Friday, January 13, 2012

လူ့ဘ၀နဲ့ ဆီးဆော့




 

လူ့ဘဝဆိုတာ ဆီးဆော့ပေါ် လမ်းလျှောက်နေတာနဲ့ တူတယ်။
အမြဲပဲ နိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းဟာ အရင်တစ်လှမ်းထက် ပိုခက်ခဲနေတတ်တယ်။
အမြင့်ကိုရောက်လေ တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။

ကိုယ့်ကိုယ်ကို အမြင့်ကို ရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ

ကုန်းအဆင်းကို ကိုယ်တိုင် စဆင်းနေပြီဖြစ်တယ်။


ဒါကြောင့် ကိုယ်ရောက်ချင်တဲ့ အမြင့်မှာ ဘယ်တော့မှ

ကိုယ် အမြဲမရပ်နိုင်ဘူးဆိုတာကို သတိပြုမိလိမ့်မယ်။

တည်ငြိမ်မှတ်ကို ကိုယ်တိုင်ရှာမတွေ့မချင်း အမြင့်မှာ ရပ်နိုင်ဖို့ဆိုတာ

ဘယ်လောက်ခက်ခဲတယ်ဆိုတာကို..
ကိုယ်တိုင်အကြိမ်ကြိမ် တွေဝေပြီးမှ သတိပြုမိလိမ့်မယ်။

ဘဝရဲ့ တည်ငြိမ်မှတ်ကို ရှာတွေ့မှ အဲဒီနေရာသာလျှင် အမြင့်ဆုံးဆိုတာကို

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခံစားမိလာလိမ့်မယ်။




အဲဒီလို အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ အရေးကြီးဆုံးတစ်ခုရှိသေးတယ်။

အဲတာကတော့ ဆီးဆော့ရဲ့တစ်ဖက်မှာ ကိုယ့်ကို တောင့်ခံ(အားပေး) တဲ့လူ ရှိနေဖို့ပဲ...
အဲဒီလူတွေက ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ချစ်သူ ဒါမှမဟုတ်..
ကိုယ့်ရဲ့ ပြိုင်ဖက် ဒါမှမဟုတ်..
ကိုယ့်ကိုစာနာနားလည်ပေးနိုင်တဲ့သူ...
ဖြစ်နိုင်တယ်။


ကိုယ်တိုင်ကရော....

ဘယ်လိုလူမျိုးလိုအပ်နေလည်း....?
ဘယ်လိုလူမျိုးတွေကိုယ်ရရှိခဲ့ပြီးပြီလည်း...?
ခုရော...
ဘယ်လိုလူမျိုးတွေကိုယ် လိုအပ်နေလည်း...?



from~~~ mail:

No comments: