Wednesday, April 4, 2012

ညီညွတ်ခြင်း ၏ အင်အား ...



By July Born in July · 
 
ညီညွတ်ခြင်း ၏ အင်အား ...


မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပေါင်းစုနေထိုင်တဲ့ နိုင်ငံဖြစ်သလို တောင်တန်းဒေသ
တွေဟာလည်း စိမ်းလမ်းစိုပြေပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ရှမ်း
ကချင်ကရင် ကယား ရခိုင် မွန် ချင်း မြန်မာစသည့် လူမျိုးပေါင်းစုံ စုဝေးတဲ့ မြန်မာနိုင်ငံမှာ
နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြတာဖြစ်ပါတယ်။


 ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် တောင်တန်းဒေသတွေ ကိုညီညွတ်ရေးရယူ ပေးခဲ့
တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်ရင်းဒေသတွေမှာ တိုင်းရင်သားတွေ
နဲ့ ချစ်ခင်ရင်းနှီးမှု ရယူခဲ့ပုံတွေကို သမိုင်းဓါတ်ပုံတွေက သက်သေပြနေပါတယ်။ တိုင်းရင်းသား
လူမျိုးစုများရဲ့ ဝတ်စုံ ရိုးရာအက ဘာသာစကားများမှ ချစ်စရာကောင်းလောက်အောင် စာရေး
ဆရာကြီးများက အမွန်းတင်လေ့ရှိပါတယ်။တိုင်းရင်းသားတွေဟာ ရိုးသားတယ်လို့ တောင် ဆို
ခဲ့ဘူးပါတယ်။

ယနေ့ ခတ်မှာတော့ ဒုတိယ လွတ်လပ်ရေးလို့ ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီရရှိရေးကို ပြည်သူလူ
ထုနဲ့ အတူတိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်မှန်တဲ့ ဒီမိုက
ရေစီရရှိရေးအတွက် ၁၉၈၈ မှ ယနေ့ အချိန်အထိ စစ်အာဏာရှင်လက်အောက်မှာ ရဲရဲဝင့်ဝင့်
ကြံကြံခံပြီး ရိုးသားခြင်း ဖြောင့်မှတ်တည်ကြည်ခြင်း ဇွဲလုံးလ၀ရိယရှိခြင်းတို့ ဖြင့် တိုင်ပြည်၏ 
စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ဘ၀ကိုအနှစ်နာခံကာ ခေတ်နှင့်လျောကန်သင့်မြတ်သော
တိုင်းပြည်နှင့်လူမျိုးအားလုံး နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးကို ဦးတည်ကာ နှလုံးရည်
တိုက်ပွဲကို ၂၃ နှစ်တိုင်တိုင် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ကြမ်းတမ်းလှတဲ့ မြန်မာ့စစ်အာဏာရှင်စနစ်၏ ခရောင်လမ်းကိုလျှာက်လှမ်းရသည်မှာ ကြာ
မြင့်လာနေပြီဖြစ်လို့  ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် နည်းအမျိုးဖြင့်
မြန်မာနိုင်ငံ တိုင်းရင်းသားအာလုံး၏ လွတ်မြောက်ရာလမ်းကို နေ့ မအားညမအား ကိုယ်ရော
စိတ်ပါ အပင်ပမ်းခံ၍ လျှောက်လှမ်းနေရတယ်လို့  ပြောရင်မှားမည်မထင်ပါ။တိုင်းရင်းသား
အရေးဟာ နိုင်ငံအရေးပါ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးမရဘဲ ဒီမိုကရေစီဆိုတာ မဖြစ်နိုင်
ပါ။

တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်အရေးရဖို့  ငြိမ်းချမ်းရေးဆိုတဲ့ လမ်းကိုလျှောက်နိုင်
ဖို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ တိုင်းရင်းသားအခြား စေ့စပ်ဖြေ
ရှင်းနိုင်ဖို့  တာဝန်ပေးလာရင်အဆင်သင့်ပါလို့  ကမ်းလှမ်းထားပါတယ်။ဒါဟာ အဓိကကျနေ
နေပါတယ်။လူမျိုးပေါင်းစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အမျိုးစုတွေလွတ်လပ်မှ အဓိပ္ပါယ်ရှိမှာ။

လွတ်လပ်ဖို့ ဆိုရင် တဦးတည်း တဖွဲ့ တည်းဆောင်ရွက်လို့ မရပါဘူး တိုင်းရင်းသားတွေ လွတ်
မြောက်ဖို့ အတွက် ရှမ်း ကချင် ကရင် ရခိုင် စတဲ့ လူမျိုးစုလွတ်မြောက်ရေးကို ကျိုးစားလာခဲ့
တာ အနှစ် ၅၀ နီးနေပါပြီး အောင်မြင်မှုမရရှိသေးဘဲ ယနေ့ အချိန်အထိ တိုင်းရင်းသား
တွေတိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရလို့  ပြည်သူတွေ ဒုက္ခဆင်းရဲရောက်နေကြရတာပါ။တိုင်းတပါး
အားကိုးလို့ လည်း ဘာမှဖြစ်မလာခဲ့ပါဘူး မှီတင်းနေထိုင်ကြသူအလုံး ညီညွတ်မှုရှိမှ အကျိုး
တူခံစားခွင့်ဆိုတာ ရရှိနိုင်မှာဖြစ်ပါတယ်။စည်းလုံးညီညွတ်ခြင်းရဲ့ ခွန်အားဟာ ဘယ်အရာမှမခံ
နိုင်ပါ ပြည်သူတွေ လူမျိုးစုမခွဲခြားကြဘဲ တိုင်ပြည်လွတ်လပ်ရေးအတွက် ညီညွတ်မှုအင်အားနဲ့ 
ပြနိုင်မှသာ နှလုံးရေတိုက်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။

မြစ်ဆုံကလည်း ညီညွတ်မှုကိုပြခဲ့ပါပြီ ညီညွတ်မှုဆိုတာ ခွဲခြားမှုမရှိဘဲ စုပေါင်းပါဝင်ခြင်းရဲ့ ရလဒ်
ပါ။စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်ရင် စုပေါင်းပါဝင်တဲ့ စိတ်ဓါတ်ကိုမွေးမြူကြရပါမယ်။သူသာ
တယ် ငါနာတယ် သူခေါင်းဆောင် ငါခေါင်းဆောင် မဖြစ်စေရပါ။တိုင်းရင်းသား တရုတ် ကလား
မြန်မာ ရယ်လို့  မခွဲခြားဘဲ အတူ တကွ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျိုးစားမှအောင်မြင်မှာ
ဖြစ်ပါတယ်။

အတူတကွ ပူးပေါင်းနေထိုင်ရေးက အဓိကကျပါတယ်။လူမျိုးရေးခွဲခြားမှုဆိုတာ ညီညွတ်ရေး
တည်ဆောက်နေတဲ့အချိန်မှာ မရှိသင့်တော့ပါဘူး။အသားအရောင်ခွဲခြားမှု ပြောက်ပျယ်ခဲ့တာ
အနှစ် ၅၀ ကျော်လာပါပြီ ခေတ်နှင့်အညီအတွေးအခေါ်တွေ ပြုပြင်ပြောင်လဲပြီး တန်းတူညီမျှ
နေထိုင်နိုင်ရေးဟာ လူ့ အခွင့်အရေးပါ။လူ့ အခွင့်အရေးအပြည့် အ၀ရရှိဖို့ လိုအပ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က“ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးလို့ 
Forum 2000 အဖွဲ့က ဒီနှစ်အတွက် ခေါင်းစဉ် ရွေးထားတာဟာ တကယ့်ကို တိုက်တိုက်
ဆိုင်ဆိုင်ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ပထမခြေလှမ်း 
အဖြစ် တရားဥပဒေ စိုးမိုးရေးဟာ သိပ်ကိုအရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) နဲ့ ကျမ ကိုယ်တိုင်က ထပ်တလဲလဲ ပြောနေကျစကားမို့လို့ ပါလို့ ပြောဆိုပါတယ်။ 

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုတွေ 
ရဖို့အတွက် လူတိုင်းတရားမျှတမှုနဲ့ တန်းတူရည်တူရှိလာမယ့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ 
လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီ တရားဥပဒေ စိုးမိုးမှု ရှိပါတယ်လို့ ပြောနေတာ

ထက် တကယ် ကိုယ်တိုင် ခံစားကြရတာမျိုး ဖြစ်လာဖို့ လိုအပ်တယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
“နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် 
လိုသည်” ဟု စာရေးဆရာကြီး ဒဂုန်တာရာကပြောကြားခဲ့ဘူးသည်။ “ဗမာပြည်ရဲ့
ကောင်းကျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရှိမှ ဖြစ်မယ်။ ငြိမ်းချမ်းရေး
လိုတယ်။ နိုင်ငံရေး လုပ်တာမှာလည်း ငြိမ်းချမ်းရေး ရှိရမယ်။ ကျန်တဲ့ စာပေ၊ အနုပညာ၊ 
စီးပွားရေး ဘက်တွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားကြဖို့ ပြောတယ်။ ငြိမ်းချမ်း

ရေးအတွက် အရေးအကြီးဆုံးကတော့ ညီညွတ်ရေး လိုအပ်တယ်လို့ သူပြောဘူးပါတယ်”။ 

SSA-S ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် က“တစုတစည်းထဲ တိုက်တဲ့အခါကျတော့ 
စစ်အစိုးရအနေနဲ့ မတိုက်တဲ့ကောင်နဲ့ နားလည်မှုလုပ်ထားပြီး တိုက်တဲ့ကောင် အတင်းဖိ
ဆိုတဲ့ စစ်ရေးကစားတာတို့၊နိုင်ငံရေးကစားတာတို့ မလုပ်နိုင်တော့ဘဲ တကယ့်ကိုတိုင်းရင်း
သား ညီညွတ်ရေးနဲ့တိုင်းပြည် အတွက် နိုင်ငံရေးအဖြေရှာမှုနဲ့ စစ်မှန်တဲ့ အင်အားကို 
ထိရောက်နိုင်တာပေါ့”လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် ဂျော်နီ(KNLA)က ကျနော်တို့တွေ ညီညွတ်ရမယ်။ ကျနော်တို့တွေ တယောက်
နဲ့ တယောက် နားလည်ရမယ်၊ လေးစားရမယ်။ ရန်သူက သွေးထိုးလာတာတွေကို ဘာမှ 
နားထောင်နေစရာ မလိုဘူး။ ကျနော်တို့ ချစ်ချစ်ခင်ခင် လုပ်ကိုင်မယ်ဆိုရင် ကျနော်တို့ 
လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပဲ။ 

ထို့ ကြောင့် ညီညွတ်မှုရဲ့ အင်အားဟာ အမှန်တကယ် မြန်မာနိုင်ငံမှာ လိုအပ်နေချိန်မို့ 
ရှမ်း ကချင် အရင် ကယား ရခိုင် မြန်မာ မခွဲခြားဘဲ ဗိုလ်ချုပ်ပြောခဲ့တဲ့ (တိုင်းရင်းသား
ညီအကို မောင်နှမတွေ ရင်းနှီးချစ်ကြည်စွာဖြင့်)ငြိမ်းချမ်းရေး၏ ပန်းတိုင်သို့ ညီညွတ်ရေး
ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်တဲ့ဒီမိုကရေစီရရှိရေးအတွက် အကောင်အထည်
ဖေါ်ဆောင်ကာ လက်တွေ့ ပြကြပါစို့ လို့  တိုက်တွန်းအပ်ပါသည်။

ရဲရင့်ကို