Sunday, March 18, 2012

ဒါလားကွယောင်္ကျား



ဝုန်းးးးးးးးးးးး
ကျွန်တော့်  အခန်းတံခါးကို  ဆောင့်ကန်ဖွင့်လိုက်သော  အသံကြောင့် ကျွန်တော်ရော ကျွန်တော့်ချစ်သူပါလန့်် သွားပြီး ။
အခန်းတံခါးပေါက်ကိုလှမ်းကြည့်လိုက်တော့  မီးဝင်းဝင်းတောက်နေသော  မျက်လုံးများနှင့်  ကြည့်နေသော  ကျွန်တော့်အဖေ ။
ကျွန်တော့်ချစ်သူက  မျက်နှာလွှဲနေလိုက်ပါတယ်  ။။
နှစ်ယောက်စလုံး  ဧည့်ခန်းထဲကိုလာခဲ့ ။
အဖေ ကပြောပြီး အပြင်ကိုထွက်သွားပါတော့သည် ။ချစ်သူကို အခွင့်အရေးယူရန်ကျိုးစားနေသောကျွန်တော်  ။
အဖေ ကိုယ်တိုင်မိသွားသဖြင့်  ရှက်စိတ်မွန်ပြီး  ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့  ကျွန်တော့်ချစ်သူလက်ကိုလှမ်းအဆွဲ ။
နေဦးလေ  ကိုမောင်ရဲ့ ကြည့်ကောင်းအောင် လုပ်ပါရစေဦး ။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့ ။
အဖေက ကျွန်တော့်ချစ်သူအား ။
သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား  ။
ဘာ ဘာ မှမလုပ်ပါဘူးဦး  သမီးသမီး  တို့ ဘာမှမဖြစ်ကြပါဘူး ။
ကျွန်တော့်ချစ်သူက ကြောက်အားလန့် အားနဲ့ အထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေသည် ။
အဖေက ကျွန်တော့်ကိုကြည့်ပြီး ။
မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်ကျွန်တော်ချစ်သူလက်ကိုဆွဲပြီး ဘတ်စကားမှတ်တိုင်မှ  ကားပေါ် တင်ပေးလိုက်ပါတယ် ။အိမ်သို့ ပြန်ရောက်သည်နှင့်  အဖေက ။
ဒီမှာထိုင်  ဒါလားကွယောင်္ကျား ။။။
မင်းကိုငါတို့ ကတစ်ယောက်ထဲမွေးထားတာ  မင်းမှာညီမမရှိဘူးဆိုပြီး နှမချင်းမစာနာပဲ ဒီလိုလုပ်တာလား ။
မဟုတ်ပါဘူး အဖေရာ  သားတို့ ခုလဲ ဘာမှမဖြစ်ကြပါဘူး ။  သူလဲပြောသွားတယ်လေ ။
ဖြစ်ဖြစ်မဖြစ်ဖြစ်  မင်းအခွင့်အရေးယူဖို့ ကျိုးစားတယ်မဟုတ်လား မလိမ်နဲ့ ငါ့ကိုမှန်မှန်ပြော  ။
ဟုတ်ပါတယ်အဖေ သားဝန်ခံပါတယ် ။သားကျိုးစားမိပါတယ် ။သားမှားပါတယ် ။
ငါအိမ်ပြန်ရောက်တာမြန်ပေလို့ ပေါ့ကွာ ။ ဒီမှာမောင်မောင်  မင်းကို အဖေ  ငယ်ငယ်လေးကတည်းက ဘုရားရှစ်ခိုးတိုင်း ။
ငါးပါးသီလခံပြီးရှစ်ခိုးခိုင်းတာ  မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလို မျိုးသဘောထားခဲ့တာလား။
မထားပါဘူးအဖေရာ  ကံငါးပါးကို မကျူးလွန်အောင်  အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ  ရှစ်ခိုးခိုင်းခဲ့တာပါ ။
ဒါဆိုဘာကြောင့်ခုလိုလုပ်ရသလဲ  ကဲပြော ။ ဒါကာမေသုမိစ္ဆာစာရကံလေ ။
ဟုတ်ပါတယ်အဖေ  သားကလဲလူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလိုဖြစ်ခဲ့ရတာပါ ။ သားတောင်းပန်ပါတယ်အဖေ ။
တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှမဖြစ်စေရဘူးလို့ ဂတိပေးပါတယ်  ။
ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ  ။အေးမှတ်ထား ယောင်္ကျားဆိုတာ  ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး ။ စိတ်ဓါတ်ကအစ ။
တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ  ယောင်္ကျားကွ ။ ကိုယ်လက်ထပ်မယူနိုင်သေးတဲ့  ကိုယ့်ချစ်သူကို  ။
ဘယ်တော့မှဒီလိုမလုပ်နဲ့  ။ သူကကိုယ့်ကို ချစ်လို့  အလို လိုက်မယ်ဆိုရင်တောင်မှ ကိုယ်ကအခွင့်အရေး မယူသင့်ဘူး ။
မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုးအခွင့်အရေး မတောင်း အပ်ဘူး ။
ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင်တောင်းပန်လိုက်ပါ့မယ်အဖေ ။
အေးဒါကလုပ်သင့်တဲ့အလုပ်ပဲ ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့သတ္တိရှိရမယ်။
အေး နောက်ထပ်ဒါမျိုး  အဖေ  မတွေ့ ချင်ဘူး ။ မင်းဂတိကိုလဲမင်းမှတ်ထား ။သွားတော့ ။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်  ရဲ့ အိမ်ကို ကျွန်တော်ရောက်သွားပါတယ် ။
ဟာ  လာဟေ့ ငါ့တူ မောင်မောင်  ဘယ်လိုလဲ ပျောက်ချက်သားကောင်းနေပါလား ။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။
ဟုတ်တယ်လေးလေးချစ်ရေ  အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်ကအဖေ့ညီဦးချစ်ခင်ကို ဦးလေးချစ်ဟုမခေါ်ပဲ  လေးလေးချစ်ဟုခေါ်ပါသည် ။
ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား ။
ဟုတ်တယ်လေးလေးချစ်  အဖေနဲ့ ကျွန်တော်နဲ့  ။
ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး ။
ကျွန်တော်ကဟိုတနေ့ ကအကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
အင်းမင်းကလဲမင်းပဲ  အေးလေ မင်းကလူငယ်ပဲ ။ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကိုငါသိတယ် ။သူကဒါမျိုးမရဘူးကွ ။
သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ ။ဘုရားရှစ်ခိုးတိုင်းလဲ ။
ငါးပါးသီလခံပြီးရှစ် ခိုးရတာ အင်းခုထိပါပဲကွာ ။အဲဒီအကျင့်ကောင်းလေးကတော့ ခုထိကိုစွဲနေတော့တာပါပဲ ။
မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင်မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က   လေးလေးကို မင်းကိုအခုပြောသလိုပဲ ။
ဆုံးမခဲ့တာကွ ။ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး။
ပေးစားခဲ့တာကွ ။
ဟုတ်လားအန်တီလေး ။
ကျွန်တော်ကလေးလေးချစ်ဘေးနားတွင်ထိုင်နေသော လေးလေးချစ်မိန်းမ  အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ် ။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့မောင်မောင် ရေ့ ။ မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေသိသွားတော့ ။
အန်တီလေးကို တွေ့ ချင်တယ်ခေါ်ခဲ့လို့ ပြောတယ် ။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ် ။
ပြောတာများစုံနေတာပဲ ။လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့  ။တစ်ယောက်ကိုတစ်ယောက် သစ္စာရှိဖို့ ။
စိတ်အလိုမလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆိုဆုံးမပြီး ဂတိတောင်းတယ်လေ ။နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ ။
လက်ထပ်ပေးခဲ့တယ် ။ မင်းအဖေ ကကိုယ်ကျင့်သီလကို အရမ်းတန်ဖိုးထားတဲ့လူ ။မင်းလဲမင်းအဖေ စကားကိုနားထောင်ပါငါ့တူရယ် ။
ဟုတ်ကဲ့ပါအန်တီလေးရယ် ကျွန်တော်လဲနောက်မဖြစ်အောင် သတိထားပါတော့မယ်  ဂတိပေးပါတယ် .။
မင်းကိုတော့ လေးလေးချစ် အပြစ်မတင်ချင်ပါဘူးကွာ ဒါပေမဲ့  နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ .။
ဒီခောတ်မှာ  မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ်မှားနေတာလေးတွေတော့  လေးလေး ချစ်ပြောပြချင်တယ် .။
ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို  အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ .ဟိုတစ်နေ့ ကမနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက်.။
စကားပြော နေတာများကွာ လေးလေးကြားရတာနဲ့ တင်ဒေါသဖြစ်မိတယ် .။မိန်းကလေးတွေကို  ဟင်းရွက်ကစွန်း များ.။
အောက်မေ့နေသလားမသိပါဘူးကွာ  .။ဘယ်မိန်းကလေးနဲ့ ဘယ်လိုစွံနေတာ .။ သူ့ ကိုဘယ်လိုအခွင့်အရေးပေးတာ .။
သူပြောသမျှ အားလုံးလိုက်လျောတာ  သူ့ ကိုဘယ်လောက်ချစ်တာ  စုံနေတာပါပဲကွာ  .။ တစ်ယောက်နဲ့ တစ်ယောက်  .။
ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ .။ လေးလေးက သူတို့ စကားတွေကြားရတော့ .။
သူတို့ အကြောင်း  မသိပဲချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို  .။ ကိုယ်ကျငိ့တရားကောင်းအောင် မဆုံးမခဲ့ကြတဲ့ .။
သူတို့ မိ ဘတွေကိုပဲအပြစ်တင်ချင်နေမိတော့တယ် .။ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျ င့်သီလကို တန်ဖိုးထားတဲ့ .။
ယောင်္ကျားကောင်းတွေ တဖြည်းဖြည်းရှားပါးလာပြီး နောက်ဆုံး ယောင်္ကျားခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေ ပဲများလာတော့မယ်.။
ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယော င်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် .။
ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ .။ စိတ်ကိုမနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ .။
မကြာပါဘူး ပြန်ကွဲသွားကြ  နဲ့  မင်းလဲမြင်နေရတာပဲ  .။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ .။
မပျက်စီးသင့်တဲ့မိန်းကလေးတွေ  အများကြီးပျက်စီးသွားရတာပေါ့ကွာ .။
ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ  .။ ခုခောတ် သူတို့ လေးတွေပတ်ဝန်းကျင် မှာလဲ .။
နိုင်ငံခြား ရုပ်ရှင်တွေ  ဗွီဒီယိုတွေ  သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို .။
ဖြစ်နေကြတာလဲ ပါတယ် .။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့  အဓိကအနေနဲ့   မိန်းကလေးတွေ ကလည်း စိတ်အလိုမလိုက်ပဲ .။
စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကိုအလိုမလိုက်ရဘူး.။
ယောင်္ကျားလေးတွေကလည်း  ငါဟာယောင်္ကျားဆိုတဲ့စိတ်ကိုမွေးပြီး သူ့ နှမကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို .။
မြင့်မြတ်တဲ့မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် .။ အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာနောင်ခါဈေးဆိုတဲ့.။
ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး .။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် နောက်ဆုံးဖြစ်ချင်တာဖြစ်လိုက်လို့ .။
တကယ်နစ်နာသွားတာက မိန်းကလေးတွေဖြစ်နေလို့ ပဲ .။ဒါကြောင့်မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး .။
အရေးကြီးတယ်လို့ ပြောချင်တာ  .။ နောက်ဆုံးပြောချင်တာကတော့မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး.။
သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမပေးခဲ့ကြရမယ် .။ ဒါမှကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်တဲ့.။
သားသမီးလေးတွေ  ဖြစ်လာကြမှာ .။ အခုလိုဖြစ်ချင်တာဖြစ်ကုန်ကြတာကလည်း   ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုးမရှိကြလို့ ပဲ.။
အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း  သွန်သင်ဆုံးမမခံခဲ့ကြရလို့ ပဲ .။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုသလို အနာဂတ် တို့ တိုင်းပြည်ကိုလွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ .။
ကိုယ်ကျင့်သီလကိုတန်ဖိုးထားတဲ့ .။  ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ .။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့  လူငယ်လူရွယ်လေးတွေ .။
များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် .။.။.။.။.။.။.။.။.။.။ သူငယ်ချင်းအားလုံးကို
                                                                                ချစ်ခင်လေးစားလျှက်
                                                                                ကိုမောင်မောင်
မှတ်ချက်။    ။ဖတ်ခဲ့ရတာကောင်းလို့ သူငယ်ချင်းတွေကိုလဲဖတ်စေချင်လို့ပါ.....
 
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:448543