Sunday, March 4, 2012

အိမ်ထောင်ရေးဟူသည်





  • “အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ပါတယ်။ အိမ်ထောင်သည် အဖြစ်နဲ့ တစ်သက်ပတ်လုံး ပျော်ပျော်ရွှင်ရွှင် နေတာ ကတော့ ထိပ်တန်း အနုပညာ များ နဲ့တန်းတူ ရှိသင့်ပါတယ်” ဟူသော အိမ်ထောင်ရေး ဆိုင်ရာ အဆို အ မိန့် တစ်ခု ကို ရောဘက်ဖလက်ခ် (Robert Flack) က ဖွင့်ဆိုခဲ့သည်ကို ကျွန်တော်သတိ ရနေသည်။ အိမ် ထောင်ရေးသည် သူစိမ်းများ ကို မိသားစု ဆွေမျိုးများ အဖြစ်သို့ ရောက်ရှိစေသော အတွေးအခေါ် အမြင် တစ်ရပ်ကို ဒေးဗစ်မာရေး (David Murray) က ယခုလို ရှင်းပြထားသည်။
    အိမ်ထောင်မပြုသူ များပြားခြင်းသည် ဘေးဒုက္ခအလား အလာ အမှတ်လက္ခဏာကို လှစ်ဟပြသည်ဟု မနုဿဗေဒ ပညာရှင်များ က ယူဆထားသည်။ လူမှုးရေး အသိုက်အမြုံတိုင်း ကို အိမ်ထောင်ရေးပေါ်တွင် တည်ဆောက်ထားသည်။ ယင်းသည် သူစိမ်းများကို ဆွေမျိုးသားချင်း ဖြစ်စေသည်။ ရန်လိုသော ပြင်ပပုဂ္ဂိုလ်များအား မယားဖက်၊ လင်ဖက် ဆွေမျိုး များ ဖြစ်စေသည်။
    အာဖရိကတိုက်တွင် ဆိုရိုးစကား တစ်ခုရှိသည်။ “သူတို့ဟာ ကျွန်တော်တို့ ရန်သူတွေဖြစ်တယ်၊ ဒါကြောင့်သူတို့ကို ကျွန်တော်တို့ ထိမ်းမြှားလက်ထပ်ယူတယ်” ဟု ဆိုရိုးစကားပင် ဖြစ်သည်။
    အိမ်ထောင်ရေးသည် မိသားစုအား ယင်းတို့၏ စီးပွားရေး ၊ ငွေပင် ငွေရင်းကို တိုးစေသည်။ ထို့အပြင် ပို၍ အရေးကြီးသည့်အချက် ဖြစ်ကောင်းဖြစ်နိုင်သည် မှာ လူမှုရေး အရင်း အနှီးများ တိုးတက်စေသည်။ သင်နှင့်ဇနီး၏ ဦးလေးတို့သည် တစ်ဦးနှင့်တစ်ဦး နှစ်သက် ချင်မှ နှစ်သက်ပေမည်။ သို့သော် အိမ်ထောင်ရေးသည် အတုန့်အပြန်တာဝန် ၀တ္တရား ရှိစေသည်။ သင်သည် တစ်စိတ်တစ်ပိုင်းအား ဖြင့် အခြားသူ တို့၏ ဖူလုံရေး အတွက် တာဝန်ရှိသည်။

    ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

    No comments: