Friday, January 13, 2012

အမျိုးမျိုးသော လက်ထပ်ခြင်းဓလေ့များ



သတို့သမီးကို ပြန်ပေးဆွဲခြင်းဓလေ့
ဂျာမနီ နိုင်ငံ ရဲ့ ရွာငယ်လေးများမှာ ပြုလုပ်လေ့ ရှိတဲ့ ဓလေ့ဖြစ်သည်။ သတို့သား၊
သတို့သမီး ရဲ့သူငယ်ချင်းများသည် သတို့သမီး ကို ပြန်ပေးဆွဲပြီးနောက်
တစ်နေရာမှာ ဖွတ်ထားကြရသည်။ ထို့်နောက် သတို့သားက ဖွတ်ထားသော သတို့သမီးကို
ရှာဖွေရသည့် ဓလေ့ ဖြစ်သည်။ ရှာဖွေ ရာတွင် သတို့သားသည်
ပရိသတ်များပါဝင်လာအောင် ဖိတ်ခေါ်ပြီး သတို့ သမီး ကို ရှာဖွေ ရပါသည်။
ပထမဦးဆုံးရွာရဲ့ အအေးဆိုင်လေးကစတင်ရှာဖွေ ရသည်။ ပြီးမှ တခြားဖွက်ထားသည့်
ဟုထင်နေရသော နေရာများတွင် တပျော်တပါး ရှာဖွေ ကြ သည်။ သတို့သမီး ကို
ပြန်တွေ့ ပြီးနောက် ပိုင်းမှာတော့ သတို့သားဟာ သူနဲ့ အတူသတို့သမီးရှာဖွေ
ရေးတွင် ပါဝင်ခဲ့တဲ့သူတွေ ကိုစတင်ရှာဖွေခဲ့တဲ့ အအေးဆိုင်မှာပဲ
အအေးဝယ်တိုက်ရပါတယ်။ ဒါဟာ အဆိုးတွေ အဆုံးသတ်ဖို့အတွက် ပြုလုပ်ခြင်းလို့
လည်းအားလုံးကလက်ခံ ယုံကြည်ကြပါသည်။



ငွေအကြွေစေ့ ကစားပွဲ
နယ်လေးတစ်နယ်မှာတော့ ဓလေ့လေးက တစ်မျိုးဖြစ်သည်။ သတို့သားနှင့်သတို့သမီးသည်
လက်ထပ်မင်္ဂလာပွဲပြီးတဲ့ နောက်မှာ ငွေ အကြွေစေ့ ကစားပွဲကိုကစားလေ့ ရှိကြသည်။
အနီရောင်သတ်ထားတဲ့ ဇလုံကြီးထဲမှာ ငွေ အကြွေစေ့များ နှင့်
အခြားတိုလီမိုလီပစ္စည်းများကို တည့်ထားရပါသည်။ ပြီးနောက် အနီရောင်ရှိသော
ရေများကို ဇလုံထဲသို့ လောင်းထည့်ကြပြန်သည်။ မင်္ဂလာဆောင် အခမ်းအနား ပြီးနောက်
သတို့သားမိဘအိမ်သို့ ပြန်လာသော သတို့သားနှင့်သတို့ သမီးသည် ဇလုံကြီးထဲသို့
လက်နိုက်ကာ ငွေအကြွေစေ့များကို နိုက်ယူကြသည်။ နိုက်ယူရာတွင် ငွေ
အကြွေစေ့ကိုပဲဦးစားပေးနိုက်ယူကြသည်။ ထိုသို့ဖြင့် ဇလုံကြီးထဲလက်နိုက်လိုက် ၊ ငွေ အကြွေစေ့ကိုဆယ်ယူလိုက်နှင့်
အကြိမ်ကြိမ်ပြုလုပ်ရပါသည်။ နောက်ဆုံးပြီးလို့ ရေကြည့်တဲ့ အခါမှာ ငွေ
အကြွေစေ့ကို အများဆုံးနိုက်ယူနိုင်တဲ့ သတို့သား (သို့ ) သတို့သမီး ဟာ
ဒီအိမ်ကိုဦးစီးရတဲ့သူ ဖြစ်လာရပါသည် ။ ဒါဟာ ကံကြမ္မာအရ အိမ်ရဲ့ဦးစီးကို
ရွေးချယ်ပေးတဲ့ ပွဲဆိုလိုရင်လည်း မမှားပါဘူး ။



သတို့သမီး ဖိနပ်ထဲမှ ငွေ အကြွေစေ့များ
ဒါကတော့ ဆွီဒင် လူမျိုးတွေရဲ့ ရှေးဟောင်းအယူအဆလေးပါ ။ မင်္ဂလာဆောင် တော့မယ့် သတို့သမီး ရဲ့ဘယ်ဘက် ဖိနပ်ထဲသို့ သတို့သမီး အဖေက ငွေရောင်အကြွေစေ့လေး
ထည့်ပေးရပါသသည်.။ သတို့သမီးရဲ့ ညာဘက်ဖိနပ်ထဲကိုတော့ သတို့သမီးအမေက ရွှေရောင်
အကြွေစေ့လေးထည့်ပေးရသည် ။ သတို့သမီးရဲ့ ဘ၀ တစ်လျှောက်လုံး မရှိခြင်းတွေ
မရှိရလေ အောင် ပြုလုပ်ပေးတာလို့လည်း ဆိုကြသည်။



ဝိုင်းနမ်းခြင်း ဓလေ့
ဆွီဒင်နိုင်ငံ ရဲ့ မင်္ဂလာဆောင်တွေမှာ လာရော်ကတဲ့ ဧည့်သည်တွေဟာ သတို့သားနဲ့သတို့သမီးကို နမ်းလို့ ရတဲ့ အခွင့်အရေးတွေ ရကြပါတယ်။ တကယ်လို့
သတို့သမီးဟာ အိမ်သာထဲကို ခေတ္တခဏ ၀င်နေချိန်မှာ အပြင်မှာကျန်ခဲ့တဲ့
သတို့သားကို တတ်ရောက်လာတဲ့ အမျိုးသမီးများက ၀ိုင်းနမ်းခွင့် ရှိပါတယ်။
တကယ်လို့ များ ဧည့်ခန်းထဲမှာ သတို့သားက သတို့သမီး ရှိရာသို့ ကြည့်မနေပဲ
တစ်ဖက်လှည့်ပြီး စကားပြောနေမယ်ဆိုရင် ယောက်ျားလေးများဟာ
သတို့သမီးကိုနမ်းလို့ရပါတယ် ။ ဒါဟာ ဆွီဒင် လူမျိုးတွေရဲ့ ဓလေ့လေးတစ်ခုပါ ။
(အဟိ ~~ ဒါဆို မင်္ဂလာဆောင်နေချိန်မှာ သတို့သမီး နဲ့ သတို့သားက မခွဲပဲ
စကားတတွတ်တွတ်ပြောနေရမယ့် ပုံပဲနော် ။ :D)


♫♫♥♫

3v3rYtim3 yOu m@y b3 h@pPy!


♫♫♥♫



♥♥♥





ခင်မင်လျက် ♥♥♥




♫♥♫ ခခ. ♫♥♫

No comments: