဆန်ခြင်းများစွာနဲ. ထာဝရအထိ
ချစ်နိုင်ကြပါစေ။

Saturday, October 8, 2011

သီတင်းကျွတ်ပြီ မီးပုံပျံ လွတ်ရအောင်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သီတင်းကျွတ်ပြီ -မီးပုံးပျံ လွှတ်ရအောင်
အနာဂတ် အတွက်  သက်ပျင်းလေး တစ်ချက်
        လေပြေလေညှင်း တိုက်ခတ်ခြင်းနဲ့ အတူ သီတင်းကျွတ်ကာလ ရဲ့ ရာသီ ဥတုက သာတောင့်သာယာ ရှိလှပါတော့တယ် ၊ မြူတိမ်ကင်းတဲ့  ကောင်းကင်အာကာမှ ထွက်ပြူစ လစန္ဒာ ကို မြင်ရတဲ့အခါမှာတော့  မကြာမီ သီတင်းကျွတ် လပြည့်တော့မှာပါလား ဆိုတဲ့ အသိတရား က ဦးနှောက်တစ်နေရာမှာ နေရာယူလာပြန်တယ် ၊ သဘာဝရဲ့ ပြောင်းလဲ မှု့ နိယာမ သဘောကို မလွန်ဆန်နိုင်လို့ ဖြူ ၊နီ ၊ပြာ ၊၀ါ -ရောင်စုံ ဖြာစ ပြုလာတဲ့ သစ်ပင်လေးတွေကလည်း သင်္ခါရလောကကြီးမှာ အစဉ်ထာဝရဆိုတာ အပိုစကားလို့ ပြောပြနေသလိုလိုပင် ထင်မိပါရဲ့..။
          စက္ကန့် မှသည်   နာရီ ၊  ရက်၊ နေ့  အလီလီ ပြောင်းရွှေ့မှုတွေက ရာသီ စက်ဝန်း ဖြစ်ထွန်းခြင်း အစ ပဲ ဖြစ်လေ မလားပင် မသိ၊ သတိထား စဉ်းစားမိတော့  ဆယ်နှစ်လ ရာသီ ဆိုတာ ဘယ်မှာ တကယ်ကြာလို့လဲ ၊ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို လွန်မြောက်လို့ ဆောင်းရာသီပင် ၀င်ရောက်တော့မယ် မဟုတ်ပါလား ၊.ဒီလို နာရီတွေ ပြောင်း ..ရာသီပေါင်းများလာနဲ့ အမျှ သစ်ပင်ဖျားက သစ်ရွက်များလို မိမိဘ၀သက်ရွယ်သည်လည်း  ဇရာထောင်းလို့ အရွယ်ဟောင်းလာကာ သစ်ရွက်တွေ ညှာပြုတ်ကြွေကျ မြေမှာခ..ရသလို ဇရာ ဗျာဓိ မရဏ ဆိုတဲ့ ဘေးတွေက ခ..ရအုံးတော့မှာပါလားလို့  တွေးမိပြန်ပါတယ် ။ ဒီတော့လဲ လျှောက်လှမ်းရအုံးမည့် ရှေ့ အနာဂတ်လမ်းကို မှန်းဆခါ တွေးရင်းဖြင့်  သက်ပျင်းလေး တခုကို သာသာညှင်းညှင်း ချလိုက်မိပါတော့တယ် ။
                                သက်ပျင်းချ...အတွေးစ တစ်ခုရဲ့နောက်ကွယ်မှာ
          မရေ ရာ မသေချာ သေးတဲ့ အတွေး တခု နောက်ကွယ်မှာတော့ စဉ်းစားဖွယ်ရာ မြောက်များစွာဟာ အစီအရီ ငြိတွယ်ပါလာလေရဲ့.. ၊ မပြည့်စုံသေးတဲ့ ပညာရေးရယ်  ၊မပြည့်ဝသေးတဲ့ ဆန္ဒလေးတွေက ဘ၀ကို မရေရာ မသေချာတာတွေ ဖြစ်နေစေသလား ပင် မသိတော့ချေ ။ တကယ်တော့ ဘ၀ဆိုတာ ၀ိရောဓိ များစွာရဲ့ ဆုံမှတ်တခု ရယ်ပါ ၊ ကံ ဆိုတဲ့ ဇာတ်ဆရာက ဘယ်သူ့ကိုမှ လိုလေသေး မရှိအောင် စွမ်းဆောင်ပေးတာတော့ မဟုတ်နိုင်ဘူး ၊ အားနဲ ချက်တွေကို ရှာဖွေဖြည့်ဆီးရင်း ခရီးပြင်း နှင်ရတာမျိုးဆိုတာကိုဖြင့်  မေ့နေခဲ့မိတယ် ။ မိမိဘ၀ရဲ့အရှိကို မိမိကိုယ်ပိုင်အသိက နိုင်အောင် မထိန်းနိုင်ခဲ့လို့  အရှိတရားရဲ့ နှိပ်စက်ဒဏ်ကို ခံခဲ့  ရတယ်ဆိုတာကို ဘ၀အတွေ့အကြုံအရ သိလိုက်ရတယ် ၊ ဒီတော့လဲ  အနာဂတ်မှာ ထပ်ခါမမှားရအောင် အသိတရားတွေ တိုးပွားဖို့ သတိထား လမ်းလျှောက်ရတော့မယ်လို့  ပဲ ခံယူမိလိုက်ပြန်ပါရဲ့ ။
                                                    
                                 လမ်းလျှောက်ရင်းက အတွေးတစ်စ
         သီတင်းကျွတ်ပြီ ၊မီးပုံပျံ လွှတ်ရအောင် ၊မီးစာ ကို ရေနံ ဆွတ်ပါ- မိုးလွတ်ပါမည်လား... မေ့မရသေးတဲ့ ကလေးဘ၀တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာလေး တစ်ပုဒ်ကို နှုတ်ကနေ လှုပ်လှုပ်ရွရွ ရွတ်ဆိုရင်း လမ်းလျှောက်တွေးနေမိတယ် ။ မီးပုံးပျံဆိုတာကို  စက္ကူ ကော် စသည်ဖြင့် ဖွဲ့စည်း တည်ဆောက်ပြီး မီးစာတပ်ဆင်ရတယ် ၊အဲဒီ မီးစာမှာ ရေနံ ကောင်းကောင်းဆွတ်ပေးရတယ်၊ ဒါမှ မှိုင်းထွက်အားကောင်းပြီး မီးပုံပျံကို အထက်အမြင့်အဆီ သယ်ဆောင်သွားနိုင်ပါမယ်၊ မှိုင်းအားကောင်းရင် ကောင်းသလောက် အမြင့်ရောက်နိုင်တာ ဖြစ်ပါလိမ့်မယ်  ။ မီးပုံပျံ လွှတ်တင်ချိန်မှာ မိုးလေ လွတ်ကင်းဖို့လဲ လိုအပ်တာပေါ့ ၊ ဒါကြောင့်ပင် ထင်ပါရဲ့ ၀ါလကင်းလွတ် တဲ့ သီးတင်းကျွတ်လကို ရွေးပြီး ရှေးစာဆိုကြီးများက. သီတင်းကျွတ်ပီ မီးပုံပျံ လွှတ်ရအောင် စသည်ဖြင့် ရေးသားခဲ့တာလို့ အတွေးချဲ့မိတယ် ။
                                  မီးပုံ ပျံ ပမာ ဘ၀ခန္ဓာ
          တကယ်တော့ ရုပ် နာမ် နှစ်ဖြာတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ဘ၀ခန္ဓာကိုယ်ကြီးကိုလဲ ဓါတ်ကြီးလေးပါးတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားလို့ မီးပုံးပျံ   သဖွယ်လျှင်  တင်စားလို့ ရမယ် ထင်ပါတယ်  ၊ ကုသိုလ်ကံ မှိုင်း ကောင်းရင် ကောင်းသလောက် အမြင့်တက်၊ အထက်ရောက် နိုင်သလို ကုသိုလ်ကံမှိုင်း အားနည်းခဲ့မယ် ဆိုရင်လဲ  ဆင်းရဲနိမ့်ကျ ဘ၀မလှ ဖြစ်ရတတ်တာက သာဓကတွေ များစွာပေါ့ ၊  ကောင်းတဲ့ပညာရှင်က အချိုးကျကျ စီမံ ပြုလုပ်တဲ့ မီးပုံပျံဟာ သေသပ်လှပ သလို ကုသိုလ်ကံက စီမံ ပေးတဲ့ ဘ၀တွေကျတော့လဲ အထက်တန်းကျ မျက်နှာပန်းလှတာပေါ့ ၊ ဒါကြောင့် ဘ၀အဆင့် မြင့်သည်ထက် မြင့်ချင်ရင် ကုသိုလ်ဖြစ်အောင်တွေးပြီး ကုသိုလ်စိတ်လေးနဲ့ နေခါ ကုသိုလ်ြဖစ်မည့် အမှု့တွေပြုခြင်းဖြင့် ဘ၀ ကို ကုသိုလ်ကံ မှိုင်းကောင်းကောင်း ပေးသင့်တယ်လို့ ခံ ယူ လိုက်မိတယ် ။
မှိုင်းကုန် မြေခ ... မီးပုံပျံ ဘ၀လို
          မီးပုံပျံတွေဟာ မိုးပျံတက်တယ်ဆိုပေမည့် မှိုင်းရှိသမျှသာ ဖြစ်ပါတယ် ၊မှိုင်းကုန်တဲ့အခါ အောက်မြေဆီ ပြန်သက်ဆင်းလို့ ပျက်စီိးခြင်း အဆုံးရှိတယ်ဆိုတာလဲ တဆက်တည်းတွေးမိတယ် ၊ ဒီလိုပါပဲ လူ့လောကမှာလဲ ကုသိုလ်ကံတွေ ကောင်းနေချိန်မှာ အောင်မြင်မှု့တွေရ ၊  လောကမှာ အထက်တန်းကျစွာဖြင့် ရာထူးနဲ့ စီးစိမ်နဲ့ နေပင် နေရပါ သော်လည်း ကုသိုလ်ကံအဟုန်ကုန်တဲ့အခါမှာတော ကြံရာမပြီး အချည်းနှီး နဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပါတယ် ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဗြဟ္မာ့ပြည်မှာ တ၀င်းဝင်း - ၀က်စာကျင်းမှာ တရှုပ်ရှုပ်လို့  ဟောခဲ့တာ ဖြစ်ပါတယ် ။
           တကယ်တော့ လူသားတိုင်းဟာ လူ့ဘ၀ ရလာတယ် ဆိုကတည်းက အတိတ်က ကုသိုလ်ကံ ကောင်းမှု့တွေ အနဲ နဲ့ အများ ရှိမှာပဲ ဖြစ်ပါတယ် ၊ ရလာတဲ့ လူ့ဘ၀မှာ မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နဲ့ ကုသိုလ်ကံ မှိုင်း အသစ် မဖြစ်စေခဲ့လို့သာ မှိုင်းကုန်တဲ့ မီးပုံပျံလို တဖြေးဖြေး နိမ့်ကျ နွမ်းပါး ဆင်းရဲများနဲ့ ကြုံနေရတယ် အဆင်မပြေမှု့တွေနဲ့ ကြုံနေရတယ် ထင်မိပါတယ် ။
          ကုသိုလ်ကံကြောင့် ဖြစ်တည်လာရတဲ့ ဘ၀မှာ မေ့လျှော့ ပေါ့ဆစွာ မနေပဲနဲ့ ကုသိုလ်ကံတွေကိုသာ ထပ်ခါ ထပ်ခါ ပြုဖြစ်နေမယ်ဆိုရင် ဒီကံအသစ်တွေကြောင့် ဘ၀အဆင့်ဟာလဲ မြင့်သည်ထက် မြင့်နိုင်တာပဲ ဖြစ်ပါတယ် ၊ ဒီလိုမဟုတ်ပဲ အတိတ်ကံ အကြောင်း အကျိုးပေးကောင်းတာကိုပင် ဘ၀င်မြင့် မာန်ထူ စီးစိမ်ယူ နေမယ်ဆိုပါရင် အဟောင်းချည်းစားနေ သူနဲ့ တူနေပါတယ် ၊ အဲဒီ ကံ အဟောင်းသာ ကုန်လို့ကတော့ မှိုင်းကုန်တဲ့ မီးပုံပျံအသွင်လို အားကိုးရာ မဲ့ အောက်ကို တဖြေးဖြေး ဆင်းသက် မြေခရမှာပါလားလို့ တွေးပြီး ကိုယ့်ကိုယ်ကို သတိပေး နေမိပါတယ် ။
ဘ၀ အဆင့် မြင့်သည်ထက် မြင့်အောင်
          ဘ၀အဆင့်တွေ တစ်ဆင့်ထက် မြင့်ရာ မြင့်ကြောင်းတွေကို ဗုဒ္ဓမြတ်စွာက မိန့်မှာတော်မူခဲ့ရာမှာ  သီလ ၊သမာဓိ ၊ပညာ ဟာ အရေးပါဆုံးပင် ဖြစ်ပါတယ် ၊ ဒီအထဲ မှာ ပညာနဲ့ ပတ်သက်လို့ အသိ သုံးမျိုး ရှိပါတယ် ။ နံပါတ်တစ် ကတော့ ``ကိုယ်တိုင်ပြုထား ၊ကံတရား၊ သိငြား မူလဆင့်`` ဆိုတဲ့ အတိုင်း  ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကောင်းမှု့ မကောင်းမှု့တို့ရဲ့အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့ အကျိုးကို ညာဏ်နဲ့ ချိန်ထိုး သိတာပါ .။.ဥပမာ ကောင်းတာပြုရင် ကောင်းကျိုးရမယ် ၊ မကောင်းတာ ပြုရင် မကောင်းကျိုးရမယ် ဆိုတာတွေပါပဲ ။
          ဒီအဆင့်မှာ ရာထူး ဂုဏ်သိန် စီးစိမ် ချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံဖို့ဆိုရင် ဒါန ပြုရတယ် ၊ ဒါန ရှင် ဖြစ်မှ ဓန ရှင် ဖြစ်နိုင်တယ် လို့ သိပြီး တစ်ချို့က ဒါနကို အားကိုးပြီး ကြိုးစား  ပြုကြလို့ ချမ်းသာကြတယ် ၊ ချမ်းသာသလို စီးစိမ်ကို ခံစားသုံးဆောင်နိုင် ဖို့ ဆိုသည်မှာလဲ  ကျန်းမာဖို့ လိုအပ်တယ်လို့ သိပြီးတော့ ကျန်းမာအောင် သီလ ကိုလဲ  အားကိုး ကြိုးစားစောင့်ရှောက်ကြတယ် ၊ ကျန်းမာ၊ချမ်းသာသလို   ရှိတဲ့ ဓနဥစ္စာကို အကျိုးရှိအောင် စီမံ ခန့်ခွဲ သုံးတတ်အောင်ဆိုရင်  ညာဏ်ပညာ နဲ့ ပြည့်စုံဖို့လိုတယ်လို့ စဉ်းစားပြီး တရားနာခြင်း တရားထိုင်ခြင်း စသည့် ဘာဝနာ အလုပ်ကို အားထုတ်ကြပြန်တယ် ၊ ။
          အဲဒီတော့ သူတို့မှာ အတိတ်ကံလဲ ကောင်း ၊ပစ္စုပ္ပန် ကံတွေကလဲ ကောင်းတော့ အကောင်းတွေ ပေါင်းစုံပြီး အမြင့်မှာပဲ အစဉ် တင့်တယ် ၀င့်ထယ်နေတော့တာပေါ့ ။ ဒါကြောင့် အမြင့်မှာ အစဉ် ၀င့်ထယ်စွာ တင့်တယ်ရအောင် ဆိုပါရင် ဒီ ဒါန သီလ ဘာဝနာ အလုပ်တွေ ကို တတ်နိုင်သမျှ ကြိုးစား ရမှာ ဖြစ်ပါတယ် ။ ဒီတရား သုံးပါးက နိမ့်နေသူကို မြင့်စေနိုင်တယ် ၊ မြင့်နေသူကို အမြင့်မှာ တည်တန့်စေနိုင်တာမို့ ဘ၀ အဆင့် မြင့်သည်ထက် မြင်အောင်ဆိုရင် လူတိုင်း လူတိုင်း ဒီတရား သုံးပါးကို သိရှိနားလည် ကျင့်ပွား နိုင်မှ ဖြစ်ပါလိမ့်မယ်လို့ နားလည်မိတယ် ။

                                ချမ်းသာ ဆင်းရဲ   မကွဲအတူ... အပူတွေနဲ့
          အထက်မှာ ရေးသားခဲ့တဲ့အတိုင်း ရှေးကံရော ပစ္စုပ္ပန်ကံတွေပါ ကောင်းကြလွန်းလို့ ဒီဘ၀မှာ အစစ ပြည့်စုံသူတွေ ချမ်းသာသူတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ ဒါပေမည့်  ``လူတစ်စု ပူမှု့ ရယ်တဲ့ ဆယ်ကုဋေ `` ဆိုတဲ့ အတိုင်းပါပဲ ။ လူတိုင်းမှာ အပူ တွေ ရှိနေတာကို သိနားလည်ခဲ့ရပါတယ် ၊ ဥစ္စာ ဓန ပြည့်စုံ သူတွေမှာ ကြောင့်ကြဗျာပါဒ နဲ့ ပူနေရသလို မရှိနွမ်းပါး ဆင်းရဲသားတွေမှာလဲ တောင့်တ ပြီး ပူနေရတာပါပဲ ၊ဒါကြောင့် ``မရှိပြန်တော့လဲ တောင့်တပူ ရှိပြန်တော့လဲ ကြောင့်ကြပူ ..လူဘ၀ ကြီး အထက်မီး အောက်မီး မုန့်နဲ့..တူ `` လို့  ဆိုလိုက်ချင်ပါတော့တယ် ။
                        အပူကင်းအောင်  ...သတိဆောင်
          အပူ မကင်းတဲ့ လောက အတွင်းမှာ အပူကင်းအောင်နေနည်း ကိုလည်း ဗုဒ္ဓရှင်ပင်က သွန်သင်လမ်းပြ ဆုံးမ ခဲ့ပါတယ် ၊ ဒါကတော့ သတိပဋ္ဌာန် ၀ိပဿနာ တရားကို ရှု့မှတ်ပွားများ ဖို့ ပါ ။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ စသော ဒီ ဘုရားဟော ဒေသနာ သည် လိုက်နာသူတို့အတွက် သောကကင်းဝေး နေနိုင်ရေး ဆေးတစ်ခွက် ဖြစ်သလို အပူကင်းရန် နတ်ဆေးမွန် လဲ အစစ်ပါပဲ ၊
          ဒါဆိုရင် လူ့ဘ၀မှာ ပထမ အဆင့်အနဖြင့် ချမ်းသာ ဖို့ ၊ကျန်းမာဖို့ နဲ့ အသိညာဏ်ပညာ ပြည့်စုံဖို့ အဓိက ကျသလို  ဒုတိယ အဆင့်အနေဖြင့် အပူအပင် ကင်းကင်းနေနိုင်ဖို့ အဓိကကျတယ်လို့ ကောက်ချက်ဆွဲလို့ ရမယ် ထင်ပါတယ် ။ ဆောင်းပါးတစ်ခုမှာတော့ လူတစ်ယောက်ဟာ  နံပါတ်တစ် အိပ်ပျော်ဖို့ ၊နံပါတ်နှစ် စားဝင်ဖို့ ၊နံပတ်သုံး ရယ်ရွှင်နိုင်ဖို့ အဓိကကျတယ်လို့ မှတ်သားမိဖူးပါတယ်  ။
           ဒီတော့ အပူကင်းကင်း နဲ့ နေနိုင်အောင်ဆိုရင် သတိပဋ္ဌာန် ၀ိပဿနာ ပွားများ နေဖို့ လိုအပ်ပါတယ် ၊ စီးပွားရေး လူမှု့ရေးတွေ ကြားမှာ မအားလပ်လို့ ၀ိပဿနာရှု့ပွားဖို့ အချိန်မရဘူးဆိုရင်တောင်မှ ဘုရားရှိခိုးခြင်း၊ မေတ္တာ ပို့သခြင်း ၊  ပုတီးစိပ်ခြင်း စသည့် သမထ အလုပ်တွေဟာလဲ စိတ်ကို ငြိမ်းစေ အေးချမ်းစေ နိုင်လို့ အပူကို ကင်းစေနိုင်တာပဲ ဖြစ်ပါတယ် ၊  ၀ိပဿနာ မြတ်ပညာ မှတ်ပါ အလယ်ဆင့် ဆိုတဲ့ အတိုင်း ဒီလို သမထ ၀ိပဿနာ နဲ့ နေနိုင်ပြီ ကျင့်နိုင်ပြီဆိုရင် ဒါဟာ ဘ၀ရဲ့ ဒုတိယ အဆင့်မှာ နေနိုင်ခြင်းလို့ သတ်မှတ်ခံယူလို့ ရပြီပဲ ဖြစ်ပါတယ် ။
                      အမြင့်ဆုံးအဆင့် ...တံခါးပွင့်နေ
          အို ဓမ္မ မိတ်ဆွေ ၊ ကံ ကောင်း အကြောင်း လှစွာဖြင့် လူဖြစ်လာပြီးတဲ့နောက် အခြေခံ ပထမအရေးကြီးဆုံးဖြစ်တဲ့ ကမ္မဿကတာ ညာဏ်ပညာ ရှိပြီး ဒါန သီလ ဘာဝနာ ကုသိုလ်တွေကိုလည်း လုပ်ဖြစအောင် ကြိုးစားတယ် ၊ ဒုတိယအဆင့် အနေဖြင့် ပူပင်သောက ဗျာပါဒ မဲ့စွာ အိပ်ပျော်စားဝင် ရယ်ရွှင်နိုင်ဖို့ သမထ ၀ိပဿနာလဲ လုပ်ဖြစ်တယ်ဆိုရင် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန် ဆိုတဲ့ အမြင့်ဆုံး အဆင့်ဟာ မိမိအတွက်တခါး ပွင့်နေမှာ မလွဲပါဘူး ။ အဲဒီလို မဂ်ဆင့် ဖိုလ်ဆင့် တံခါး မပွင့်နိုင်သေးတောင်မှ ကိုယ့်ရဲ့ ကုသိုလ်ကံ ကြိုးစား အားထုတ်မှု့ အတိုင်းအတာ အရ နတ်ပြည် ဗြဟ္မပြည် ကျင်လည်ရပါစေအုံးတော့ အရှုံးမရှိနိုင်ပါဘူး ။ဘုံစဉ် စံ ဘ၀နဲ့လည်း နိဗ္ဗာန် ကို မျက်မှောက် ပြုနိုင်တာ ဖြစ်လို့ အောက်ကို ပြန်ကျရတဲ့ ဘ၀ဆိုးမျိုးနဲ့ မတိုးနိုင်တော့ဘူးပေါ့ ။
                                    ဘ၀ မီးပုံပျံ...မှိုင်းဖြည့်ချိန်တန် ပြီ
          ဘ၀ ဆိုတာ မီးပုံပျံပမာ တူတယ်ဆိုတာကို အတွေးဖြစ်မိတဲ့ အဆုံးမှာတော့ ၊ ကိုယ့်ဘ၀ မီးပုံးပျံကိုလဲ မြင့်သည်ထက် မြင့်ရာဆီကို  တက်စေ ဖို့ဆိုရင် ၊ကုသိုလ်ကံ မှိုင်းဖြည့်ဖို့တော့ချိန်တန်လာပီလို့ သဘောပေါက်လာခဲ့တယ် ။ သီတင်းတွေ ကျွတ်ခဲ့ပေါင်းလဲ များပါပီ ၊ ဘ၀ မီးပုံးပျံကို မှိုင်းဖြည့်တင်းဖို့ တခါမှ မတွေးခဲ့မိဖူးပါဘူး ၊ အရွက်ကျရာ အပင်ပေါက်တတ်တဲ့ ရွက်ကျပင်လေးလို ကံဇာတ်ဆရာ အလိုကျ လောက ဇာတ်ခုံပေါ်မှာ ပျော်နေမိခဲ့တယ် ။
          အခုတော့ ကိုယ့်ဘ၀ခန္ဓာ မီးပုံးပျံ မှာ ကုသိုလ် ကံ မှိုင်း လျှော့နေတာကို သတိထားခဲ့မိပါပီ .. အရင်လို မဟုတ်တော့သည့် ခန္ဓာကိုယ် အနေအထားက ဇရာရဲ့ ဖိစီးမှု့ ၊ ဗျာဓိရဲ့ နှိပ်စက်မှု့တွေကြောင့် နုပျိုရာမှ အိုမင်းရင့်ရော်တဲ့ဆီ ၊ ကျန်းမာရာမှ ဖျားနာ ရာဆီ ဦးတည်နေခဲ့သည်ကို သတိထားခဲ့မိပါပီ ..။ တစ်လောက နယူးယောက်မြို့ ရောက်တော့ လောကချမ်းသာ ဆရာတော်ကြီး က မိန့်တယ်၊ အသက်ကြီးလာရင် အားလုံးကို အရှုံးပေးရ တော့တာပဲ တဲ့ ၊ သံဝေဂ ပါတဲ့ ဆရာတော်ကြီး မိန့်စကားက နားထဲမှာ မထွက်သေးပါဘူး ၊။
           အခု လဲ သီတင်းကျွတ်ပါပီ ၊ မီးပုံပျံ လွှတ်ချိန် မတန်သေးသော်မှ ဘ၀မီးပုံပျံကို နိဗ္ဗာန် နန်းထိ ရောက်သည့်တိုင်အောင် စွမ်းဆောင်နိုင်ဖို့ဆိုရင် မှိုင်းဖြည့်ဖို့တော့ အချိန်တန်ပါပီ။ မှိုင်းလျော့ကာ မနိမ့်ကျရအောင် မှိုင်းဝပြီး အထက်အဆင့်တွေ မြင့်ရာတက်နိုင်ရအောင် ရည်ဆောင်လို့ ဘ၀မီိးပုံးပျံကို   အမျိုး ဘာသာ သာသနာ အတွက် အကျိုးရှိရာ ကဏ္ဍလေးတွေမှာ စွမ်းနိုင်သလို ပါဝင်ရင်း ဒါန ၊ သီလ ၊ ဘာဝနာ မှိုင်း၊ သီလ၊ သမာဓိ ၊ပညာမှိုင်းများဖြင့်  အားဖြည့် တော့မယ်လို့ စိတ်ကူးရင်း... ဓမ္မမိတ်ဆွေ အပေါင်းကိုလဲ နိဗ္ဗာန်တိုင်ပေါက် ခရီးရောက်နိုင်သည့် ကုသိုလ်ကံ မှိုင်းအားပြည့်သော စီးစိမ်ချမ်းသာနှင့် ပြည့်စုံပြီး ကျန်းမာ ၊ညာဏ်ကြီးသည့်  ဘ၀ခန္ဓာပိုင်ရှင် မီးပုံးပျံကြီးများ ဖြစ်နိုင်ကြပါစေကြောင်း ၀ါကျွတ်ဆုမွန်ကောင်း တောင်းလိုက်ပါတော့တယ်။
                  အရှင်နန္ဒ၀ံသ
ဇေယျသုခ ဓမ္မရိပ်သာ အမ်မရီလိုမြို့
 တက်ကစက်ပြည်နယ်၊ အမေရိကန် နိုင်ငံ