chaung na
နောက်တစ်ခါ ဝတ်စားဆင်ယင်မှု ဒါလည်း ၁၀ မှတ်။ ဟာ ကျွန်တော်တို့ သပ်သပ်ယပ်ယပ်လေးတွေ ကြိုးစားဝတ်ရတယ်။ အဲဒီမှာ အတ္တကျော်ပါတယ်။ သီချင်းဆိုတာ ပါတယ်။ ပါတော့ ဒီလူ အဆိုကောင်းပဲ ကျွန်တော်သိတယ်။ သူဆိုတဲ့ သီချင်းပေါ့နော် စင်ပေါ်တတ်သွားကတည်းကိုက ကျွန်တော် သူ့ကို သဘောကျသွားတယ်။သူက အင်္ကျီကျယ်သီးတွေကို အကုန်ဖြုတ်ထားတယ်။ ကျွန်တော် ဝမ်းသာသွားတယ် အနည်းဆုံးတော့ ပြိုင်ဘက်တစ်ယောက် ရော့သွားပြီ။ အဲ့တော့ ဝတ်စားဆင်ယင်မှု သေသေသပ် ရှိရမယ့် စည်းကမ်းထဲမှာ ပြုတ်သွားပြီ။ နောက်တစ်ခါ သီချင်းဆိုတဲ့ အခါကျတော့ ခောတ်ဟောင်းသီချင်းတစ်ပုဒ်ဗျ သီချင်းကို မမှတ်မိတော့ပါဘူး ကောင်းပါတယ်။သီချင်းက အဲဒီသီချင်းကို ဒီလူသိပ်သိတာပဲဗျအင်္ဂလိပ်သီချင်းကို ဘာသာပြန်ထားတာ အဲ့တော့ သူကဒီသီချင်းကို ဆိုပါမယ်ဆိုပြီး မြန်မာလိုဆိုလိုက် တီးတဲ့ ကောင်ကလိုက်တီးပေး ဒုတိယအကြော့ ပြန်ဆိုတဲ့ အခါ အင်္ဂလိပ်လို ဆိုတယ်ဗျ ပိုသေချာသွားပြီ ပြိုင်ဘက်က ထပ်ရော့သွားပြန်ပြီ။ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ သို့သော် အင်္ဂလိပ်လိုဆိုတာလည်း ကောင်းတယ် မြန်မာလို နောက်တစ်ပိုဒ်ကူးသွား မြန်မာလိုဆိုလိုက် အင်္ဂလိပ်လိုဆိုလိုက် ပြန်ကောက်လိုက် သူပြိုင်ပွဲဝင်နေတာနဲ့ မတူပါဘူး သူလုပ်ချင်တာကို လုပ်ချင်သလို လုပ်နေတယ် အဲဒီဆုက တစ်သိန်းပေးမှာဗျ အဲဒီတစ်သိန်းဆိုတဲ့ ဆု ရခြင်းမရခြင်းဆိုတဲ့ ကိစ္စသူ့ခေါင်းထဲမှာ ဘာမှမရှိဘူး။ အဲဒါတွေ အသေးအဖွဲပဲ ကျွန်တော် အောက်ကနေထိုင်ကြည့်နေတယ် ဟာ တော်တော် တော်တဲ့ လူပဲ သူကို ဘောင်ခတ်ထားလို့ မရဘူး။ သူဝင်တော့ပြိုင်မယ်လေ ပြိုင်ဆို သူပြိုင်မယ် ဆုရဖို့ မရဖို့ သူ့ခေါင်းထဲမှာမရှိဘူး။ ကျွန်တော်တို့က ပြိုင်ဆို ပြိုင်တယ် ဆုကလည်း ရချင်သေးတယ်။ လူခြင်းမတူပဲနဲ့ ကွာခြားတယ်။ ကျွန်တော်သူကို အားကျတယ် သို့သော် သူ့လို မလုပ်နိုင်ဘူး။ အားကျခြင်းက တစ်မျိုး မလုပ်နိုင်တာက တစ်မျိုး အဲလို အဲလိုတွေ ရှိတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော် ချစ်ခင်တဲ့ သဘောကျတဲ့ အထဲမှာ အတ္တကျော် ပါတယ်။ လွတ်လပ်တယ်ဗျာ ဟောသွားတာ ကျွန်တော် အဲလိုဟောတာ သူနဲ့ ပထမဆုံးအတူတူ ဟောဖူးတဲ့ ပွဲပဲ။ကျွန်တော် နားထောင်တယ် ကျွန်တော်တို့ ဆရေးဆရာတွေ လိုက် ဟောပြောပွဲဟောနေတာ လွန်ခဲ့တဲ့ နှစ်သုံးလေး ဆယ်ကစပြီးတော့ ကျွန်တော် ၁၀၀ လောက် အတူတူဟောဖူးပါတယ် သူ့လိုဟောတာ တစ်ယောက်မှ မတွေ့ဖူးပါဘူး။ ဒါနည်းစနစ် အသစ်ပါပဲ။ နည်းပညာအသစ်ပါပဲ။ လေးစားပါတယ် သဘောကျပါတယ်လို့။ သို့သော် ကိုယ် သူ့လို မလုပ်ရဲတာလည်း ကိုယ့်ရဲ့ အားနည်းချက်ပါပဲလို့။ ကျွန်တော်က စာဖတ်ရှိန်မြှင့်တင်ရေးဆိုတော့ အရင်ဆုံးတော့ သူပြောချင်တဲ့ ပြစ်မှတ်ကို ထိတယ်နော် တိုတိုပဲပြောတာ အများကြီးမပြောဘူး။ ကျွန်တော်ကပြောတယ် ဘာဖြစ်လို့ တိုတိုပြောတာတုန်းဆိုတော့ အများကြီးပြောရင် နားထဲမရောက်မှာဆိုးလို့ပါတဲ့။
နည်းနည်းလေးပဲပြောခဲ့တယ်။ ဒါသူ့ရဲ့ ရည်ရွယ်ချက်ပဲ။ ပြစ်မှတ်ကို ထိစေချင်တယ်။ စာ- ဖတ်ပါလို့ ပြောရမှာပဲ ကျွန်တော်က ရိုးရိုးပြောတာ။ သူကတော့ ခင်များတို့ မှတ်မိသွားအောင် သေးပေါက်တဲ့ အဒေါ်ကြီးနဲ့ ပြောသွားတာ မျက်စိထဲကို ပုံတွေ ဘာတွေပေါ်လို့။ စွဲမြဲတယ်ဆိုတာ အဒါမျိုးကို ပြောတာ။ ကျွန်တော်ကတော့ ရိုးရိုးပဲ ပြောမှာပါ စာ- ဖတ်ပါလို့ ပြောချင်ပါတယ်။ စာဖတ်ရင် ကောင်းကျိုး ဧကန်ရှိတယ်။
ကျွန်တော် လူပျိုပေါက်လောက်မှာ ၇-တန်း ၊ ၈ တန်း လောက်ရှိမယ်ထင်ပါတယ် ကျွန်တော့်ဦးလေးဖတ်တဲ့ စာအုပ်သွားတွေ့တယ် သူ့အိပ်ယာဘေးက စားပွဲပေါ်မှာရှိတယ် အမျိုးသမိးပုံမှာ မလုံမလဲပုံပါ။ ကျွန်တော် အဲဒီစာအုပ်ကို ဖတ်ချင်ပါတယ် ကိုယ်ကလည်း လူပျိုပေါက်ဆိုတော့ စိတ်ဝင်စားပါတယ်။ ဦးလေးကိုသွားပြောရင်လည်း နားရင်းအရိုက်ခံရမှာသေချာတယ် မပြောဘဲနဲ့ အသာလေး တိတ်တိတ်ယူဖတ်ရင် ပို အပြစ်ကကြီးမယ်။ ကျွန်တော် မနေနိုင်ဘူးဗျာ ဖတ်ချင်လွန်းအားကြီးတော့ ရိုက်ချင်လည်း ရိုက်ပါစေတော့ ဦးလေးကို ကျွန်တော်သွားပြောတယ် ဦးလေးလို့ အဲဒီစာအုပ်ကလေး ကျွန်တော် ဖတ်ချင်တယ်လို့ အဲလိုလည်း ပြောလိုက်ရော ကျွန်တော်ထင်တာနဲ့ ပြောင်းပြန် ဦးလေးက အတော်ပဲတဲ့ ငါ ဒီစာအုပ် မင့်ကို ဖတ်ခိုင်းမလို့ကွတဲ့ မင့် ကလာတောင်းဆိုတော့ ဟန်ကျလိုက်လေကွာ ရော့ငါ့တူဖတ် အစ အဆုံးဖတ် ဘယ်သူရေးတဲ့ စာအုပ်တုန်းဆိုတော့ စာရေးဆရာကြီး ဦးသိန်းဖေမြင့် ရေးတဲ့ စာအုပ်ပါ။ စာအုပ်နာမည်က တတ်ခောတ် နတ်ဆိုးတဲ့။ ဒီ ကိုယ်ခန္ဓာနှင့် ရင်းပြီးတော့ စီးပွားရှာတဲ့မိန်းမတွေ အကြောင်း အဲဒီလို အမျိုးသမီးတွေနဲ့ ပျော်ပါးတဲ့ လူတွေရဲ့ အကြောင်း ရေးတာ။ ဝတ္ထုက အင်မတန်ကောင်းတယ်ဗျာ ဆရာဦးသိန်းဖေမြင့်ကလည်း စာရေးကောင်းလိုက်တာ ကျွန်တော် ရှိခိုးပါတယ် ဆရာ့ကို ဒီစာတစ်ပုဒ်တည်းနဲ့ ဦးသိန်းဖေမြင့် တန်လိုက်တာ စာပေတာဝန်ကျေလိုက်တာ။ ကျွန်တော်ကာလသားလူပျိုပေါက်စ အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ဒီမကောင်းတဲ့ အမျိုးသမီးတွေနဲ့ ငွေပေးပြီးတော့ ဆက်ဆံရမှာကို ကြောက်လိုက်တာ ကြောက်အောင် ဆရာက ကြေကွဲအောင် ကြောက်အောင်ရေးထားတယ်။ နောက်ဆုံးရောဂါတွေရ ရပြီးတော့ လူကနူသလိုဖြစ် ၊ မျက်စိကွယ် ၊ ကျောရိုးထဲကို ကာလသားရောဂါပိုးရောက် ၊ ကျောရိုးကျိုး ၊ ဒုက္ခိတဘဝဖြစ် ၊ ဖြစ်ပြီးတဲ့ အခါကျတော့ သူ့ ချစ်သူ ကောင်မလေးရှိတယ် အဲဒီကောင်မလေးနဲ့ လက်ထပ်ဖို့ ကိစ္စတွေလည်း အကုန်ပျက် ပျက်ပြီးတော့ ဝမ်းနည်း ကြေကွဲစရာဘဝကြီးပါပဲ။ အဲဒီမှာဆရာက စာရေးကောင်းတဲ့ အခါကျတော့ အချို့ အသိပညာပေးတယ်ဆိုပြီး ရသမှာ အားပျက်သွားတယ် ပညာပေးတွေ စွတ်များတဲ့ အခါကျတော့ ရသက အားမကောင်းတော့ဘူး အဲဒီအခါမှာ ကျွန်တော်တို့ နှလုံးသားကို မထိခိုက်ဘူး မစွဲမြဲဘူးပေါ့။ ဆရာကတော်တဲ့ အခါကျတော့ ပညာပေးတွေ မရေးဘူး တကယ့် ရသထဲမှာ ဒီပညာက ပါသွားတယ်။ ဒီ ကာလသားရောဂါပိုး ကျွန်တော်တို့ ကိုယ်ခန္ဓာထဲ ဝင်သွားပြီဆိုရင် ကျွန်တော်တို့က ဆေးတွေသောက်တာပေါ့ ပျောက်ပြီထင်မှ မပျောက်ဘဲနဲ့ သွေးထဲမှာ ကျန်နေတယ်။ လူပျိုဘဝတုန်းက ဒီရောဂါရ နောက်အိမ်ထောင်ပြုတဲ့အခါကျတော့ ကိုယ့်မိန်းမကို ဒီရောဂါကူးတယ် မသိဘူး ကလေးလေးတွေ မွေးလာတဲ့ အခါကျတော့ မျက်မမြင်လေးမွေးတယ် အာခေါင်အရိုးမပါတဲ့ ကလေးမွေးတယ် အဲဒါတွေကိုဗျာ ဆရာက ဝတ္ထုထဲမှာ ကျွဲကူး ရေပါ ပြောတတ်လိုက်တာ ကျွန်တော် အဲဒါလည်း ဖတ်ပြီးရော အပေါ်က မလုံမလဲကို ကြည့်ချင်စိတ်လည်း မရှိတော့ပါဘူး အဲဒီလိုဟာတွေနဲ့ ကဲချင်စိတ်လည်း မရှိတော့ပါဘူး စာချစ်သူများကို အမှန်တိုင်း ဝန်ခံရရင် ကျွန်တော် အဲဒီဟာ ကင်းရှင်းအောင် နေနိုင်ခဲ့တယ်။ ဘာဖြစ်လို့တုန်း ကိုယ် အိမ်ထောင်ကျရင် ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမ ဘုမသိ ဘမသိ ဒီရောဂါပိုး ကူးတော့မယ်။ အဲဒီထက်ပိုးဆိုးတာက ကိုယ်မွေးတဲ့ ကလေး ကိုယ့်ရဲ့ မလိမ္မာမှုနဲ့ ကာလသားရောဂါ ပါလာတော့မယ် ကျွန်တော့်ကောင်းမွေ သား၊သမီးကို မပေးနိုင်ဘူး။ အဲဒီလို တွေးမိတဲ့ အတွက် ဒါကို ရှောင်ကျဉ်နိုင်ခဲ့တယ်။ အိမ်ထောင်ပြုတဲ့ အခါမှာသတ္တိရှိတယ် ငါ့ကြောင့်တော့ မင့် မညစ်နွမ်းစေရဘူး။ ငါ့ သား၊သမီး ရောဂါဆိုး မရစေရဘူး။ ကြည့်ပါ ဦးသိန်းဖေမြင့်ရေးတဲ့ စာကလေး တစ်အုပ်ကို ဖတ်ရတာ ကျွန်တော့်လိုလူတွေ ဘယ်နှစ်ယောက်ရှိမလည်း မသိဘူး ကျွန်တော်ကိုယ်တိုင်တော့ ကောင်းစွာ ဘဝကို နေထိုင်တတ်စေခဲ့ပါတယ်။ စာပေကျေးဇူးကြီးပါတယ်။ ဆရာဦးသိန်းဖေမြင့် ကျေးဇူးကြီးပါတယ်။ နောက်တစ်ခါတော့
အပိုင်း (၃) သို့ ............
No comments:
Post a Comment